အပြစ်မဲ့ပြည်သူတွေထိခိုက်သေဆုံးနေရတဲ့အတွက် အပစ်ခတ်ရပ်စဲပေးကြဖို့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြ

စစ်တွေ၊ မတ် ၂၈-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မနက် ၉ နာရီလောက်ကစတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း က တိုက်ပွဲတွေကိုရပ်ပေးဖို့အတွက် နှစ်ဖက်အဖွဲ့အစည်းတွေကိုတောင်းဆိုတဲ့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော် မှုတစ်ခုကို သံဃာတော်တစ်ပါးကပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒထုတ်တော်မှုကိုပြုလုပ်ရတာဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်ကြဖို့အတွက် ရည်ရွယ်ပြီးဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်။ အဲ့ဒီတိုက်ပွဲတွေကိုရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ပေးကြဖို့အတွက် တောင်းဆိုတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်။”လို့ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့သည့် အရှင်စက္ကိန္ဒက မိန့်ပါတယ်။

ဒါ့အပြင် ကျေးရွာတွေတိုက်ခိုက်ခံနေရတာတွေနဲ့ မြို့တွင်းပစ်ခတ်မှုတွေကိုပြုလုပ်နေကြတဲ့အတွက် အရပ်သားပြည်သူတွေ နေအိမ်တွေမှာနေထိုင်ရင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတွေနဲ့ ကြုံတွေ့နေကြရတာကြောင့် မြို့ပေါ်တွေမှာတောင် ဈေးဆိုင်တွေဖွင့်ပြီးညမဘက်မရောင်းရဲကြတော့တဲ့အတွက် အားလုံးကိုထိခိုက်လာနေတယ်လို့ ဆိုပါတယ်။

“စစ်တွေမြို့လိုနေရာမှာတောင် ညနေပိုင်းဆိုရင် ဈေးမရောင်းကြတော့ဘူး။ လူတွေအသွားအလာမရှိတော့ဘူး။ ခြောက်ကပ်ပြီးတော့ဖြစ်လာနေတယ်။ နယ်တွေမှာဆိုရင်လည်း ဒီတိုင်းပဲ။ ဗုံးခိုကျင်းထဲပုန်းနေတာတောင့် ဘယ်အချိန်လာပစ်မလဲဆိုတာကိုစိုးရိမ်နေရတယ်။ ဒါကြောင့် အပစ်ရပ်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပေးကြဖို့ တောင်းဆိုတာဖြစ်ပါတယ်။”လို့ ဆက်လက်မိန့်ကြားခဲ့ပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်မှုကို မနက် ၉ နာရီမှာ စစ်တွေမြို့ ဝင်္ကာဘာကွင်းအနီး ဘုရားကြီးသိမ်တော်ကနေ စတင်ပြီး ဦးဥတ္တမပန်းခြံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖ်ာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #ဆန္ဒပြ #အပစ်အခတ်ရပ်

Related posts

Leave a Comment

VOM News

FREE
VIEW