ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးသံတမန် ခီမောင်နှံ တို့ရဲ့ ပထမဆုံးလှုပ်ရှားမှု

ရန်ကုန် ဇန်န၀ါရီ ၂၁-၂၀၁၉

TGH (VOM)

မကြာသေးခင်က မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံ ထားရတဲ့  ဇာဏ်ခီနှင့် ခရစ္စတီနာခီ မောင်နှံတို့က သူတို့ရဲ့သံတမန်ပထမဆုံး လှုပ်ရှားမှုအဖြစ် The Yangon Steps 2019 ပွဲကိုစတင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ဒီပွဲမှာ ရန်ကုန်မြို့ရဲ့ မဟာဗန္ဓုလပန်းခြံကနေ ပန်းဆိုးတန်း၊ဘိုကလေးဈေး၊ကုန်သည်လမ်း တောက်လျှောက်မှာရှိတဲ့ ကိုလိုနီခေတ်လက်ရာအဆောက်အအုံတွေ ၊ရှေးဟောင်းအဆောက်အအုံတွေအကြောင်းကို ရှင်းလင်းပြောပြမည်ဖြစ်ပြီး ဒါဟာ ပြည်တွင်းပြည်ပခရီးသွားဧည့်တွေထံ ရန်ကုန်မြို့ရဲ့ ဆွဲဆောင်မှုရှိတဲ့နေရာတွေကို ချပြခြင်းလည်းဖြစ်တယ်လို့ ပြောပါတယ်။

The Yangon  Steps နဲ့ပတ်သက်ပြီး ဇဏ်ခီက ” များသောအားဖြင့် မြန်မာနိုင်ငံကိုလာရင် ရန်ကုန်ကနေလာကြတယ်။ရန်ကုန်မှာဆိုရင်လည်း ရွှေတိဂုံဘုရားကိုပဲ သွားတာများတယ်။ရန်ကုန်မှာ ဒီထက်ပိုပြီး ဆွဲဆောင်မှုကောင်းတဲ့နေရာတွေ တော်တော်များများရှိတယ်။ ဒီနေရာတွေကို ပရိုမို့လုပ်ချင်တာလည်းပါတယ်။ ချပြချင်တယ်။ ရုပ်ရှင်ထဲမှာလည်း ထည့်ရိုက်ဖို့အမြဲကြိုးစားတယ်။ ခု Ambassador Position နေရာကနေ တတ်နိုင်သမျှပြည်တွင်း ၊ ပြည်ပအတွက်ရော မားကက်တင်းဆင်းသွားပါမယ်”လို့ ဆိုပါတယ်။

အဆိုပါ yangon steps လမ်းလျှောက်ပွဲသည် ၄.၃ကီလိုမီတာ ၊ အချိန်အားဖြင့် ၁ နာရီခွဲ ဝန်းကျင်ကြာမြင့်မှာဖြစ်ပြီး ခြေလှမ်းပေါင်းဆိုရင် တစ်သောင်းကျော်လျှောက်ရမယ်လို့သိရပါတယ်။

Tourism Marketingဟာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတဲ့အတွက်  ခရီးသွားလုပ်ငန်းဈေးကွက်ကို ဂရုတစ်စိုက်နဲ့ စနစ်တကျလုပ်ဆောင်ရန်လိုအပ်သလို နိုင်ငံငြိမ်းချမ်းဖို့လည်းလိုတယ်လို့ ဆိုပါတယ်။the yangon steps ပွဲကို လာမယ့် ဇန်ဝါရီလ ၂၆ ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။

“ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ အပြင်ကပိုက်ဆံလိုတယ်။ အပြင်က ပိုက်ဆံအတွင်းကို ၀င်လာဖို့ဆိုရင် မားကက်တင်းကအရမ်းအရေးပာတယ်။ကိုယ့်နိုင်ငံကလည်း တိုးတက်မှုရှိရမယ်။သူတို့ပိုက်ဆံ ကိုယ့်ဆီရောက်နိုင်တဲ့ မားကက်ဖြစ်လို့ ဒီလုပ်ငန်းဟာ မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းတစ်ခုလို့သတ်မှတ်တာကြောင့် ဒီလုပ်ငန်းကိုလက်ခံဖြစ်ခဲ့တယ်။ငြိမ်းချမ်းမှုလည်းရှိရမှာပေါ့”လို့ Tourism Market နဲ့ပတ်သက်ပြီး ခရစ္စတီနာခီကပြောပါတယ်။

ခရီးသွားလုပ်ငန်းကို ချစ်မြတ်နိုးသူ ၊  Public  ကို Positively Influencer  ကောင်းကောင်း လုပ်ဆောင်နိုင်မယ့် လူမျိုးကိုသာ သံတမန်အဖြစ် အဓိကထားရွေးချယ်ခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းမှ ဒေါ်မေမြတ်မွန်ဝင်းကဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ  Tourism Ambassador အဖြစ်  အောင်လအန်ဆန်း ၊ မိုရီဆာကီဝင်း အပါအ၀င် ဂျပန်နိုင်ငံသားတစ်ဦး ၊ ယခု ဇဏ်ခီ၊ ခရစ္စတီနာခီ တို့ကို ခန့်အပ်ထားပြီးဖြစ်ပါတယ်။

#voiceofmyanmar#ခရစ္စတီနာခီ#ဇဏ်ခီ# TourismAmbassador#ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးသံတမန်

 

Related posts

Leave a Comment

VOM News

FREE
VIEW