”ချစ်သူကို အနုပညာလောကထဲက ရွေးချယ်မယ့် ရွှေသမီး ”

ရန်ကုန် ဇန်န၀ါရီ ၁၅-၂၀၁၉

သင်းသဒ္ဒါ (VOM)

ပရိသတ်က ချစ်စနိုးနဲ့ အရုပ်မလေးတူတယ်လို့ ပြောကြတဲ့ သရုပ်ဆောင် ရွှေသမီးကတော့ ချစ်သူကွို အနုပညာလောက သူကိုရွေးချယ်ရင် အဆင်ပြေမယ်လို့ဆိုပါတယ်။

” ကိုယ်တွေ အနုပညာလောကထဲက ဆိုတော့ နားလည်မှုရှိပြီးကိုက်မယ်လို့ ထင်ပါတယ်။ အဲမျိုးသား မျိုးကို မျှော်လင့်ပါတယ်။ ဖူးစာပါရာပေါ့ ၊ ကံတရား အရပေါ့။တကယ်ဖူးစာမှန်တဲ့ သူပေါ့။ သူလည်းချစ်ရမယ် ကိုယ်လည်း ချစ်ရမယ့်သူပေါ့။ဒါဆိုရင် ပိုစဉ်းစားမယ်”လို့ဆိုပါတယ်။

သူမကတော့ ဇန်န၀ါရီ ၂၅ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ သားညီ ရိုက်ထားတဲ့ ”လေးပါးကျော့ရှိန် ၀ရဇိန်” ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း ၊မင်းမော်ကွန်း၊မင်းသွေး၊စည်ဖြိုး၊ပိုင်ဖြိုးသုတိုနဲ့ အတူပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

အနုပညာလောကက မောင်နှမတွေရဲ့ မင်္ဂလာဆောင်တွေ တက်တဲ့အပေါ်  ”ကိုယ့်က မင်္ဂလာဆောင်ရင်တော့အားကျမပါတယ်။ ကိုယ့်ကလည်း မိန်းကလေးဖြစ်တဲ့အတွက်ပေါ့။ တနေ့နေ့ တချိန်ချိန် မှာ ဒါမျိုးတွေက ကြုံရမှာပဲလေ။ မင်္ဂလာဆောင်တွေ သွားရင် စိတ်ကူးယဉ်ပြီးတော့ အတွဲတွေကို ကြည့်ဖြစ် ပါတယ်။ ကိုယ့် တကယ်မင်္ဂလာဆောင်ရင် ရိုးရိုးရှင်းရှင်းလေးနဲ့ ပြီးသွားမယ့် ပွဲမျိုးလေး ကျင်းပချင်ပါတယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ #ရွှေသမီး facebook

#voiceofmyanmar#ရွှေသမီး

Related posts

Leave a Comment

VOM News

FREE
VIEW