ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက မဖြစ်မနေလက်ခံသွားရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဆို

ဒါကာ၊ ဇန်န၀ါရီ-၃၁

မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ(မူရင်းသတင်းအသုံး)တွေ ပြန်ပို့ရေးမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို မဖြစ်မနေ ပြန်လည်လက်ခံသွားရမှာဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီသင့်တယ်လို့ ၎င်းကပြောပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ငုယင်ကွာဒေါင်နဲ့ ရှိတ်ဟာစီနာတို့ ၀န်ကြီးချုပ်နေအိမ်မှာ ဇန်န၀ါရီ ၃၀ ရက်က တွေ့ဆုံရာမှာ ဒီလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် ပြန်လည်လက်ခံရေးအစ်ီအစဉ်ကတော့ ရိုဟင်ဂျာတွေက ပြန်လိုတဲ့ ဆန္ဒမရှိတာကြောင့် နှောင့်နှေးနေပါတယ်။

လက်ရှိ ကော့ဘဇားမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို ဘာရှန်ချာသို့ ယာယီရွှေ့ပြောင်းသွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက ဆိုပါတယ်။

ဒုက္ခသည်တွေနေထိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာတွေမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အားထုတ်မှုတွေကို ဗီယက်နမ်နိုင်ငံခြားရေးဒုဝန်ကြီးချီးကျူးပြောဆိုပြီး ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ ၀န်ထုတ်ဝန်ပိုးဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာတွေကိစ္စအတွက် ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၅၀၀၀၀ လှူဒါန်းမယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိကြောင်း တရားဝင် ထုတ်ဖေါ်ပြောဆိုထားပါတယ်။

Ref : bdnews24/ Daily Star

Photo : BSS

#voiceofmyanmar#ရှိတ်ဟာစီနာ#ဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW