အကယ်ဒမီပေးပွဲမှာ Star Award ဆုကို ဘုမသိဘမသိ ပေးတာမဟုတ်ဘူးလို့ ဆရာဟိန်းလတ်ဆို

ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉

သင်းသဒ္ဒါ (VOM)

မြန်မာနိုင်ငံ သတင်းစာရေးဆရာအသင်း MJA က ကြီးမှူးပြီးတော့ ၂၀၁၈ ခုနှစ် ရုပ်ရှင်ဇာတ်ကား တွေကို Star Award ဆုပေးမှာနဲ့ ပတ်သက်ပြီးတော့ သတင်းစာဆရာဟိန်းလတ်က တချို့လူတွေ ပြောသလို ဘုမသိဘမသိပေးချင် သလိုလျှောက်ပေးတာမဟုတ်ဘဲ သေချာစိစစ်ပေးမှာပါလို့ ဆိုပါတယ်။

တချို့တွေက သတင်းစာသမားတွေကပေးတယ်ဆိုပြီးတော့ ဝေဖန်နေတဲ့အပေါ်”ကျွန်တော်တို့ သတင်းစာဆရာဆိုတာ ဦးဝင်းငြိမ်း ၊ ဦးမြတ်ခိုင်၊ ကျွန်တော်ရော ရုပ်ရှင်လောကနဲ့ ထိဆက်နေတယ်။ စာနယ်ဇင်း လောက၀င်လာကတည်းက အကုန်နဲ့လည်း ရင်းနှီးတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေ ရေးဖြစ် တယ်။ ရုပ်ရှင်အညွှန်းတွေလည်း ရေးဖြစ်တယ်။ ကျွန်တော်တို့ ဒီအထဲမှာပါတဲ့သူအများစုက ရုပ်ရှင်အကြောင်းကို သိနေကြတယ်။ သတင်းစာ ဆရာ ရိုးရိုးမဟုတ်ဘူး။ ထို့အတူ ဂီတအကြောင်းနားလည်တဲ့ အင်္လကာဝတ်ရည်ကို မောင်မောင်အေးတို့ ဂီတပိုင်းမှာပါတယ်။ ဓာတ်ပုံအကြောင်းနားလည်တဲ့ ဓာတ်ပုံဆရာတွေပါတယ်။ ရုပ်ရှင်ကြည့်သူ သဘာရှင့်သူတွေ အနေနဲ့ ဆုံးဖြတ်ချက်တွေက မမှားနိုင်ကောင်းဘူးလို့ ထင်ပါတယ်။ တချို့လူတွေ ပြောသလို ဘုမသိဘ မသိပေးချင် လျှောက်ပေးတာမဟုတ်ပါဘူး။ကျွန်တော် သေချာစိစစ်ပေးမှာပါ။ မြန်မာ့ရုပ် ရှင်လောကကို မြှင့်တင်ချင်တဲ့သူတွေ ပေးတဲ့ဆုလို့ ပြောလို့ရပါတယ်”လို့ဆိုပါတယ်။

လက်ရှိ ရုပ်ရှင်ဇာတ်ကား ဇကာတင်ရွေးထားတဲ့ ၂၁ ကားတွင် သမ္မတကြီးထံပေးစာ ၊ ရန်သူ၊ မုန်းစွဲ ဇာတ်ကားတွေ နုတ်ထွက်တယ်လို့သိရပါတယ်။၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ရုပ်မြင် သံကြား ဇာတ်လမ်းတွဲ တွေကို လည်း ဆုတွေပေးဖို့ပါထပ်ထည့်မယ်လို့ သိရပါတယ်။ MRTV-4 ၊ MRTV ၊ Sky Net ၊ MWD Documentary ပြနေတဲ့ ဇာတ်လမ်းတွေကို ဆုချီးမြှင့်သွားမှာပါလို့ သိရပါတယ်။

“ဆုတွေကတော့ ရုပ်ရှင်ဇာတ်ကားတွေကို ၁၅ ဆုပေးမယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေပါ ပါဝင်တဲ့အတွက် ဆု ၅ပါမယ်။ ဆုပေါင်း ၂၀ ကိုပေးသွားမှာပါ။  မတ်လလယ်ပိုင်းလောက်မှာ ဇကာတင် စာရင်း တွေ ကြေငြာမှာပါ။ ဇာတ်လမ်းတွဲမှာ ပါဝင်သီဆိုတဲ့ ဇာတ်ဝင်တေးသီဆိုသူတွေကိုလည်း ကောင်းရင် ကောင်းသလို ဆုပေးမှာပါ။ Star Award Page ကနေ ပြည်သူပေးတဲ့ဆုကိုလည်း ရွေးချယ်ပေးသွားမှာပါ”လို့ဆိုပါတယ်။

ဓာတ်ပုံ -သင်းသဒ္ဒါ

#voiceofmyanmar#Staraward#ဟိန်းလတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW