အချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတဲ့ မိုးစက်ဝိုင်

ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉

သင်းသဒ္ဒါ(VOM)

အလှမယ် လောကတဆင့် သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာတဲ့ မိုးစက်ဝိုင်ကတော့ အချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတယ်လို့ သိရပါတယ်။

” မိုးစက် အချစ်ရေးကတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီတိုင်း ဒီလိုပဲဖြေနေရလို့လည်း အားနာမိပါတယ်။ လောလောဆယ်တော့ တစ်ယောက်တည်းပါပဲ။ မိုးစက်ကိုယ်တိုင်က သူများထက် စဉ်းစားတာတွေ များတာကြောင့် တစ်ယောက်တည်းဖြစ်နေတယ်လို့ ထင်ပါတယ်။ အချစ်က ရှိရမယ်လို့လည်း မိုးစက် ခံယူမထားပါဘူး။ သူငယ်ချင်း အချစ်၊ မိသားစုအချစ်၊ မောင်နှမအချစ်တွေလည်း ရှိတာဆိုတော့ ဒါတွေကိုချစ်ပေးရဦးမယ်လို့ ခံယူထားမိ ပါတယ်”လို့ဆိုပါတယ်။

သူမရဲ့ အမြင်ကတော့ အချစ်ရေးတို့ အိမ်ထောင်ရေးဆို ဝေဖန်တယ်ဆိုတာကို မိုးစက်ဆိုလည်း မကြိုက်ဘူး။ တခြားသူတွေလည်း ကြိုက်တယ်မယ်လို့ မိုးစက်မထင်ပါဘူးဆိုပါတယ်။

‘မိုးစက်က ဟာသကားမှာ ပါဝင်ထားပါတယ်။ မိုးစက်ရဲ့ ပထမဆုံး ရုပ်ရှင်စရိုက်ကူးဖူးတဲ့ကားလည်း ဖြစ်တယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အရည်အချင်းတွေလည်း အပြည့်တော့ မရှိသေးဘူးပေါ့။ ဟာသရော၊ ဒရာမာ၊ ငိုတာလည်း မိုးစက်အတွက် အခက်အခဲတွေ ရှိပါတယ်။ တစ်ကြိမ်ထက် ပိုလုပ်ရတဲ့အခါမှာ ရီစရာပဲဖြစ်ဖြစ် တစ်နှစ်ကြိမ်တော့ လုပ်ဆောင်နိုင်ပေမယ့် နောက်ပိုင်းမုဒ်သွင်းရတဲ့အခါ ကိုယ့်တောင် မရီနိုင်တဲ့ အခက်အခဲတွေ ဖြစ်လာပါတယ်။မိုးစက်ရဲ့ အနုပညာတင်ဆက်မှု တစ်ခုအနေနဲ့ပဲ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ။ပက်ပက် စက်စက်ညှို့က ဇာတ်ကတစ်မျိုးပေါ့။ဟာသကားကလည်း ရိုက်ကူးထားတဲ့ ၃ နှစ်လောက်ကြာပြီဆိုတော့ မိုး စက် အတွက် စိုးရိမ်စိတ်တော့ ဖြစ်မိပါတယ်။အက်ရှင်ကားကို ကြိုက်ပေမယ့် ကိုယ့်တိုင်ရိုက်ကူးဖို့တော့ အခက် အခဲတွေ ရှိနိုင်ပါတယ်”လို့ဆိုပါတယ်။

သူမကတော့ မင်းမော်ကွန်း ၊ ပြေတီဦးတို့နဲ့အတူ ဟာသကားပုံစံ ရိုက်ကူးထားတဲ့ “သတ္တိရှိလောင်းမလား” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ဖို့ ရှိပါမယ်။ မိုးစက် ပြည်သူ့အကျိုးပြု တီဗီပရိုဂရမ်တစ်ခုမှာ Host လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်

ဓာတ်ပုံ -သင်းသဒ္ဒါ

#voiceofmyanmar#မိုးစက်ဝိုင်

Related posts

Leave a Comment

VOM News

FREE
VIEW