အကယ်ဒမီပေးပွဲပြီးရင် အတင်းတုပ်ခံရဦးမယ်ဆိုတဲ့ ဒါရိုက်တာညီညီထွန်းလွင်

ရန်ကုန် မတ် ၁၅- ၂၀၁၉

သင်းသဒ္ဒါ

 

၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်န်ဆုပေးပွဲမှာ အကဲဖြတ် တစ်ဦးအဖြစ်ပါဝင်တဲ့ ဒါရိုက်တာညီညီထွန်းလွင်ကတော့ အကယ်ဒမီပေးပွဲပြီးရင် အတင်းတုပ်ခံရဦးမယ်လို့ဆိုပါတယ်။ ”အကယ်ဒမီကတော့ ပွဲပြီးသွားရင်တော့ အတင်းတော့ အတုပ်ခံရမှာပါပဲ။ဘာလို့လည်းဆိုတော့ ရတယ်သူက ကျေနပ်မှာပေါ့။ မရတဲ့သူကလည်း ကျေနပ်မှာမဟုတ်ဘူးပေါ့။ အကြိုက်ခြင်းတွေကလည်း မတူနိုင်ဘူးလေ။ ဒါ ပေမယ့် အကဲဖြတ်တွေကလည်း လူ ၄၀ ကျော် ၅၀ လောက်နဲ့ ၀ိုင်းအကဲဖြတ်ကြပါတယ်။ အကြိုက်ခြင်းတွေလည်း မတူကြဘူး။ သတင်း သဲ့သဲ့ကြားတာတချို့က ဦးညီနဲ့ အကြိုက်ခြင်း မတူဘူးပေါ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ လူ ၄၀၊၅၀ ကြည့်တာဆိုတော့ ကိုယ့်အကြိုက်နဲ့ တူခြင်းမှ တူမှာပေါ့။ ထုံးစံအတိုင်း အကယ်ဒမီ ပေးပွဲပြီးရင် ဆူသံ ဆဲသံတွေတော့ ပေါ်ဦးမယ်ထင်ပါတယ်”လို့ဆိုပါတယ်။

သူကတော့ အကယ်ဒမီ ဇကာတင် စာရင်းဝင် ” မီ” ကလည်း အထိုက်အလျှောက်ကောင်းတယ် ။ ရုပ်ရှင်ဆရာကြီးတွေတောင်း ရုပ်ရှင်ဂုဏ်ပြုဆုတွေ သွားပေးထား ရတာကိုး၊သူကလည်း ခေသူ မဟုတ်ပေါ့။ ”မုန်းစွဲ” ကလည်း  ကမ္ဘာပတ်ပြီးတော့ ကဗျာစပ်မယ့် ကားပဲ။ နိုင်ငံခြားမှာလည်း သွားပြရတယ်။လူသစ်တန်း ၊ ဇ ရှိတဲ့သူတွေ ပေါ်လာတာ ကောင်းပါတယ်လို့ သိရပါတယ်။ ဒါရိုက်တာ ဆု ပတ်သက်ပြီးတော့ ”မုန်းစွဲရဲ့ ဒါရိုက်တာ သြရသကတော့ သားတပည့်ဖြစ်တယ်။ ၀ိုင်း ရမယ်လို့ ထင်ပါတယ်။ ”သမ္မတကြီးထံပေးစာ”လည်း စာနယ်ဇင်းက ဆုပေးထားတယ်။ ကောင်းတယ်။တကယ်ရစေချင်တာကတော့ သမ္မတကြီးထံပေးစာလိုမျိုး ဦးညီ အကြိုက်ဖြစ်တယ်။အနုပညာ ရှုထောင့်ကြည့်ရင် ” ရွှေကြာ”ပေးသင့်တယ်ပေါ့။ ဦးညီက နိုင်ငံရေးပါတာ ကြိုက် ပါတယ်။”မုန်းစွဲ” ကလည်း တစ်ကားလုံး ဆုတွေရနိုင်တယ်။ အကယ်ဒမီ ပေးပွဲပြီးရင်တော့ ပရိသတ်ကြီးလည်း မကျေမချမ်းတွေ ဖြစ်ဦးမယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar #အကယ်ဒမီ #ဒါရိုက်တာ #ညီညီထွန်းလွင်

Related posts

Leave a Comment

VOM News

FREE
VIEW