အသက်(၁)နှစ်ကျော်အရွယ် သမီးငယ်ကို ပထွေးလုပ်သူက မတော်မတရား ကြံစည်

 ထီးချိုင့် ဇန်နဝါရီ ၂၅-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စု အုတ်ဆုံကျေးရွာမှာ ဇန်နဝါရီလ (၂၁)ရက်နေ့က မိခင်ဖြစ်သူ ဈေးသွားနေတုန်း အိမ်မှာကျန်ခဲ့တဲ့ (၁)နှစ်(၄)လ အရွယ် သမီးငယ်ကို ပထွေးဖြစ်သူက မဖွယ်မရာပြုလုပ်ကာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာကြောင့် ကလေးငယ်ရဲ့ မိခင်က သူ့ရဲ့ နောက်ယောက်ျားကို ဇန်နဝါရီ(၂၄)ရက်နေ့မှာ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း  ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

မောင်းကုန်းကျေးရွာအုပ်စု အုတ်ဆုံကျေးရွာမှာ နေထိုင်တဲ့ မခင်ဝင်းကြည် ဟာ ဇန်နဝါရီ(၂၁)ရက်နေ့ည (၈း၀၀)နာရီ အချိန်ခန့် မောင်းကုန်းကျေးရွာ ဈေးကနေ အိမ်ကိုပြန်လာတဲ့အချိန်မှာ နေအိမ်အိပ်ခန်းအတွင်း က သမီးဖြစ်သူ  မ. . . (၁)နှစ်(၄)လ အရွယ် ကို ခင်ပွန်း (နောက်အိမ်ထောင်) ဇွဲနောင်စိုးက မဖွယ်မရာ လုပ်နေတာ တွေ့မြင်ခဲ့ရတာနဲ့ ပတ်သက်ပြီးအဲဒီကိစ္စကို သက်ဆိုင်ရာထံ တိုင်ကြားသင့် မတိုင်ကြားသင့် စဉ်းစားနေရာမှ  ဇန်နဝါရီ(၂၄)ရက်နေ့ ညနေ(၃း၄၅)အချိန် မှာတော့  ထီးချိုင့်မြို့မရဲစခန်းမှာ မခင်ဝင်းကြည် ကိုယ်တိုင်  တရားလိုလုပ်ပြီး သူ့အမျိုးသားကို အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။  ဒီကိစ္စထီးချိုင့်ရဲစခန်းတာဝန်ကျဝန်ထမ်းပြောပြတာက

“ ဟုတ်ပါတယ် ဇွဲနောင်စိုး (၃၀ – နှစ်) အုတ်ဆုံကျေးရွာ နေထိုင်သူကို အမှုဖွင့်ပြီးနောက် ချက်ခြင်းဖမ်းဆီးခဲ့တာပါ။ မောင်းကုန်းနယ်မြေ ရဲကင်းမှူး ရဲအုပ် စိုးလင်းက အမှုစစ်အဖြစ် ဆောင်ရွက်ထားတယ်” လို့ ဆိုပါတယ်။

ကလေးငယ်ကို မဖွယ်မရာပြုလုပ်သူ ဇွဲနောက်စိုးကို ထီးချိုင့်မြို့မရဲစခန်းက  (ပ)၂၉/၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆/၅၁၁ အရ အရေးယူဆောင်ရွက် ထားရှိတယ် လို့ သိရပါတယ် ။

#voiceofmyanmar#ထီးချိုင့်#သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW