ရုရှားသမ္မတပူတင်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနေ

မော်စကို၊ ဇန်န၀ါရီ-၂၃-၂၀၁၉

မျိုးဆက် (VOM)

ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ရုရှားပြည်သူတွေရဲ့ ယုံကြည်မှုဟာ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနေတယ်လို့  ရုရှားနိုင်ငံ ပြည်သူ့ဆန္ဒ သုတေသနဌာနရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတပူတင်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ ၃၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဒီလို ယုံကြည်မှု ကျဆင်းတာဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ထောက်ခံမှုအနည်းဆုံးဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလို ယုံကြည်မှု ကျဆင်းလာတာကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီး လွန်ခဲ့တဲ့ မတ်လက နောက်ထပ်ခြောက်နှစ်တာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့တဲ့ ပူတင်အတွက် ချက်ချင်း သက်ရောက်မှုမရှိပေမယ့် သမ္မတရာထူးအတွက် ရေရှည်ယှဉ်ပြိုင်ပွဲတွေအတွက် နောင်တစ်ချိန်မှာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ပူတင်အပေါ် ယုံကြည်မှုနှုန်းက ၇၁ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရောက်ရှိခဲ့တယ်လို့ စစ်တမ်းက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်သမ္မတ ရွေးကောက်ပွဲမှာ ပူတင်အပေါ်  အများပြည်သူ ယုံကြည်မှုနှုန်း ၅၅ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပြီးနောက်ပိုင်း သုံးလအတွင်း ၃၈ ဒသမ ၃ ရာခိုင်နှုန်း ဆိုးရွားစွာ ကျဆင်းလာခဲ့ကာ ၂၀၁၈ ခုနှစ်အကုန်မှာတော့  ၃၆ ဒသမ ၅ ရာခိုင်နှုန်း အထိကျဆင်းခဲ့တယ်လို့ သိရပါတယ်။

Ref : Reuter

Photo : Reuter

#voiceofmyanmar#ပူတင်

 

Related posts

Leave a Comment

VOM News

FREE
VIEW