မြောက်​ဦးမြို့တွင်း ပစ်​ခတ်​မှုဖြစ်​စဉ်​မှာ ရပ်​ကွက်​အတွင်း လက်​နက်​ကြီးတွေကျရောက်​ပြီး တစ်​ဦးကျည်​ထိ

မြောက်​ဦး၊ မတ်​ ၁၆-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်ပြည်​နယ်​ မြောက်​ဦးမြို့တွင်းမှာ မနေ့ည ၁၀ နာရီလောက်​က ပစ်​ခတ်​မှုတွေဖြစ်​ပွားခဲ့ပါတယ်​။ အဲ့ဒီပစ်​ခတ်​မှုကြောင့်​ မြို့ပေါ်ရပ်​ကွက်​တွေဖြစ်​တဲ့ ထမ္မရာဇ်​၊ ကျောက်​ရာဇ်​ကေ၊ ကြက်​ဈေးရပ်​ကဃက်​ တွေမှာ လက်​နက်​ကြီးကျည်​တွေ ကျရောက်​ခဲ့ပြီး အမျိုးသမီးတစ်​ဦး ထိခိုက်​ဒဏ်​ရာရရှိသွားပါတယ်​။

”      မနေ့က ၁၀ နာရီလောက်​မှာ သေနတ်​ပစ်​သံတွေကြားလိုက်​ရတယ်​။ ပြီးတော့ လက်​နက်​ကြီးတွေနဲ့ပစ်​တယ်​။ စပစ်​ပစ်​ချင်းပဲ အိမ်​ခေါင်​မိုးပေါ်မှာ ကျတယ်​။ အမေအိပ်​နေတာ တင်​ပါးဆုံကို ထိသွားတယ်​။ တစ်​ညလုံးဆေးရုံလည်းမသွားရဲဘူး။ ဒီမနက်​မှ ဆေးရုံပို့လိုက်​ရတယ်​။”လို့ ကျည်​ထိဒဏ်​ရာရရှိခဲ့တဲ့ ကျောက်​ရာဇ်​ကေ ရပ်​ကွက်​က ဒေါ်ခင်​ခင်​သိန်းရဲ့ သမီးကပြောပါတယ်​။

ဒါ့အပြင်​ ထမ္မရာဇ်​ရပ်​ကွက်​အတွင်းက လူနေအိမ်​တစ်​အိမ်​ရှေ့မှာကျရောက်​တဲ့ လက်​နက်​ကြီးကျည်းတစ်​လုံးမပေါက်​ကွဲဘဲ ကျန်​ရှိနေသေးတဲ့အတွက်​ စိုးရိမ်​မှုတွေ ရှိနေကြပါတယ်​။

“ပစ်​တာကိုကြားရတာနဲ့ အသံကျယ်​ကြီးတွေထွက်​လာတယ်​။ ကျွန်​မကမအိပ်​သေးဘူး။ အိမ်​အောက်​မှာ ဓနိထိုးနေတာ။ ပစ်​ခတ်​လိုက်​တဲ့မီးခဲကြီးလို လာတာကိုတွေတယ်​။ ထိန်​ထိန်​လင်းနေတာပဲ။ အိမ်​ခေါ်င်​မိုးပေါ်က ကျော်​ပြီးတော့ ခြံစည်းရိုးနားမှာကျတယ်​။ မကွဲသေးဘူး။ သေသွားနိုင်​တယ်​။”လို့ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်​။

အဲ့ဒီပစ်​ခတ်​မှုကို ကျော်က်​ရာဇ်​ကေ ရပ်​ကွက်​အတွင်း စစ်​တွေ-ရန်​ကုန်​အဝေးပြေးလမ်းမပေါ်နဲံ တောင်​ပေါ်တွေက ပစ်​ခတ်​ခဲ့တာဖြစ်​ပါတယ်​။ တပ်​မတော်​စစ်​ကြောင်းတစ်​ခု မြို့ထဲကိုဝင်​ရောက်​လာပြီးတော့ မကြာခင်​မှာဖြစ်​ပွားခဲ့တာဖြစ်​တယ်​လို့ ကျောက်​ရာဇ်​ရပ်​ကွက်​မှာ နေထိုင်​သူတွေက ပြောပါတယ်​။

#voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦးမြို့နယ် #လက်နက်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW