လူ ၂၅ ဦးသေဆုံးခဲ့တဲ့ ရထားမတော်တဆမှုကြောင့် အီဂျစ်ပို့ဆောင်ရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

ကိုင်ရို၊ ဖေဖော်ဝါရီ-၂၈-၂၀၁၉

မျိုးဆက် (VOM)

 

အီဂျစ်နိုင်ငံ ကိုရိုရှိ ရထားဘူတာရုံတစ်ခုမှာ ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ပွားခဲ့ ရထားမတော်တဆမှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာမှာ အီဂျစ်ပို့ဆောင်ရေးဝန်ကြီး ဟီရှန်အာရာဖတ် ရာထူးကနေနှုတ်ထွက်လိုက်ပါတယ်။

 

ရထားဟာ ကိုင်ရိုမြို့အလယ်ပိုင်းရှိ ရမ်ဆီဘူတာရုံရှိတဲ့ အတားအဆီး ကြားခံတစ်ခုကို တိုက်မိပြီး ရထားဆီတိုင်ကီပေါက်ကွဲပြီးတော့ ရထားစင်္ကြန်နဲ့ အနီးရှိအဆောက်အဦတွေကို မီးကူစက်လောင်ကျွမ်းခဲ့ပါတယ်။

 

ဒီမတော်တဆမှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးခဲ့ရသလို လူပေါင်း ၄၀ ကျော်ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး ရထားမတော်တဆဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါ့ပေါ့ဆဆ လုပ်ဆောင်ခဲ့တဲ့ ဘယ်သူကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့  အခင်းဖြစ်ပွားရာသို့ လာရောက်စဉ်အတွင်း အီဂျစ် ၀န်ကြီးချုပ် မိုစတာဖာမက်ဘူလီက ကတိပြုပြောဆိုပါတယ်။

 

ရထားဟာ ဘူတာရုံရှိ ရပ်နားရာနေရာကို အရှိန်လျှော့ဝင်ရောက်လာရမယ့်အစား အရှိန်မြန်မြန်နဲ့ ၀င်ရောက်လာခဲ့တာဖြစ်တယ်လို့ အခင်းဖြစ်ပွားရာနေရာက မျက်မြင်တွေကဆိုပါတယ်။

 

အီဂျစ်နိုင်ငံက ရထားလမ်းတွေဟာ ဘေးကင်းလုံခြုံမှုနည်းပါးပြီး အစိုးရအဆက်ဆက် ရင်းနှီးမြုပ်နှံမှုနည်းပါးတာနဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေအပေါ် လေ့လာစောင့်ကြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

 

၂၀၁၇ ခုနှစ်က ရထားနှစ်စင်းတိုက်မိတာကြောင့် လူ ၄၃ ဦးသေဆုံးခဲ့ကြရသလို ၂၀၀၂ ခုနှစ်ကလည်း ခရီးသည်အလွန်အကျွံတင်ဆောင်လာတဲ့ ရထားတစ်စင်းမီးလောင်တာကြောင့် လူပေါင်း ၃၇၀ ကျော်သေဆုံးခဲ့ပါတယ်။

 

Ref : BBC

Photo :AFP

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW