နိင်ကျဉ်းသတ်မှတ်ချက် ရှင်းရှင်းလင်းလင်းရှိဖို့နဲ့ ထောင်ထဲမှာ နိုင်ကျဉ်းတွေ ကျန်သေးကြောင်း ဒီကနေ့ လွတ်လာတဲ့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လို့ရတဲ့ ဥပဒေရှင်းရှင်းလင်းလင်းမရှိဘူးလို့ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ဒီကနေ့မြစ်ကြီးနားထောင်ကလွတ်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဂျတ်က ဝေဖန်လိုက်သလို သူ့အမှုတွဲ ကိုလွန်းဇောင်းကလည်း နိုင်ကျဉ်းတွေ အများကြီးရှိနေသေးတယ်လို့ ပြောလိုက်ပါတယ်။

သူတို့ဟာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပိတ်မိ နေကြတဲ့ စစ်ရှောင်ပြည်သူတွေ ပြန်လည်လွတ်မြောက်လာစေရေး လူထုလှုပ်ရှားမှုနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ရာမှာ မြန်မာ့တပ်မတော်ကို အသရေပျက်စေတဲ့အသုံးအနှုန်းတွေ သုံးစွဲပြောဆိုခဲ့တယ်ဆိုပြီး ပုဒ်မ-၅၀၀ နဲ့ တရားစွဲဆိုခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၇)ရက်နေ့မှာ ထောင်ဒဏ် (၆)လနဲ့ ငွေဒဏ်ငါးသိန်းစီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။မစ်ကြီးနားက ဗီအိုအမ်သတင်းထောက် ကိုဝေဖြိုးအောင် သတင်းပေးပို့ထားတာပါ။

#voiceofmyanmar #မြစ်ကြီးနား #ဦးဇော်ဂျတ် #ဦးလွန်းဇောင်း #နိုင်ငံရေးအကျဉ်းသား

Related posts

Leave a Comment

VOM News

FREE
VIEW