ဒါရိုက်တာအနေနဲ့ ဒရာမာကားတွေပဲ ရိုက်ဖို့ရည်မှန်းထားတဲ့ ခင်လှိုင်

 

ရန်ကုန် ဧပြီ ၁၉-၂၀၁၉

သင်းသဒ္ဒါ

ဟာသသရုပ်ဆောင် ခင်လှိုင် (ဥာဏ်ကြီးရှင်) ကတော့ ဒါရိုက်တာဖြစ်ရင် ဒရာမာကားတွေပဲ ရိုက်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က ကိုကုသိုလ်ကို အရမ်အား ကျခဲ့ရတာ၊ သူက ဒရာမာတွေအရိုက်များတယ်၊ အောင်မြင်ခဲ့ တယ်၊ ကျွန်တော် ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အသိန်းကလည်း ဒါရိုက်တာတစ် ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့ကြရင်းနဲ့ ကျွန်တော်မင်းသား သူဒါရိုက်တာ ဆိုပြီးတော့ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ကားတွေလည်း အများကြီးရှိတယ်။ “ဝလုံးရေးဖို့ ညီလေးထိုင် ” ဇာတ်ကားဆို အကြီးအကျယ်အောင်မြင်ခဲ့တယ်။ အဲ့ဒီမှာ ကိုကုသိုလ် ဒါရိုက်တာ လိုင်စင်ရခဲ့တယ်၊ နောက် ပိုင်းမှာ သူဒရာမာတွေပဲရိုက်ခဲ့တာပါ။ အဲ့ဒီတော့ တစ်နေ့ ကိုယ်ဒါရိုက်တာဖြစ် လာရင်လည်း ဒရာမာကားတွေပဲ ရိုက်ချင်တယ်၊ ရိုက်မယ်လို့ ရည်မှန်းထားပြီးသားပါ”လို့ ဆိုပါတယ်။

သူကတော့ ဒါရိုက်တာအနေနဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ စရိုက်ဆိုတဲ့ ဇာတ်ကားကို မေတ္တာဖွဲ့ အချစ်ဒရာမာ ဇာတ်လမ်းပုံစံနဲ့ နောင်ချိုမြို့မှာ ရက် ၂၀ ကျော်ကြာ သရုပ်ဆောင်တွေဖြစ်တဲ့ မြင့်မြတ် ၊ အိ ချောပို ၊ တိုင်ရွန် ၊ ခင်လှိုင် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးပုံဖော်နေတယ်လို့ သိရပါတယ်။ ချိုးရုပ်ကားနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်စိတ်ကူးယဉ်ထားတဲ့ ဇာတ်ပါ။ အနုပညာသမားတိုင်းက စိတ်ကူးယဉ်တတ် ကြတယ်၊ တစ်နေ့ ငါလုပ်ခွင့်ရခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကျွန်တော့်မှာဇာတ်တွေရေးထားတာ အများကြီးရှိတယ်။ အဲ့ဒီ ဇာတ်လမ်းတွေ ထဲက ထုတ်လုပ်သူကို ပြကြည့်တဲ့အခါမှာ ထုတ်လုပ်သူ အကြိုက် ရွေးချယ်ပြီး ဒီ ချိုးရုပ်ဇာတ်ကားကို ရိုက်ကူး ဖြစ် တာပါ။ ကျွန်တော် ဒီ ချိုးရုပ်ဇာတ်ကားကို လုပ်တတ်သလောက် ကြိုးစားရိုက်ကူးသွားမယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar #အနုပညာ #ခင်လှိုင် #ချိုးရုပ်

Related posts

Leave a Comment

VOM News

FREE
VIEW