ထမင်းပေါင်းအိုး နှင့် အိုးအနီ သွယ်တန်းထားသော ပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်၃၂လုံး မီးလောင်ကျွမ်း

မန္တလေး၊ ဧပြီ ၂၇-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်/တောင်ရပ်ကွက်၊ အကွက်အမှတ် ၈၅၃ တွင် ဒီကနေ့ နံနက်ပိုင်းက ဒေါ်ခင်သန်းနု ပိုင်ဆိုင်သော ပေ၂၀×၃၀ မြေစိုက်ထရံကာ(၂)ထပ် နေအိမ်အတွင်း ထမင်းပေါင်းအိုး နှင့် အိုးအနီ သွယ်တန်းထားသော ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်ကျွမ်းစတင်ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကို မီးလောင်မှုအဆင့် Level-4၊ သန္ဓေ အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ကျော် နဲ့ မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် လူနေအိမ် ၃၂လုံး ၊ သိန်းပေါင်း ၂၃၀ကျော် မီးလောင်ပျက်စီးခဲ့ကာ ၊ မီးစလောင်တဲ့ အိမ်က အိမ်ပိုင်ရှင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

#voiceofmyanmar#မန္တလေး#နေအိမ်၃၂လုံးမီးလောင်#

Related posts

Leave a Comment

VOM News

FREE
VIEW