လက်ပံတန်း ဧပြီ ၂၅ -၂၀၁၉
မိုးယံ(ဇီးကုန်း)
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေးရွာနား ရန်ကုန်-ပြည် ကားလမ်း ရတနာဆီဆိုင် ရှေ့မှာ ဒီနေ့ ဧပြီ ၂၅ မနက် ၉ နာရီက ရန်ကုန်ဘက်က မောင်းလာတဲ့ New Life မှန်လုံ ခရီးသည်တင်ကားက ဆိုင်ကယ်တစ်စီးကို နောက်က တိုက်မှုဖြစ်ပွားခဲ့လို့ ဆိုင်ကယ်ကယ်ရီမောင်သူနဲ့ ခရီးသည်ကိုယ်ဝန်(၈)လရှိ အမျိုးသမီး သေဆုံးသွားခဲ့ပါတယ်။
`ယာဉ်တိုက်မှု ဖြစ်တယ်ကြားလို့ သွားကြည့်တော့ တိုက်တဲ့ကားရော ဆိုင်ကယ်ရေဘာမှမရှိတော့ဘူး ရဲစခန်းကိုသယ်သွားပြီ အတိုက်ခံရတဲ့ ကောင်မလေးက ကိုယ်ဝန်နဲ့ ဆေးရုံမှာ သေသွားတယ်´လို့ ကျွန်းကလေးရွာအုပ်ချုပ်ရေးမှုး ဦးမြင့်ဆွေက ပြောပါတယ်။
လက်ပံတန်း မြို့နယ် ချောင်းသာကုန်းရွာမှာနေတဲ့ မအိအိဖြူဟာ ကိုထွန်းထွန်းနိုင်မောင်းတဲ့ Luojia 110 အစိမ်းရောင် ဆိုင်ကယ်ကယ်ရီ နဲ့ မြို့ကို ဈေးဝယ်သွားချိန်မှာ ရန်ကုန်ကနေ ပြည်ဘက်ကို မောင်းနှင်လာတဲ့ KING LONG BUS ဖြူပြာရောင် မှန်လုံ ခရီးသည်တင်ကားနဲ့ တိုက်မိပြီး ဆေးရုံကို့ပို့ဆောင် ကုသနေစဉ် ကိုယ်ဝန်သည် မအိအိဖြူသေဆုံးသွားတာဖြစ်ပါတယ်။ ဆိုင်ကယ်မောင်းနှင်သူ ကိုထွန်းထွန်းနိုင် မှာ ပေါင်နှစ်ချောင်း စုတ်ပြဲ နှာခေါင်းသွေးထွက်ဒါဏ်ရာတွေနဲ့ ရန်ကုန်ဆေးရုံကို လွှဲပြောင်းလိုက်ပေမယ့် ဆုံးသွားပြီဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်မှာ မှန်လုံဘတ်စ်ကားယာဉ်မောင်း ဦးဝင်းခင်ကို ယာဉ်(ပ)၂၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ တို့ဖြင့် အမှုရေးဖွင့်ထားကြောင်း လက်ပံတန်း ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်မြတ်နိုးသူကပြောပါတယ်။
လက်ပံတန်းနားတဝိုက်မှာ ဒီနှစ်ပိုင်း ယာဉ်တိုက်မှုဖြစ်လို့ သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေကို လက်ပံတန်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုနိုင်ပြောပြတာက
‘ လက်ပံတန်းတဝိုက်မှာ ၂၀၁၉ခုနှစ် ဇန်န၀ါရီ လ ၁၂ ရက်က ဧပြီ ၂၅ရက်ထိ ယာဉ်တိုက်မှု ၃၉မှု ဒါဏ်ရာရလူနာ ၈၉ဦးနဲ့ လမ်းပေါ်မှာသေဆုံးသု၇ဦးရှိသွားပါပြီ ။ ကျွန်တော်တို့အဖွဲ့ အကူအညီပေးထားတာကိုပြောတာပါ´လို့ ယာဉ်တိုက်မှုမှာလိုက်ပါကူညီခဲ့တဲ့ လက်ပံတန်း လူမှုကယ်ဆယ်ရေးအဖွဲ့က ကိုနိုင်က ပြောပါတယ်။
#voiceofmyanmar #လက်ပံတန်း #ယာဉ်တိုက်မှု