သာယာဝတီ အကျဉ်း​ထောင်​က​နေ နိုင်​ငံ​တော်​သမ္မတရဲ့ လွတ်​ငြိမ်းခွင့်​နဲ့ အကျဉ်းသား/သူ (၂၀၉)ဦး ထက်မံလွတ်​​မြောက်

သာယာဝတီ ၊ ဧပြီ ၂၆-၂၀၁၉

မိုးယံ (ဇီးကုန်း)

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ရဲ့ အမိန့်အမှတ် ၁၅/၂၀၁၉ အရ လူသားခြင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ

(၆၉၄၈)ဦး တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားပဲ လွတ်ငြိမ်းသက်သာခွင့် ​ပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်​ သာယာဝတီ အကျဉ်း​ထောင်​မှာလည်း ဒီနေ့ ​နေ့လည်​ ၂နာရီခွဲအချိန်က အကျဉ်းသား(၂၀၁)ဦး၊အကျဉ်းသူ(၈)ဦး၊ စုစု​ပေါင်း(၂၀၉)ဦး တို့ ထက်မံလွတ်မြောက်လာပါတယ်။

ဧပြီ ၁၇ ရက်​​နေ့ကလည်း နိုင်​ငံ​တော်​သမ္မတရဲ့ လွတ်​ငြိမ်းသက်​သာခွင့်​နဲ့ သာယာဝတီ အကျဉ်း​ထောင်​ က အကျဉ်းသား (၁၃၉)ဦး အကျ​ဉ်းသူ(၃)ဦးလွတ်​​မြောက်​ခဲ့​တယ်​လို့ သာယာဝတီ အကျဉ်း​ထောင်​ ဦးစီးဌာနကနေ သိရပါတယ်​။

 

#voiceofmyanmar#သာယာဝတီ#အကျဉ်းသား/သူ(၂၀၉)ဦးလွတ်​​မြောက်#

Related posts

Leave a Comment

VOM News

FREE
VIEW