၂၀၀၈​ခြေဥ ပယ်​ဖျက်​​ရေး စတစ်​ကာ ကမ်​ပိန်း မန္တလေးမှာ ပြုလုပ်

မန္တ​လေး၊ ဇန်​နဝါရီ ၂၂-၂၀၁၉

ဟိန်းကို(VOM)

မန္တ​လေးမြို့မှာ မ​နေ့ညပိုင်းက `၂၀၀၈​ခြေဥအလုပ်​မဖြစ်​အမြန်​ဆုံးဖယ်​ရှားပစ်​´ဆိုတဲ့ စာတန်းနဲ့ စတစ်​ကာ​တွေကို ၇၃လမ်း နဲ့ ၃၅လမ်း​ဒေါင့်​ မီးပွိုင့်​က​နေ စပြီး လမ်းလယ်​မီးတိုင်​​တွေမှာကပ်​ကာ ကမ်​ပိန်းပြုလုပ်​ခဲ့ပါတယ်​။

” နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ နဲ့ သမ္မတ ကိုယ်​တိုင်​က ​ခြေဥကို ပြင်​ဖို့လုပ်​​နေတဲ့အချိန်​ ကျွန်​​တော်​တို့က ပြည်​သူတစ်​​ယောက်​အ​နေနဲ့ ဒီ​ခြေဥ ကို ပြင်​​စေချင်​လို့ ဒီအ​နေအထားကို ပြည်​သူ​တွေအားလုံးသိ​စေချင်​လို့ ခုလို ကမ်​ပိန်းလုပ်​ဖြစ်​တာပါ” လို့ စတစ်​ကာ ကမ်​ပိန်းပြုလုပ်​တဲ့ ကိုသဲနှစ်​​အောင်​ က ​ပြောပါတယ်​။

ခုလို စတစ်​ကာကမ်​ပိန်းပြုလုပ်​ထားတာကို မ​နေ့ညက သက်​ဆိုင်​ရာ အုပ်​ချုပ်​​ရေးအဖွဲ့ နဲ့ ရဲတပ်​ဖွဲ့ဝင်​​တွေက ကပ်​ထားတဲ့ စတစ်​ကာ​တွေကို လိုက်​လံခွာပြီး သိမ်းဆည်းမှုပြုလုပ်​ခဲ့ပါတယ်​။ ” အာဏာပိုင်​အဖွဲ့အစည်း​တွေက လာ​ရောက်​​မေးမြန်းစုံစမ်းမှု​တွေ​တော့ မရှိဘူး ကျွန်​​တော်​တို့က ပြည်​သူတစ်​​ယောက်​အ​နေနဲ့ ပြည်​သူ​တွေရဲ့ ဆန္ဒအတိုင်း ပြည်​သူ​တွေရဲ့လွတ်​လပ်​ခွင့့် အ​ခြေခံဥပ​ဒေထဲမှာ ပါတဲ့အတိုင်း လုပ်​တဲ့အတွက်​ သိပ်​​တော့ ​ရှော့မရှိဘူး”လို့ ကိုသဲနှစ်​​အောင်​ က ​ပြောပါတယ်​။

မ​နေ့က စတစ်​ကာ ၃၀၀​ကျော်​ကို ၇၃လမ်းနဲ့ ၃၅လမ်း​ဒေါင့်​ ၊ လမ်း ၃၀ ၊ သိပ္ပံလမ်း ၊ ၆၂လမ်း နှင့်​မ​နော်​ဟရီလမ်း ထိ စတစ်​ကာ​တွေကပ်​ပြီး ကမ်​ပိန်းပြုလုပ်​ခဲ့ကာ အခြား​သောမြို့များ နဲ့ မြို့နယ်​များကို ပြုလုပ်​ရန်​လည်း စီစဉ်​ထားတယ်​လို့ သိရပါတယ်​။

#voiceofmyanmar#ခြေဥပယ်ဖျက်ရေးကမ်ပိန်း

Related posts

Leave a Comment

VOM News

FREE
VIEW