မန္တလေး၊ ဖေဖေါ်ဝါရီ ၂၅-၂၀၁၉
ဟိန်းကို(VOM)
သံတွဲမြို့မှာနေထိုင်တဲ့ ဦးစိုးဝေ ဆိုသူဟာ ၂၁ရာစု ပင်လုံညီလာခံ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလူထု စိတ်ပါဝင်စားလာစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်း ပြည်မြို့ကနေ့ တစ်ကိုယ်တော်လမ်းလျှောက်လာပြီး ယနေ့ညနေပိုင်းက မန္တလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။
ရောက်ခဲ့တာက ကော့သောင်း၊ မြဝတီ၊ လွိုင်ကော်၊ တောင်ကြ်ီး၊ မောင်တောမြို့တွေကို ရောက်ခဲ့ပြီးပြီ ၊ အခက်အခဲတွေတော့ရှိတယ်၊ အဲ့တာတွေကို အထွေအထူးမပြောတော့ဘူး၊ ဘာတွေရှိရှိ ကျွန်တော်က သည်းခံစိတ်ထားပါတယ်၊ ကျွန်တော်တို့ ၂၁ရာစု ပင်လုံညီလာခံ နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးဟာလည်း သည်းခံစိတ်မေတ္တာစိတ်နဲ့ ကျော်ဖြတ်မှ အောင်မြင်မှာ ဖြစ်တယ်” လို့ တစ်ကိုယ်တော်လမ်းလျှောက်သူ ဦးစိုးဝေ က ပြောပါတယ်။
ခုလို တစ်ကိုယ်တော်လမ်းလျှောက်တာကို ၂၀၁၇ခုနှစ် သြဂုတ်(၇)ရက်နေ့ မြန်မာလို ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ ၊ ဂေါတမဘုရားရှင် ငြိမ်းချမ်းရေးတရားဟောတဲ့နေ့ ကနေ စတင်လမ်းလျှောက်ခဲ့ပြီး တိုင်းနဲ့ပြည်နယ် ၁၄ခုကို ပြည့်အောင် ငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော်လမ်းလျှောက်သွားမှာ ဖြစ်ပါတယ်။
#voiceofmyanmar#တကိုယ်တော်လမ်းလျှောက်#ဦးစိုးဝေ#ငြိမ်းချမ်းရေး