ငဖဲမြို့နယ်​မှာ တောမီးငြိမ်းသတ်​ရာမှ လူ၃ဦး​မီးသင့်​သေဆုံး

ငဖဲ ဧပြီ ၁၄-၂၀၁၉

ဂျန်ကိုးလ် ( VOM)

 

မ​ကွေးတိုင်း၊ ငဖဲမြို့နယ်​ ၊ လိုင်​​ကျေးရွာအနီး ​ဧပြီ၁၃ရက်​မွန်းလွဲ၁နာရီခန့်​က​ တောမီး​လောင်​ကျွမ်းစဉ်​ ရွာသို့​တောမီးမကူးစက်​​စေရန်​ ​ကျေးရွာ​နေပြည်​သူများဝိုင်းဝန်းမီးငြိမ်းသတ်​ရာမှ လူ၃ဦး ပိတ်​မိပြီးမီး​လောင်​​သေဆုံးခဲ့ရပြီး တဦးဒဏ်​ရာရရှိခဲ့တယ်​လို့စုံစမ်းသိရှိရပါတယ်​။

 

“မီးသတ်​​နေတုန်း​လေ​တွေပတ်​တိုက်​လာ​တော့မီးထဲကဖြတ်​​ပြေးရလို့​ခြေ​ထောက်​​တွေအ​လောင်​ခံရတာလို့”​ပဒါန်း​ဆေးရုံမှာ​ဆေးကုသခံ​နေရတဲ့ ဦးပိန်းရဲ့လူနာ​စောင့်​​တွေကပြောပါတယ်​။

 

သေဆုံးသူများမှာလိုင်​​ကျေးရွာသားကိုဟန်​သိန်း၂၀နှစ်​၊ ကိုမုံစိန်​၃၅နှစ်​ ၊ ဦးမောင်​​မောင်​၆၆နှစ်​တို့ကို ငဖဲမြို့နယ်​ပဒါန်း​ဆေးရုံမှာရင်​ခွဲစစ်​​ဆေး​နေတယ်​လို့ လိုက်​ပါပို့​ဆောင်​တဲ့ ချင်းတိုင်းသား​တွေက​ပြောပြပါတယ်​။

 

တောမီးလောင်တဲ့​နေရာကို နောင်ကျေးရွာ၊ပစီကျေးရွာ၊ ဂုတ်ကြီးကျေးရွာတို့က ရွာသူရွာသားတွေက လာရောက်ဝိုင်ဝန်းငြိမ်းသတ်​ကြပြီး ဂုတ်​ကြီး​ကျေးရွာကလည်းလူ၅၀ခန့်​အင်​အားဖြည့်​ခဲ့တယ်​လို့ဆိုပါတယ်​။

 

လိုင်​​ကျေးရွာအုပ်​စုလိုင်​​ကျေးရွာဟာအရှိုချင်းအများစု​နေထိုင်​တဲ့အိမ်​​ခြေ၁၅၀ခန့်​ရှိတဲ့ရွာလို့ချင်းလူငယ်​ကွန်​ယက်​က ဆလိုင်းရန်​​နောင်​ထွန်းက​ပြောစကားအရသိရပါတယ်​။

 

တောမီးလောင်တဲ့နေရာဟာ ကားလမ်းမကောင်းတာမို့   မြို့က မီးသတ်ကားတွေ မသွားလာနိုင်တဲ့အခြေအနေကြောင့်  အနီးနားဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်လို့ ခုတော့ တောမီးက ငြိမ်းသွားပြီလို့သိရပါတယ်။

ဒီနှစ်မတ်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဟူတောင်တန်းပေါ်မှာ တောမီးကြောင့် လူ ၂ ဦးနေရာတင် သေဆုံးမှု  ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #ငဖဲ #တောမီးလောင် #လူသုံးဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW