ရန်ကုန် သင်္ကြန် အကြို နဲ့ အကျ ၂ရက်တင် လူနာ ၂၅၀ကျော်ရောက်ပြီး သေသူ လေးယောက်ရှိခဲ့

ရန်ကုန် ၊ ဧပြီ ၁၅ TGH (VOM) သင်္ကြန်အကြိုနေ့နဲ့ အကျ နေ့နှစ်ရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရောက်ရှိခဲ့တဲ့အတွင်းလူနာနဲ့ပြင်ပလူနာပေါင်း ၂၅၇ ဦးရှိပြီး သေဆုံးသူ ၄ ယောက်ရှိခဲ့တယ်လို ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ချက်အရသိရပါတယ်။ အကြိုနေ့မှာဆိုရင်  ပြင်ပလူနာ အဖြစ်အမျိုးသား   ၆၇ ဦး ၊အမျိုးသမီး  ၃၄ ဦးရှိခဲ့ပြီး အတွင်းလူနာအဖြစ် အမျိုးသား   ၄၀ ဦးနဲ့အမျိုးသမီး   ၄ ဦးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကိုရောက်ရှိခဲ့ပါတယ်။   သင်္ကြန်အကျနေ့မှာက ပြင်ပလူနာ အဖြစ်အမျိုးသား   ၉၂ ဦး ၊အမျိုးသမီး  ၄၁ ဦးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကိုရောက်ရှိခဲ့ပြီး အတွင်းလူနာအဖြစ် အမျိုးသား   ၅၈ ဦးနဲ့အမျိုးသမီး   ၁၅ ဦးရှိတဲ့အပြင် အမျိုးသား ၄ ဦးသေဆုံးမှုရှိခဲ့ပါတယ်။

Read More

နေပြည်တော် ဇေယျာသီရိ ကုန်ပဒေသာတိုက်မီးလောင်မှုဟာ ဝါယာရှော့ကြောင့်ဖြစ်

နေပြည်တော်၊ ဧပြီ – ၁၅-၂၀၁၉ ကိုထွန်း (နေပြည်တော်)   နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ဇေယျာသီရိ ကုန်ပဒေသာတိုက် အတွင်းရှိ စားသောက်ဆိုင်တန်းမှာ မနေ့ညနေက လောင်တဲ့မီးဟာ ၀ါယာရှော့ဖြစ်ပြီး လောင်တာလို့  သက်ဆိုင်ရာက ပြောပါတယ်။   မီးလောင်မှုဖြစ်ပွားရာနေရာကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးနှင့် နယ်မြေခံတပ်များမှ မီးသတ် ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၅ စီး၊ နေပြည်တော်ကောင်စီ နယ်မြေမီးသတ်တပ်ဖွဲ့များမှ မီးသတိယာဉ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီး တို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အတွင်း မီးညွှန့်ကျိုးသွားပြီး ညနေ ၃နာရီ ခွဲ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ။   အဲဒီမီးလောင်ကျွမ်းရာနေရာသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် အရာရှိကြီးများလည်း အချိန်မှီရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်…

Read More

မန္တလေးမြို့မှာ သင်္ကြန်ကာလ တာဝန်ထမ်းဆောင်နေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဓားထိုးခံရ

မန္တလေး၊ ဧပြီ ၁၄-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ ၁၇လမ်း နဲ့ လမ်း၈၀ထောင့် မှာ သင်္ကြန်ကာလ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ မေဃဂီရီရပ်ကွက်က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရမှုဖြစ်စဉ်တစ်ခု ဒီကနေ့ သင်္ကြန်အကျနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ” ဖြစ်တာက ကျွန်တော်တို့ တပ်ဖွဲ့ဝင်နဲ့တော့ မဆိုင်ပဲနဲ့ ဒီအတိုင်း ဓားနဲ့အထိုးခံရတာပါ၊ သူတို့က အဖွဲ့လိုက်လာပြီးလုပ်သွားတာပါ ၊ လူနာကတော့ စိုးရိမ်စရာမရှိတော့ပါဘူး ” လို့ အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း က ပြောပါတယ်။ ယခုလိုဖြစ်စဉ် ဖြစ်ပွားတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့မဟုတ်တဲ့အတွက် ခုလိုပွဲတော်အခမ်းအနားတွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးစိုးရိမ်နေရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ ဖြစ်စဉ်မှာ ပါဝင်တဲ့သူ အချို့ကို အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းမှာ ဖမ်းစီးထားပြီးဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း ထံမှ…

Read More
VOM News

FREE
VIEW