လီမာ၊ ဧပြီ -၂၀၁၉ မျိုးဆက် (VOM) ပီရူးသမ္မတဟောင်း အလန်ဂါစီယာကို အဂတိလိုက်စားမှု တစ်ခုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ လာရောက်ချိန်မှာ သူ့ရဲ့ နေအိမ်မှာ ကိုယ့်ကိုကိုယ် ဦးခေါင်းကို သေနတ်ပစ်ခတ်ပြီးနောက် ဧပြီ ၁၇ ရက်က ဆေးရုံမှာ သေဆုံးသွားပါတယ်။ ပီရူးနိုင်ငံက အေပီအာအေ ပါတီရဲ့ ရင့်ပါတီဝင်တစ်ဦးဖြစ်သူ အလန်ဂါစီယာ ဆေးရုံမှာ သေဆုံးသွားတဲ့အကြောင်းကို အေပီအာအေပါတီရဲ့ အထွေထွေအတွင်းရေးမှူး အိုမာကေဆာဒါက အတည်ပြုပြောဆိုပါတယ်။ ပီရူးနိုင်ငံမှာ ဆယ်စုနှစ်များစွာ တစ်ချိန်က အင်အားကြီးပါတီဖြစ်ခဲ့တဲ့ အေပီအာအေပါတီကို ဦးဆာင်ခဲ့သူ သမ္မတဟောင်း ဂါစီယာဟာ ကျွမ်းကျင်တဲ့ အဟောအပြောကောင်းသူတစ်ဦးဖြစ်ပြီး လွတ်လပ်တဲ့ ဈေးကွက်ကို ထောက်ခံသူအဖြစ် သူကိုယ်သူ ပြန်လည်ပြောင်းလဲမှုမတိုင်မီ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ပီရူးနိုင်ငံကိုအုပ်ချုပ်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ နောက်ထပ်ငါးနှစ်သက်တမ်း သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေနဲ့…
Read MoreMonth: April 2019
မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်
ပြုံးယမ်း၊ ဧပြီ၁၈-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲများအပြီးမှာ ပထမဆုံးအကြိမ်အဖြစ် အစွမ်းထက်ထိပ်ဖူးတပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက်လက်နက်သစ်တစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ လက်နက်သစ်ကို စမ်းသပ်ပစ်ခတ်တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အသေးစိတ်အချက်အလက်အနည်းငယ်ကိုသာ ဖော်ပြခဲ့ပေမယ့် စမ်းသပ်မှုကို ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ တာဝေးပစ်ဒုံးပျံတွေကို ပြန်လည် စမ်းသပ်ထုတ်လုပ်နိုင်ခြေတော့ မရှိဘူးလွှိ လေ့လာသူတွေကပြောပါတယ်။ ဒီလိုလက်နက်သစ်စမ်းသပ်ပစ်ခတ်တာတွေကို လွန်ခဲ့တဲ့ နိုဝင်ဘာလကလည်း မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ပြီး အမေရိကန်အပေါ် ဖိအားပေးဖို့ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ရပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲပြီးကတည်းက နျူကလီးယားဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းက နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့…
Read Moreလေပြင်းတိုက်ခိုက်ခတ်မှုကြောင့် ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအချို့ လူနေအိမ်အများအပြား ပျက်စီး
နေပြည်တော်၊ဧပြီ ၁၈-၂၀၁၉ ဒီပ(နေပြည်တော်) ဧပြီလ(၁၇)ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအချို့မှာတော့ လူနေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဒေသခံအချို့ထံကနေ သိရှိရပါတယ်။ “အခုလို လေပြင်းတိုက်ခတ်သွားတာ ပထမဆုံးအကြိမ်ပဲ စုစုပေါင်း(၄၆)အိမ် ပျက်စီးသွားတယ် ဘုန်ကြီးကျောင်းလဲ ပျက်စီးသွားတယ် လူတွေကတော့ မပျက်စီးပဲ ကျန်နေတဲ့အိမ်တွေမှာ ခိုလှုံနေကြတယ် လေတိုက်တာကတော့ မနေ့ကနေ့လည် (၂)နာရီလောက်မှာ စပြီးတော့တိုက်တာပဲ ဒီကနေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပျက်အစီးစာရင်း လာပြီးကောက်နေတယ်”လို့ နောင်လုံရွာ(မ) ဒေသခံ ဦးပညာက ပြောပါတယ်။ ယင်းကျေးရွာသည် ဆီဆိုင်မြို့ရဲ့မြောက်ဖက် မိုင်(၂၀)ခန့်အကွာမှာ တည်ရှိပြီး ပါလောပါကယ် ကျေးရွာအုပ်စုမှာပါဝင်ပြီး အိမ်ခြေစုစုပေါင်း(၉၆)အိမ် ရှိတယ်လို့ သိရပါတယ်။ ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သပြေကုန်းအုပ်စု ကသောင်းကျေးရွာတို့တွင်လည်း ဧပြီလ(၁၇)ရက်နေ့မှာတော့ မိုးသက်လေပြင်းနဲ့အတူ မိုးသီးများကြွေကျကာ လူနေအိမ်အပျက်စီးရှိခဲ့ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသက်ဆွေက…
Read Moreအာဖရိက နိုင်ငံ ဖြစ်ပွားခဲ့တဲ့ မြန်မာ့ဆန်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ကနေ စုံစမ်းဖော်ထုတ်မှု ပြုလုပ်မယ်
ရန်ကုန်၊ဧပြီ ၁၈ TGH (vom) အာဖရိက နိုင်ငံ ဖြစ်တဲ့ Ivory Coast မှာ မြန်မာနိုင်ငံရဲ့ ဆန်တန်ချိန်၁၈၀၀၀ ကို စားသုံးရန်မသင့်ဘူးဆိုပြီး ကျန်းမာရေး တာဝန်ရှိသူတွေက သတ်မှတ်ကြေညာ ဖျက်ဆီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ကနေ စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာမြန်မာ့ဆန် ပြည်ပတင်ပို့ မှု ဈေးကွက်အတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်တာကြောင့် ပြည်ပတင်ပို့မှု ဈေးကွက်ထိခိုက်မှုမရှိစေဖေို့စုံစမ်းဖော်ထုတ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ဖြေရှင်းထုတ်ပြန်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က သူရဲ့လူမှုကွန်ယက်စာမျက်နာမှာ ရေးသားထားပါတယ်။ လက်ရှိမှာတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ မူရင်း သတင်းတင်ပြတဲ့ BBC သတင်းထောက်အပါအဝင် ထပ်ဆင့် တင်ပြတဲ့ African News Agency တို့ ကိုဆက်သွယ်ထားကြောင်းနဲ့ အဆိုပါသင်္ဘောအတွက်ဆန်ရောင်းပေးခဲ့တဲ့ ပြည်တွင်းကုမ္ပဏီတွေကိုလည်းစုံစမ်းနေပါတယ်။ မြန်မာနိုင်ငံက…
Read Moreအင်းတော်မြို့မှာ ကျပ်သိန်းပေါင်း(၉၆၀၀)တန်ဘိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
ဧပြီ ၁၈-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဧပြီလ (၁၇)ရက်နေ့ည (၉း၃၀)မှာ ပိတ်ဆို့စစ်ဆေးရှာဖွေနေချိန် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ ကျပ်သိန်းပေါင်း (၉၀၀၀)ကျော်ဘိုး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အင်းတော်မြို့နယ် နဘားရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးသက်နိုင် နဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့စစ်ဆေးရှာဖွေနေချိန် ကသာမြို့နယ်ဘက်ကနေမိုးညှင်းမြို့နယ်ဘက်ကို ယာဉ်မောင်း ဇော်မင်းဦး (ခ) ဇော်မင်း မောင်းနင်လာတဲ့ YGN-5J/1815 VIGO အမျိုးအစား နှစ်ခန်းတွဲယာဉ် (ယာဉ်မှတ်ပုံတင် စိစစ်ဆဲ) ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ယာဉ်ရှေ့ခန်းနဲ့ နောက်ခန်းက ကြမ်းခင်းအံဝှက်အတွင်းက အနက်ရောင် ကြွပ်ကြွပ်အိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ ဘိန်းဖြူပါဆပ်ပြာခွက် (၆၆၀)ခွက် ဘိန်းဖြူအလေးချိန်(၆၆၀၀)ဂရမ် ကာလတန်ဘိုး ကျပ်သိန်း(၆၆၀၀) နဲ့အတူ 88/1 စာတမ်းပါ ပန်းရောင်မူးယစ်ဆေးပြား အထုပ်(၃၀၀)…
Read Moreပြည်မှာ သင်္ကြန်အတက်နေ့က ရေနစ်တဲ့အမျိုးသမီးငယ် ၃ ဦးရဲ့ အလောင်းတွေပြန်လည်တွေ့ရှိ
ဧပြီလ ၁၈ ရက်-၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ၊ ပြည်မြို့ ၊ ခေတ္တရာဧရာပန်းခြံနောက် ၊ ဧရာဝတီမြစ်ထဲမှာ ဧပြီလ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲ ခန့်က ရေဆင်းဆော့ရင်း ရေနစ်ခဲ့တဲ့ အမျိုးသမီးငယ်သုံးဦးအား ဧပြီလ ၁၇ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ကြပါတယ် ။ ” ဟိုနားကနေလှေလှော်ပြီးရှာတော့ ခေါင်းလေးပေါ်လာတာ ခေါင်းလေးပေါ်လာတော့ သူတို့ကိုလှော်ခိုင်းတာ ရောက်တော့ ခေါင်းကိုပိတ်ဆွဲလိုက်တာ လှေကမှောက်သွားပြီးလက်ထဲကလွတ်သွားကော ပြီးမှ ပြန်ပေါ်ပြီးပြန်တွေ့လာတာ ” လို့ အလောင်းရှာဖွေရေးလုပ်တဲ့ ကိုအောင်ကျော်ကျော်ကဟြေပါတယ် ။ မိန်းကလေးငယ် သုံးဦးဟာ ပြည်မြို့သံန္ဒေပင်ရပ်ကွက်မှာ နေထိုင်သူများဖြစ်ပြီး မမြတ်မြတ်သူ အသက် ၁၃ နှစ် ၊ မနှင်းပွင့်ဖြူ အသက် ၁၁ နှစ် နဲ့ မသန်းမြတ်စိုး…
Read MoreTikTok အက်ပလီကေးရှင်းကို အိန္ဒိယနိုင်ငံမှာ ပိတ်ပင်လိုက်ပြီ
ဒေလီ၊ ဧပြီ-၁၇ ၊ ၂၀၁၉ မျိုးဆက် (VOM) အက်ပဲနဲ့ ဂူဂဲလ်ကုမ္ပဏီတို့ဟာ အိန္ဒိယနိုင်ငံရှိ ၎င်းတို့ရဲ့ အက်ပလီကေးရှင်းစတိုးတွေက ဗီဒီယိုဖန်တီးဖို့နဲ့ မျှဝေဖို့ သုံးစွဲသူတွေကို ခွင့်ပြုထားတဲ့ TikTok အက်ပလီကေးရှင်းကို ဖယ်ရှားလိုက်ပါတယ်။ TikTok အက်ပလီကေးရှင်းကို ညစ်ညမ်းမှုတွေဖြန့်ဝေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး အက်ပလီကေးရှင်းစတိုးတွေကနေ ဖယ်ရှားဖို့ မဒရက်တရားရုံးချုပ်က အမိန့်ချလိုက်ပြီးနောက် အက်ပဲနဲ့ ဂူဂဲလ်ကုမ္ပဏီတို့က TikTok အက်ပလီကေးရှင်း ကို တားဆီးပိတ်ပင်လိုက်တာဖြစ်ပါတယ်။ TikTok အက်ပလီကေးရှင်းကို ပိုင်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance ရဲ့အယူခံကို အိန္ဒိယတရားရုံးချုပ်က ဧပြီ ၁၆ ရက်မှာ ငြင်းပယ်လိုက်ပြီး အမိန့်ကိုလိုက်နာဖို့ ညွှန်ကြားထားပါတယ်။ အိန္ဒိယနိုင်ငံမှာ TikTok သုံးစွဲသူဦးရေ သန်း ၁၂၀ကျော်အထိရှိနေပါတယ်။ ဒါပေမယ့် မသင့်လျော်တဲ့ အကြောင်းအရာတွေမျှဝေတာနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်နေရပါတယ်။ TikTok ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ…
Read Moreထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရန်ဂမ် သမ္မတလွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်
မန္တလေး၊ ဧပြီ ၁၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရမ်ဂမ် ဟာ နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နေ့လယ်ပိုင်းက လွတ်မြောက်ခဲ့ပါတယ်။ ဦးမရန်ဂမ်နဲ့ ခေါင်းဆောင် ၃ဦးဟာ ၂၀၀၀ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး တဦးကတော့ ထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။ ဒီနေ့ ဦးမရန်ဂမ်လိုပဲ မုံးကိုးဒေသကာကွယ်ရေးတပ်ရဲ့ ဒုဥက္ကဌ ဦးဇော်လဟာလည်း မြင်းခြံထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။ ဦးမရန်ဂမ်ထောင်ကလွတ်အပြီး ဘာပြောသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုဟိန်းကိုက မေးမြန်းတင်ဆက်ထားပါတယ်။ #voiceofmyanmar# မန္တလေး#ဦးမရန်ဂမ် #လွတ်ငြိမ်းချမ်းသာ
Read Moreမင်းလှမှာ လူငယ်တဦး ကြိုးဆွဲချသေဆုံး
မင်းလှ ဧပြီ ၁၈-၂၀၁၉ မိုးယံ (ဇီးကုန်း) သာယာဝတီ ခရိုင် မင်းလှ မြို့နယ်မှာ ဧပြီ ၁၇ မနက် ၁၀နာရီ ဝန်းကျင်က အသက် ၂၇ နှစ် အရွယ်ရှိတဲ့ အမျိုးသား တစ်ဦးဟာ ကြိုးဆွဲချ သေဆုံးသွားတယ်လို့ မင်းလှမြို့ မ ရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့မနက် ၁၀နာရီခန့်က အနောက်ကြို့ကုန်း ရွာက လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း ဆယ်အိမ်မှူး ဦးအောင်မျိုးကနေ ရဲစခန်းသို့် ဖုန်းဆက် အကြောင်းကြားလို့ သွားရောက်စစ်ဆေးခဲ့တာမှာ စွပ်ကျယ် အဖြူရောင် ပုဆိုးခရမ်းရောင် အကွက်စိပ် ဝတ်ဆင်ပြီး ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကိုတွေ့ရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေဆုံးသူ ရဲ့အကို ဖြစ်သူ ဦးအောင်မိုးက`ကျွန်တော့ ညီက အရက်အလွန်အကျွံသောက်တတ်တယ် အရက်ကြောင်…
Read Moreလွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ နိုင်ကျဉ်းတချို့ပါပေမယ့် လွှတ်ပေးဖို့လိုသေး ရန်ကုန်၊ဧပြီ ၁၇ -၂၀၁၉ TGH (VOM) ယနေ့ သမ္မတ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ လူသတ်မှု ၊မုဒိမ်းမှု နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မပါဝင်ဘူးလို့ အကျဉ်းဦးစီးပြောရေးဆိုခွင့်ရှိသူ ဦးမင်းစိုးထွန်းက ပြောပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေကို ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အကျဉ်ထောင်ကနေ စတင်လွှတ်နေတာဖြစ်ပေမယ့် အသေးစိတ်အခြေနေ အချက်အလက်တွေကိုတော့ ညနေပိုင်းမှသာ အတိကျသိရှိနိုင်မယ်လို့လည်း ပြောပါမယ်။ ” လူသတ်မှု ၊မုဒိမ်း ၊နိုင်ကျဉ်းတွေ တော့မပါဘူးလို့သိရတယ်။ အစောဆုံး ၅ယောက် ၆ ယောက်လောက်ကိုတော့ စလွှတ်နေပြီ။ ခုလည်းလွှတ်ဖို့ ဆက်လုပ်နေတယ်။ဘယ်သူ ၊ဘယ်လိုအမှုဆိုတာကိုတော့ သေချာပြောလို့မရသေးဘူး။”လို့ “ဦးမင်းစိုးထွန်းက ပြောပါတယ်။ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံရဲ့…
Read More