ဘင်္ဂလားဒေ့ရှ်မှာ အထပ်မြင့်အဆောက်အဦမီးလောင်ကျွမ်းလို့ လူ ၁၉ ဦးထက်မနည်းသေဆုံး

 

ဒါကာ၊ မတ်-၂၉ ၊ ၂၀၁၉

မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အထပ်မြင့်ရုံးအဆောက်အဦတစ်ခုမှာ မတ် ၂၈ ရက်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့လို့ လူ ၁၉ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြားဒါဏ်ရာရရှိသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ အထပ် ၂၂ ထပ်ရှိ အက်ဖ်အာအထပ်မြင့်အဆောက်အဦမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အဦအတွင်း အလုပ်သမားတွေပိတ်မိနေခဲ့ပါတယ်။

တစ်ချို့ကတော့ မီးလောင်မှုကနေ လွတ်မြောက်ဖို့ အဆောက်အဦပေါ်မှ ခုန်ချခဲ့ကြပါတယ်။ မီးလောင်မှုကို ခြောက်ထပ်အရောက်မှာ မီးသတ်သမားတွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒါကာမီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ အက်ထွာရာမန်က ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာ သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်ပေမယ့် အနည်းဆုံး လူ ၁၉ ဦးသေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့တယ်လို့ မီးသတ်ဌာနဲ့ မြို့ပြကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အနည်းဆုံး လူလေးဦးမှာ အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးလောင်ကျွမ်းမှုကို မီးသတ်အဖွဲ့ ၂၁ ဖွဲ့နဲ့ ငြိမ်းသတ်ခဲ့ပြီး အကူအညီပေးဖို့ ရဟတ်ယာဉ်တစ်စင်းကိုလည်း စေလွှတ်ခဲ့ကာ မီးလောင်ကျွမ်းမှုအကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Ref : UPI Photo : Thehindu.com

#voiceofmyanmar #နိုင်ငံတကာသတင်း #မီးလောင် #ဘင်္ဂလားဒေ့ရှ်

Related posts

Leave a Comment

VOM News

FREE
VIEW