တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့တွင်တစ်ရက်သာ ကျင်းပပြုလုပ်မည်

ရန်ကုန် ဇန်နဝါရီ ၃၁-၂၀၁၉

လမင်း (VOM)

ကမ္ဘာ့ နိုင်ငံအများစုတွင် ကျင်းပပြုလုပ်တဲ့  တရုတ်ရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်တစ်ခုကို လာမယ့်ဖေဖော်ဝါရီလ ၅ ရက်နေ့ တစ်ရက်တည်းသာ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ပွဲတော်စီစဉ်တဲ့ အဖွဲ့တာဝန်ခံကပြောပါတယ်။

” ၅ ရက်နေ့တစ်ရက်တည်းလုပ်မှာ ၊ စတုဒီသာကျွေးပွဲတွေ ဖျော်ဖြေရေးပွဲတွေပါမယ် မနက်စောစောမှာတော့ သံဃာအပါး ၁၅၀၀ ကိုဆွမ်းကပ်လှူဒါန်းကြမှာပါ ” လို့ ပွဲတော်စီစဉ်ရေးအဖွဲ့တာဝန်ခံ ဦးသက်ဝေက ပြောပါတယ်။

အဲဒီပွဲတော်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၆ နာရီခွဲခန့််မှာ  ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ တရုတ်တန်းလမ်းမှာ ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်မှာပါ ။ သံဃာတော်အပါး ၁၅၀၀ ကျော်ကို ဆွမ်းကပ်လောင်းလှူသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီစဉ်တွေ ၊ စတုဒီသာကျွေးပွဲတွေ ၊ ပရိုမိုးရှင်းဆိုင်ခန်းတွေ ၊ တရုတ်ရိုးရာပြဇာတ်တွေ ၊ တရုတ်လက်ရေးမူဆွဲပွဲတွေ စသဖြင့် ထည့်သွင်းကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။  ။

ရန်ကုန်မြို့တရုတ်နှစ်သစ်ကူးပွဲတော်ကို  ၂၀၁၇ ခုနှစ်မှာ  စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက ၃ ရက်ခန့်ကျင်းပပြုလုပ်ခဲ့ကြကာ ယခုနှစ်တွင် လုံခြုံရေးအခြေအနေအရတရုတ်သံရုံးရဲ့ စီမံမှု့နဲ့ တစ်ရက်သာကျင်းပပြုလုပ်တာဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူး ပွဲတော်ဟာ  တရုတ်ပြက္ခဒိန်အရ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ပြီး ၅ ရက်နေ့ဟာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်ကာ ယခုနှစ်ဟာ ဝက်နှစ်ဖြစ်ကြောင်းသိရပါတယ်။

နှစ်သစ်ကူးပွဲတော်ကျင်းပရက်မတိုင်ခင်  လသာမြို့နယ် ၊ သံလမ်းဈေးအနီးမှ ၂၁ လမ်းအထိ ဆိုင်ခန်းတွေဖွင့်လှစ်ထားပြီး တရုတ်တန်းလမ်းတစ်လျောက် အနီရောင် တရုတ်မီးပုံးများချိတ်ဆွဲထားတာမို့ ဓာတ်ပုံရိုက်သူတွေ၊ လည်ပတ်သူတွေနဲ့ ခုကတည်းက စည်ကားလျက်ရှိနေပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်အပြင် တရုတ်ရိုးရာရွှေခြေင်္သေ့စွမ်းရည်ပြိုင်ပွဲကိုလည်း ဖေဖော်ဝါရီလ ၆ ရက်ကနေ ၁၀ ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဆီက သိရပါတယ်။

#voiceofmyanmar#တရုတ်နှစ်သစ်ကူးပွဲတော်

 

Related posts

Leave a Comment

VOM News

FREE
VIEW