ဒုတိယအကြိမ် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် Rဇာနည်ဝင်ရောက်လာ

ရန်ကုန် – ဇန်ဝါရီ ၂၅၊ ၂၀၁၉

 

The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲကို  လာမည့်ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။

 

ဒုတိယအကြိမ် ပြိုင်ပွဲရဲ့  အကဲဖြတ်ဒိုင်လူကြီးစာရင်းမှာ အဆိုတော် လင်းလင်းနေရာ အစား အဆိုတော် Rဇာနည် ဝင်ရောက်လာတာဖြစ်ပါတယ်။ ကျန် ဒိုင်လူကြီးတွေက နီနီခင်ဇော် ၊ ရန်ရန်ချမ်း ၊ဟန်ထူးလွင် တို့ပဲဖြစ်ပါတယ်။

 

ဒီပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ဇွန်လ ၁၆ ရက်အထိပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကို လျှောက်ထားသူ ၈,၀၀၀ ရှိတယ်လို့လည်းဆိုပါတယ်။ ဒီthe voice myanmar ပွဲကိုMPT ကအဓိက ပံ့ပိုးကူညီထားပါတယ်။

 

“ အဆိုဘက်မှာ ဝါသနာပါတဲ့လူငယ်တွေ အတွက်တော့ တကယ်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်။ ရွက်ပုန်းသီး လူငယ်တွေဖော်ထုတ်တာလည်းဖြစ်တယ်။ ကိုယ်ပိုင် တေးစီးရီးအခွေထုတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီပွဲကတော့ နောက်ဆုံးအနိုင်ရသူက Universal Music Group နဲ့အတူ တေးစီးရီးထုတ်လုပ်ခွင့်ရရှိမှာဖြစ်တယ်”လို့  MPT-KSGM Joint Operations ရဲ့ စီးပွားရေးရာဌာနကြီးက အရာရှိချုပ် Mr. Reizo Umeda ကဆိုပါတယ်။

 

အသံပိုင်းစစ်ဆေးတဲ့ပုံစံကို နိုင်ငံတကာမှာပြုလုပ်နေတဲ့အတိုင်း   ကြည့်ရှုနေတဲ့ ပရိသတ်တွေအရှေ့မှာ   သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးဆုရရှိသူက Universal Music Group နဲ့တေးစီးရီးခွေ ထုတ်လုပ်ခွင့်နဲ့  ငွေကျပ်သိန်း နှစ်ရာချီးမြှင့်ခံရမှာပဲဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW