ခေတ်သုံးခေတ်ရဲ့ 3C Concert ဖျော်ဖြေပွဲလုပ်သွားမယ်ဆိုတဲ့ အိမ့်ချစ်

ရန်ကုန် ဇန်န၀ါရီ ၂၈-၂၀၁၉

သင်းသဒ္ဒါ(VOM)

ခေတ်သုံးခေတ်ဖြစ်တဲ့ ချစ်ကောင်း၊ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့ရဲ့  3C Concert ဖျော်ဖြေပွဲလေး လုပ်သွားမယ်လို့ အဆိုတော် အိမ့်ချစ်ကဆိုပါတယ်။

“အဖေနဲ့မောင်လေးရယ် အိမ့်ချစ်ရယ် ပေါင်းပြီးတော့ လာမယ့် ၂ လပိုင်းမှာ ဖျော်ဖြေပွဲလေး လုပ်သွား မှာပါ။ သားအဖ သုံးယောက် ပေါင်းပြီးတော့ နောက်ပိုင်း Show ပွဲတွေလုပ်သွားဖို့ ရှိပါတယ်”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၇ နာရီမှာတော့ ခေတ်သုံးခေတ်ဖြစ်တဲ့ ချစ်ကောင်း ၊ အိမ့်ချစ် နဲ့ ဂျူနီယာ ချစ်ကောင်းတို့ရဲ့ ချစ်စဖွယ်ပွဲလေးဖြစ်တဲ့ 3C Concert ကို ရန်ကုန်မြို့ လေးထောင့်ကန် မီးပွိုင့်နားက ibis Hotel ရဲ့ 369 Dine & Bar မှာကျင်းပသွားမှာပါ။

အိမ့်ချစ်က ဂျူနီယာ ချစ်ကောင်းပတ်သက်ပြီးတော့ “အိမ့်ချစ်မောင်လေးက စင်ပေါ်ရောက်ရင် မျက်နှာ က ပျက်နေတယ်။ ကီးပိုင်းအ၀င်အထွက်တွေပဲ လွဲကုန်တယ် လေ။စင်အောက်မှာ သီချင်းဆိုရင်တော့ အ ကောင်းပဲ၊ ဘာကြောင့်လဲဆိုတော့ စင်ပေါ်ကနေ ပရိသတ်တွေရဲ့ မျက်လုံးတွေ လိုက်ကြည့်ပဲလို့ပဲ။ အိမ့်ချစ် သီ ချင်းဆိုချင်တဲ့ ကလေးတွေကို အမြဲပြောတယ်။ ကိုယ်မကြည့်ရဲ သေးရင် အပေါ်ကို ကျော်ကြည့် အောက်ကို လျှော်ကြည့် ပြောတယ်။ သူတို့ မျက်လုံးတွေကို ဘယ်တော့မကြည့်နဲ့ ပြောတယ်။ အိမ့်ချစ်တို့ကတော့ သီချင်း ဆိုတာ ကြာလာပြီဖြစ်တဲ့အတွက် မျက်လုံးချင်းကြည့်ပြီး Content တွေ လုပ်နိုင်တယ်။ မကြည်လို့ ကြည့်နေ တဲ့သူရဲ့ မျက်လုံးရဲ့ ဒဏ်ကိုလည်း အိမ့်ချစ်တို့ခံနိုင်တယ်။ မောင်လေးကို အိမ့်ချစ်ဆွဲခေါ်နေရပါတယ်။ စင်မ ကြောက်အောင်ပေါ့” လို့ဆိုပါတယ်။

လက်ရှိမှာတော့ သီချင်းတွေ တိုက်နေကြသလို ဘယ်နှပုဒ်သီဆိုကြမယ်ဆိုတာကိုတော့ စိစစ် ရွေး ချယ်နေတုန်းလို့ သိရပါတယ်။

ဓာတ်ပုံ-အိမ့်ချစ် facebook

 

Related posts

Leave a Comment

VOM News

FREE
VIEW