မင်းတုန်း ဖေဖေါ်ဝါရီ ၄-၂၀၁၉
ဂျန်ကိုးလ်(VOM)
မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာ လမ်းမကြီးအထောက်အထားမဲ့ ဘင်္ဂလီ၁၀ဦးကို ဖေဖေါ်ဝါရီ ၄ရက် မနက် ၄နာရီခွဲခန့်က မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်ပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီ ၄ ရက် မနက်၁း၄၅မိနစ်ခန့်မှာ မှုခင်းဂျာနယ် သတင်းထောက် ခင်မောင်ထွန်းမောင်းနှင်လာတဲ့ ပရိုဘောက်ယာဉ်အမှတ် DD1584ကို ရပ်တန်စစ်ဆေးနေစဉ် ယာဉ်မောင်း မောင်ညို (ခေါ် )ရဲထွန်းလွင်မောင်းနှင်သောအဖြူရောင်မှန်လုံHijet 1Q 8551က စစ်ဆေးရေးဂိတ်ကို အတင်းကျော်တက် မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။ ထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတဲ့အခါ မိုင်တိုင်အမှတ်၂၀၆/၅နှင့်၂၀၆/၆ကြားမှာ ကားပေါ်ပါလာသူများကိုချထားခဲ့ပြီး အလွတ်ထွက်ပြေးစဉ် မဲဇလီရဲကင်းစခန်းမှ ပူးပေါင်းလိုက်လံဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ်
“မင်းလှနယ်ဘက်ကတဆင့် အထောက်အထားမဲ့ဘင်္ဂလီတွေ ဝင်ရောက်နိုင်လို့ပိတ်ဆို့နေစဉ်မှာ အစစ်ဆေးမခံဘဲမောင်းပြေးတာကနေ လိုက်လံဖမ်းဆီးတော့ ကျီးကန်ကျေးရွာနဲ့မဲဇလီကျေးရွာကြားတောထဲမှာ ၁၀ဦးကိုဖမ်းမိပါတယ် ။ ယာဉ်၂စီးနဲ့ ယာဉ်မောင်း၂ဦးအပါ စုစုပေါင်း၁၂ဦးဖြစ်တယ် ခရိုင်ရဲမှူး ကိုယ်တိုင်ရောက်ရှိစစ်ဆေးနေဆဲဖြစ်ပါတယ်။”လို့မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးစိန်သောင်းက ပြောပါတယ်။
ထွက်ဆိုချက်တွေအရ လူတဦးကို ၃၅သိန်းပေးဆောင်ခဲ့ရတယ်လို့ စစ်ဆေးပေါ်ပေါက်ကာ ကျောက်တော်မှာစုဖွဲ့ပြီး ရန်ကုန် သာကေတကိုသွားမှာလို့ ထွက်ဆိုတယ်လို့ ဒုရဲမှူးစိန်သောင်း ပြောစကားအရသိရပါတယ်။
“မူဝါဒတခုချမှတ်လုပ်ဘို့လိုနေပီ ဖမ်းလိုက် ထောင်ချလိုက်နဲ့ရေရှည်မဟုတ်နိုင်ဘူး မင်းလှ၊မင်းတုန်းပေါင်းရင်၃လလောက်အတွင်း၁၀၀ကျော်မိတယ် စစ်ဆေးချက်အရ လွတ်တာတွေအများကြီးရှိတယ် ထောင်ထဲမှာဗမာစကားတတ်သွားပြီးနောက်တခါဆို မလွယ်တော့ဘူး”လို့မင်းတုန်းမြို့ခံကျောင်းဆရာအငြိမ်းစားဦးမောင်မောင်ကပြောပါတယ်
အမှုကို(ပ) ၂၅/၂၀၁၉နှင့်မင်းတုန်းမြို့မရဲစခန်းကအမှု့ဖွင့်စစ်ဆေးနေပြီး ယာဉ်မောင်း၂ဦးကို ပုဒ်မ၃၆၇(တဦးတယောက်သောလူအားခိုးယူလျှင်သို့မဟုတ်သွေးဆောင်ဆွဲခေါ်လျှင်ထိုသူကို၁၀နှစ်အထိထောင်ဒဏ်တမျိုးမျိးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်ဟုဆိုသည်)နဲ့ အရေးယူမှာဖြစ်ပြီး အထောက်အထားမဲ့၁၀ဦးကို လဝကအက် ၆၂/၆၃နဲ့ လူဝင်မှု့ကြီးကြပ်ရေးက တရားလိုပြုလုပ်တရားစွဲဆိုသွားမှာဖြစ်ပြီး မင်းတုန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း ၁၅ဦးဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်
ဓါတ်ပုံ ရဲတပ်ဖွဲ့