ပါးရိုးခွဲစိတ်ချင်နေတဲ့ နန်းသီရိမောင်

ရန်ကုန် ဇန်နဝါရီ ၆-၂၀၁၉

Sexy ပုံလန်းလန်းလေးတွေကြောင့် ပရိတ်သတ်စိတ်စားခြင်းခံရတဲ့ မော်ဒယ်လ်အဆိုတော် နန်းသီရိမောင်ကတော့  နန်းလေး ခုမျက်နှာပေါ်က ပါးရိုးကို ခွဲစိတ်ချင်နေတယ်လို့ ဆိုပါတယ်။

” နန်းကလှပအောင် ပြုပြင်လာတာကို ထောက်ခံပါတယ်။ မလှတော့တဲ့ မိန်းကလေးတွေ လှသွားတာ၊ ပိုပြီး လှလှဖြစ်သွားတာမြင်ရတာ ၀မ်းသာပါတယ်။ Filler ထိုးတာဆိုရင် နန်းနှုတ်ခမ်းကို ထိုးထားပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်။ ငယ်ငယ်လေးက နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်တာကို ရူးသွတ်ခဲ့တယ်။ နှုတ်ခမ်းတွေကို စုပ်ခွက်လေးနဲ့လည်း လုပ်ဖြစ်ပါတယ်။ အခုကျတော့ ကိုယ့်အတွက်အန္တရာယ် မရှိတာကြောင့် ထိုးသွားတယ်”လို့ ဆိုပါတယ်။

သူမကတော့ ”အချစ်ကဘာလဲ” တစ်ကိုယ်အခွေထွက်ထားသလို ဒုတိယတေးအယ်လ်ဘမ် ထွက်ဖို့လည်း သီချင်းတွေ စုနေတယ်လို့သိရပါတယ်။

ဟော့နေတဲ့ ဓာတ်ပုံလန်းလန်းတွေ ပတ်သက်ပြီးတော့ ” နန်းနန်းရဲ့ ပုံလေးတွေ ဟော့ခဲ့တာကတော့ ပရိသတ်အကြိုက်ပေါ့နော်။ ဟော့တဲ့အချိန်လည်း ဟော့ မယ် ၊ စမတ်ဖြစ်တဲ့အချိန်လည်း စမတ်ဖြစ်မယ်။ Sexy ဆိုရင်လည်း Sexy ပေါ့။ နန်းနန်းတို့လေ လှလှပပကျန်းကျန်းမာမာ မိန်းမတစ်ယောက်ရဲ့ လှလှပပ Body အချိုးအစား နဲ့ အသက်အရွယ် ကို ပိုင်ဆိုင်ထားချိန်မှာ သူအလှအပကို ပြသင့်ထင်လို့အချိန်မှာ ပြတယ်လို့ ထင်ပါတယ်။ကိုယ့် ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ကလည်း အရမ်းအရေးကြီးတယ်လေ။ Confidence ရှိမှ ဘယ်အရာ ကိုလုပ်လုပ် ၊ဘယ်လိုအလုပ်ပဲလုပ်လုပ် အဆင်ပြေမှာပါ”လို့ဆိုပါတယ်။

ဝေဖန်မှုရှိလာတဲ့ရှိကြတဲ့အတွက် နန်းနန်းကတော့ ဝေဖန်မှုတွေရှိလာရင်လည်း အကောင်းမြင်တဲ့ဘက်ကပဲ ကြည့်ဖြစ်ပါတယ်။  ဘောလိဝုဒ်၊ဟောလိဝုဒ်မှာရော နည်းပယ်အသီးသီးတိုင်း အဆိုးအကောင်းဝေဖန်မှုတာ ရှိတယ်။ မ ကောင်းမှု ဝေဖန်မှုတွေကလည်း နန်းအတွက် အထောက်အကူဖြစ်စေပါတယ်။အဲကြောင့် နန်းက ကောင်းတာ ပဲဖြစ်ဖြစ် ၊ ဆိုးတာပဲဖြစ်ဖြစ် နန်းလက်ခံပါတယ်သွားလို့သိရပါတယ်။

#voiceofmyanmar #နန်းသီရိမောင်

Related posts

Leave a Comment

VOM News

FREE
VIEW