ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း အာမခံရ

 

ရန်ကုန်၊ ဧပြီ ၁၉-၂၀၁၉

TGH (vom)

တပ်မတော်ရဲ့ တိုင်တန်းမှုကြောင့် ဒီကနေ့ နေ့လည်မှာ ဖမ်းဝရမ်းပြဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း(သူနာပြုတက္ကသိုလ်) ကို မရမ်းကုန်းမြို့နယ်ရဲစခန်းက အာမခံပေးပြီး ပြန်လွှတ်လိုက်တယ်လို့ သံချပ်အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်ကပြောပါတယ်။

မကေခိုင်ထွန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ပြီး ဒီကနေ့နေ့လည် ၁၂နာရီက ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်လ်ပင်)မှာ သူနာပြုတာဝန်ထမ်းဆောင်နေစဉ်အတွင်း မရမ်းကုန်းရဲစခန်းကနေ သွားရောက်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

“အာမခံရပါပြီ ။ ကျန်တာကို တရားရုံးကနေပဲ ဆက်ဖြေရှင်းသွားမှာဖြစ်ပါတယ်”လို့ ကိုဇေယျာလွင်ကပြောပါတယ်။ မကေခိုင်ထွန်းအပါအဝင် သင်္ကြန်ကာလတုန်းက တပ်မတော်ကို သံချပ်ထိုးဝေဖန်ခဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ ခေါင်းဆောင်တချို့ကိုလည်း ရဲတပ်ဖွဲ့ကနေ လိုက်လံရှာဖွေနေပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း သံချပ်ဖျော်ဖြေမှုတွေအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လည်း ဆင်ဆာတင်ပြခဲ့တာမျိုးမလုပ်ဘဲ လှည့်လည်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #သင်္ကြန် #သံချပ် #ဒေါင်းတို့မျိုးဆက်

Related posts

Leave a Comment

VOM News

FREE
VIEW