စီးပွားရေးသမားတွေကို အရမ်းကြိုက်တယ်ဆိုတဲ့ အေးမြတ်သူ

ရန်ကုန် ဖေဖော်ဝါရီ ၃ -၂၀၁၉

သင်းသဒ္ဒါ(VOM)

ပရိသတ်အချစ်တော် အေးမြတ်သူကတော့ ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ သတ္တိမရှိပေမယ့် စီးပွားရေးသမားတွေဟာ အနိုင်အရှုံးခံရဲတဲ့ သတ္တိရှိလို့ အရမ်းကြိုက်တယ် လို့ ဆိုပါတယ်။

”အေးမြတ်သူတို့ စီးပွားရေးလုပ်ဖို့က ငွေကြေးရှိဖို့လိုသလို သတ္တိရှိဖို့လည်း လိုပါတယ်။ရင်းရဲမှ ၊အရှုံးအနိုင် ခံရဲတဲ့ သတ္တိရှိဦးမှပါ။စီးပွားသမားတွေကို အေးမြတ်သူအရမ်း ကြိုက်တယ်။သူ့တို့က သူများတွေထက် ပို သတ္တိရှိမှ ဖြစ် တယ်။အေးမြတ်သူမှာ အဲလိုသတ္တိမရှိသလို ငွေကြေးအင်အား အေးမြတ်သူမှာ မရှိပါဘူး”လို့ဆိုပါတယ်။

အနုပညာတချို့ ကိုယ်ပိုင် Brand တွေ ထုတ်တဲ့အပေါ်မှာ ” အေးမြတ်သူ က ကိုယ်ပိုင် Brand ထုတ်ဖို့မရှိပါဘူး၊ ကိုယ့်အနီးပတ်ဝန်းကျင် ကြည့်ရင်းတွေးရင်းနဲ့တော့ ငွေစုဖြစ်ပါတယ်၊ ကိုယ်ပိုင် Brand တစ်ခုထုတ်နိုင်အောင် တောင့်တင်းခိုင်မာတဲ့ ငွေကြေးအင်အား အေးမြတ်သူမှာ မရှိပါဘူး၊ စိတ်ကူးတော့ အေးမြတ်သူ မယဉ်ဖြစ်ပါဘူး၊ ဖြစ်နိုင်လို့ ငွေကြေးတတ်နိုင်ရင် တချိန်ချိန်တခါခါမှာတော့ မင်းသမီးဖြစ်မှမဟုတ်ဘူး၊မင်းသမီး မလုပ်ပဲအသက်ကြီးသွားရင် ငွေကြေးတောင့်တင်းခိုင်မာတယ်ဆိုရင် တန်ဖိုးကြီးမဟုတ်ရင်တောင် တန်းတူညီတူ သုံးစွဲလို့ရမယ့် Product တစ်ခုထုတ် ချင်ပါတယ်၊ ရေရှည် သွားနိုင်မယ့် ပစ္စည်းတစ်ခုပေါ့”လို့ ဆိုပါတယ်။

သူမကတော့ ဘ၀အတွေ့အကြုံတွေများတဲ့သူတစ်ယောက်ဖြစ်ပေမယ့် မိမိကိုယ်တွေ့ဘဝအကြောင်းနဲ့ ပတ်သက်ပြီး စာအုပ်တွေထုတ်ဖို့မရှိဘူးလို့ ပြောပါတယ်။

အေးမြတ်သူက စကားအပြောကောင်းပေမယ့် အဲလိုမျိုးကြုံကြိုက်ရင် ပြောတတ်တဲ့ ကိုယ့်ရဲ့စကားတွေက စာအုပ်ထဲက လာတာမဟုတ်ဘူး။ တကယ့် လက်တွေ့ဘ၀ထဲက လာတာပါ။အေးမြတ်သူ ကိုယ်တိုင်တော့ မရေးတတ်ပါဘူး။စာဖတ်အားနည်းတဲ့အတွက် စာရေးရတာ အေးမြတ်သူ အရမ်းအားနည်းပါတယ်။အဓိကတော့ ငယ်ငယ်ထဲက စာအုပ်စာပေဖတ်သူကသာ စာရေးပုံ၊တင်ဆက်ပုံတွေအစ ပိုကောင်းတယ်လို့ ဆိုပါတယ်။

#voiceofmyanmar#သရုပ်ဆောင်အေးမြတ်သူ#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW