ရန်ကုန် ၊ ဧပြီ ၂၈-၂၀၁၉ TGH(VOM) ၂၀၁၈ ခုနှစ်ရဲ့ စစ်ဆေးဖို့ကျန်ရှိနေတဲ့ ရာဇ၀တ်မှု ပေါင်း ၁၁၂၀၁၀ မှုရှိရာ အရေးကြီးရာဇ၀တ် မှုအမျိုးအစားတွေအနေနဲ့ မုဒိမ်း(ရိုးရိုး) ၊ သက်ငယ်မုဒိမ်း ၊ လူသတ်မှု ၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူးမှု ၊ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးတဲ့အမှုတွေပါဝင်နေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာ မှာဖော်ပြထားပါတယ်။ အဆိုပါ ကျန်ရှိ ရာဇ၀တ်မှုတစ်သောင်းကျော်ထဲမှာ မုဒိမ်း(ရိုးရိုး)က ၈၀၂ မှု ၊ သက်ငယ်မုဒိမ်း က ၁၁၂၀ ၊ လူသတ်မှုက ၁၃၃၉ ၊ မူးယစ်ဆေးဝါးမှုက ၁၂၄၁၇ ၊ လူကုန်ကူးမှု ၁၇၉ နဲ့ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးမှု ၃၂၉၄ ၊ အခြားအမှုပေါင်း ၉၂၈၅၉ ပါဝင်တာတွေ့ရပါတယ်။ ၂၀၁၈…
Read MoreDay: April 28, 2019
စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာမှာ သောက်သုံးရေအခက်အခဲဖြစ်ပေါ်
စစ်ကိုင်း၊ဧပြီ ၂၇-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ်၊မန္တလေး -ရွှေဘို -မုံရွာ သွားရာ ကားလမ်းမကြီးဘေးမှာရှိတဲ့ အုန်းတောတိုက်နယ်၊ အုန်းတောကျေးရွာမြောက်ပိုင်းမှာ သာက်သုံးရေအခက်အခဲဖြစ်ပေါ်နေပါတယ်။ အုန်းတောကျေးရွာမှာနှစ်စဉ်နွေရာသီကာလ ရွာအတွင်း ရေတွင်းများခမ်းခြောက်လေ့ရှိပြီး အဝီစိစက်ရေတွင်းရေဟာလည်း လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြောင့် အလှည့်ကျရေပေးဝေနေပြီး အုန်းတောကျေးရွာမြောက်ပိုင်းရှိ အိမ်ခြေ ၅၀၀ကျော်မှာသောက်သုံးရေအခက်အခဲဖြစ်ပေါ်နေတယ်လို့အုန်းတောကျေးရွာနေ ကိုအောင်ဆန်းကပြောပါတယ်။ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်း ပတ်ဝန်းကျင်ကျေးရွာများနဲ့ စစ်ကိုင်း-မင်းဝံတောင်ရိုးအနောက်ဘက်၊ စစ်ကိုင်း-ရွှေဘိုခရိုင်ချင်းဆက် အမှတ်၃လမ်းမဘေးရှိ ကျေးရွာတွေဟာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေတွင်း၊ရေကန်များခမ်းခြောက်ကာသောက်သုံးရေအခက်အခဲဖြစ်ပေါ်လေ့ရှိပြီး အဝီစိတွင်းတူးဖော်တဲ့အခါမှာ ရေချိုထွက်မှုနည်းပါးတာကြောင့် သောက်သုံးရေအခက်အခဲဖြစ်လေ့ရှိတယ်လို့သိရပါတယ်။ #voiceofmyanmar #စစ်ကိုင်း #အုန်းတော #ရေရှားပါး #သောက်သုံးရေအခက်ခဲဖြစ်
Read More