ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် ဇာတ်ကားမှာ ပြည့်တန်ဆာအဖြစ် သရုပ်ဆောင်ရမယ့် ပွင့်နဒီမောင်

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉

သင်းသဒ္ဒါ

အနုပညာလောကထဲကို ဒုတိယအကြိမ်ပြန်လည် ဝင်ရောက်လာတဲ့ မှဲ့လေးနဲ့မင်းသမီး ပွင့်နဒီမောင်ကတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပြည့်တန်ဆာတစ်ယောက်အဖြစ်မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

” ပိုးအိ ဘယ်လိုဇာတ်ရုပ်ပဲဖြစ်ဖြစ် လုပ်ဖို့စဉ်းစားထားတယ်။ ဦးဆာမိနဲ့ ရိုက်မယ့်ကားဆိုရင် ပိုးအိက ဖာပေါ့။ ကိုယ့်က တကယ်လို စုတ်ပြတ်သတ်နေတဲ့ ကြက်ပေါ့”လို့ဆိုပါတယ်။

သူမတော့ လက်ရှိမှာ MRTV-4နဲ့ ”မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန ” ”ကြယ်ကလေးရဲ့ကောင်းကင်” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူး နေသလို ရုပ်ရှင်ဇာတ်ကားတွေ လည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

အဲလို ကာရိုက်တာ တစ်ခုကို ရိုက်ကူးဖြစ်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး ” ခုနောက်ပိုင်း ပရိသတ်ရဲ့ အမြင်တွေ တော်တော်လေးပြောင်းလာပြီးလည်း ဖြစ်တယ်။ ကိုရီးယားကားတွေ ကြောင့် ဗန့် (ဗီလိန်)ဆိုရင် ပရိသတ်စိတ်က တမျိုးမြင်ကြတယ်။ ပိုးအိ ဗန့်ကိုမရိုက်ချင်တာက ပရိသတ်မုန်းမှာ ကြောက်လို့ပါ။ ကာရိုက်တာအရ လုပ်ကွက်ရှိတာကိုတော့ သိပါတယ်။ ပရိသတ်ကိုယ်တိုင်က ဗန့်ကိုလက်ခံလာလို့ပါ။ ပိုးအိ ဒီကာရိုက်တာအတွက် စိတ်ပူမှုမရှိပါဘူး”လို့ဆိုပါတယ်။

ဒုတိယအကြိမ် အနုပညာအလုပ်တွေကို ပြန်လုပ်တာမို့ Masquerade ဖြစ်တာရော ၊ တကယ် သရုပ်ဆောင်အလုပ်ကို ၀ါသနာပါတာ သေချာသွားတဲ့ အတွက် ဘယ်ကာရိုက်ဖြစ်ဖြစ် ပိုးအိရိုက်ချင်တယ်။ကြိုးစားလုပ်ဆောင်ဖို့ ရှိပါတယ်လို့ သိရပါတယ်။

‘ ပိုးအိက နာမည်ကြီးချင်လို့ ဒီအနုပညာကို လုပ်တာ မဟုတ်ပါဘူး။ အောင်မြင်မှု တစ်ခုရချင်လို့ ဒီအနုပညာကို လုပ်ဆောင်တာပါ ။ အောင်မြင်မှုဆိုတာ ဘယ်လို နေရာမှာပဲဖြစ်ဖြစ် ရေရှည် အချိန်အကြာကြီးရပ်တည်ဖို့အတွက် လိုက်ဖြစ်ပါတယ်။ နာမည်ကြီးတယ်ဆိုတာကတော့ အကြောင်း အမျိုးမျိုးကြောင့် နာမည်ကြီးချင်လို့လည်း ရပါ တယ်။ ပိုးအိက အနုပညာတစ်ခုအောင်မြင်ချင်တာပါ။ အနုပညာကို ၀ါသနာပါတာမို့ ကိုယ့်ရဲ့ ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ပရိသတ်ရဲ့စိတ်နဲ့ ကိုယ့်လုပ်ဆောင်မှုနဲ့ တစ်ထပ်တည်းကျရင်တော့ ပေါက်တယ်ပြောလို့ရသလို ပိုးအိအတွက် အောင်မြင်တယ်လို့ ပြောလို့ရတာပေါ့”လို့ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW