ဘရူနိုင်းနိုင်ငံမှာ နောက်မီးလင်းသူ၊ လိင်တူဆက်ဆံသူတွေကို ခဲနဲ့ပေါက်ပြီးသေဒဏ်ပေးတော့မယ်

 

ဘန်ဒါဆရီဘီဂါဝမ်၊ မတ်၂၈-၂၀၁၉

မျိုးဆက်(VOM)

ဘရူနိုင်းနိုင်ငံမှာ လာမယ့်သီတင်းပတ်ကစပြီး ကျင့်သုံးတော့မယ့် ဥပဒေသစ်အရ အိမ်ထောင်ရေးဖောက်ပြန်ပြီး နောက်မီးလင်းသူတွေနဲ့ လိင်တူဆက်ဆံသူတွေကို ခဲနဲ့ပေါက်သတ်တဲ့နည်းနဲ့ အပြစ်ပေးတော့မှာဖြစ်ပါတယ်။

ဒီလိုအပြစ်ပေးတော့မယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အမျက်ဒေါသ အကြီးအကျယ်ထွက်နေကြပါတယ်။ ရှာရီယာဥပဒေရဲ့ ပြစ်မှုဆိုင်ရာ ပြဌာန်းချက်တွေအောက်က အဲဒီဥပဒေသစ်ကို ဧပြီလ ၃ ရက်ကစပြီး စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

ဥပဒေသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒါဏ်တွေတစ်ဖြည်းဖြည်း တိုးမြင့်လာခဲ့ပါတယ်။ အခုပြဌာန်းချက်ကတော့ ဘရူနိုင်း ရှေ့နေချုပ် ၀က်ဘ်ဆိုက်မှာ ပြီးခဲ့တဲ့နှစ်က ဖော်ပြထားတာကို ရုတ်တရက် ကြေညာလိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ ဘရူနိုင်းနိုင်ငံက ပြဌာန်းလိုက်တဲ့ ဥပဒေပြဌာန်းချက်အသစ်ကို ပြစ်တင်ဝေဖန်လိုက်ပြီး ဒီလိုအပြစ်ပေးနည်းအသစ်ကို အကောင်အထည်ဖော်ခြင်းမပြုဖို့ တောင်းဆိုထားပါတယ်။ အဲဒီလိုအပြစ်ပေးမယ့်အစီအစဉ်ကို လွန်ခဲ့တဲ့ ငါးနှစ်ကပထမဆုံးဆွေးနွေးကတည်းက ရက်စက်ကြမ်းကြုပ်တဲ့ ပြဌာန်းချက်အပေါ် ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တယ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

Ref: UPI Photo : Getty Image

#voiceofmyanmar #နိုင်ငံတကာသတင်း #ဘရူနိုင်း #လိင်တူ

Related posts

Leave a Comment

VOM News

FREE
VIEW