နတ္တလင်း ဧပြီ ၂၇-၂၀၁၉
မိုးယံ(ဇီးကုန်း)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို နတ္တလင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး လူအင်အား တစ်ထောင့်ငါးရာခန့်နဲ့ နတ္တလင်းမြို့မှာ ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ “ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ပုဒ်မ(၂၆၁) အမြန်ဆုံးပြင်ဆင်အတည်ပြုရေး´စတဲ့ ကြွေးကြော်သံတွေ နဲ့ ကြွေးကြော်ပြီးတော့ မနက် ၈ နာရီ အချိန်ခန့်ကနေ ၉ နာရီ အချိန်ထိ နတ္တလင်းမြို့ ရန်ကုန်-ပြည် ကားလမ်းတစ်လျောက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးထဲမှာ ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။
” ကျွန်တော်တို့ အမိမြန်မာနိုင်ငံမှာ တိုင်းရင်းသား (၁၃၅)မျိုးရှိပါတယ် အဲဒီတိုင်းရင်းသား(၁၃၅)မျိုးမှာ မွေးဖွားလာသူ မြန်မာ နိုင်ငံသားစစ်စစ် သမ္မတ ဖြစ်ရမယ်လို့် ပြောခဲ့တာပါ ဒါကြောင့်ကိုယ့်တိုင်းရင်းသား စစ်စစ်သမ္မတ ဖြစ်ရေးအတွက်ရေးဆွဲထားတဲ့ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ကို လေးလေးနက်နက် ထောက်ခံကြောင်း ပြောကြားလိုပါတယ်´လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်အတွင်းရေးမှူး ဦးကျော်မင်းထွဋ်ကဟောပြောခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်အကြီးအကဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ “ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတွေရဲ့ အရည်အချင်းများ ဆိုတဲ့ ပုဒ်မ ၅၉(စ) မှာတော့ မိမိကိုယ်တိုင်သော်လည်ကောင်း ၊မိမိ၏ မိဘ တစ်ပါးပါးသော်လည်ကောင်း ၊မိမိ၏ ဇနီး သိုမဟုတ် ခင်ပွန်းသော်လည်ကောင်း ၊မိမိ၏ တရာဝင် သားသမီးတစ်ဦးဦးသော်လည်ကောင်း ၊ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်ကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်ကောင်း ၊တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်ကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဆိုပြီး ဥပဒေပြု ပြဌာန်းထားပါတယ်။
#voiceofmyanmar #နတ္တလင်း #၅၉ (စ) မပြင်ရေး