သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေလွှတ်ပေးကြောင်း သတင်းမှားကို လူမှုကွန်ယက်တင်မိသူ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ

မန္တလေး ဧပြီ ၃-၂၀၁၉ PEN (VOM)     မတ်​လ ၂၉ ရက်​​နေ့ ညပိုင်းက  သမ္မတရဲ့ လွတ်​ငြိမ်းချမ်းသာခွင့်​နဲ့  အကျဉ်းသားတွေ အစုလိုက်​အပြုံလိုက်​ လွှတ်​​ပေး​ကြောင်း ဖေ့ဘုတ်လူမှုကွန်ယက်တင်သူတယောက်ကို မန္တလေးတိုင်း အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပုဒ်မ ၆၆ဃ နဲ့ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ မန္တ​လေးတိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ရုံးကနေသိရပါတယ်။   ​ ကျော်​​ထွေး facebook account ပိုင်ရှင်ဟာ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်​ယက်​စာမျက်​နှာပေါ်မှာ ​ သမ္မတ၏ လွတ်​ငြိမ်းချမ်းသာခွင့်​ဖြင့်​ အကျဉ်းသားအစုံလိုက်​အပြုံလိုက်​လွှတ်​​ပေး​တာ ဝမ်းသာပီတိဖြစ်ရပါတယ် သမ္မတကြီးရေ ခေါင်းစဉ်နဲ့“   ယနေ့သမ္မတကြီးအမိန့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများစာရင်းမှာ အစုလိုက် အပြုံလိုက် လွှတ်ပေးတဲ့စာရင်းက ထူးခြားတယ်၊ AAI//W စာရင်းဝင်နိုင်ကျဉ်း (၃၆)ယောက်ကတော့ မထူးခြားပါဘူး။ တကယ်တူးခြားတာ တွေက အသက် (၇၅ ) နှစ်က အထက်…

Read More

စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၀၀ နီးပါးထိခိုက်ပျက်စီး

  မုံရွာ ဧပြီ ၃-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလ ကနေ ဧပြီလ ၂ ရက်နေ့ အထိ လေပြင်းတိုက်ခတ်တဲ့ အတွက် ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀ နီးပါးအထိ ရှိခဲ့ပြီးဖြစ်တယ်လို့ စစ်ကိုင်း တိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလအတွင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိရောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဧပြီလ (၂)ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။…

Read More

ပိုင်ရှင်မဲ့သစ်တွေ ​​မကြာခဏဖမ်း​မိတဲ့ မင်းတုန်းက သစ်ဖမ်းပွဲ

မင်းတုန်း ဧပြီ ၃-၂၀၁၉ ဂျန်​ကိုးလ်​(VOM)   ​​​မ​ကွေးတိုင်း​ မင်းတုန်းမြို့နယ်​က ရူ​ချောင်းအဖျားမှာ တရားမ၀င်​ကျွန်းသစ်​ စကွဲယားတုံး (လေးထာင့်တုံး)  အလုံး၈၀ခန့်​နဲ့အတူ သစ်​တင်​ကား တူးက​ရောင်း သစ်တစ်​စီးကို မတ်​လ၂ရက်​​နေ့လယ်​က ပိုင်​ရှင်​မဲ့ဖမ်းမိခဲ့တယ်​လို့ မင်းတုန်းမြို့ အမှတ်​၁ မဲဆန္ဒနယ်​​မြေ တိုင်းလွှတ်​​တော်​ကိုယ်စားလှယ် ​ဦးတင်​၀င်းထံကသိရပါတယ်​။   “​ဒေသခံပြည်​သူတဦးကသတင်း​ပေးလို့ ကျ​နော်​နဲ့​ထွေအုပ်​ကဒုဦးစီးမျိုးမင်းထွန်း သစ်​​တောနဲ့ရဲ ​နောက်​ ကျ​နော်​တို့မြို့နယ်​ပါတီက အီးစီကို​ကျော်​မင်းဦးကို အ​ဖေါ်​ခေါ်တက်​ရတာ​ ကျေးရွာ​တွေနဲ့မိုင်​၂၀​လောက်​​ဝေးတယ်​ ။ ဟိုဘက်​မြို့နယ်​(ကံမ)ဘက်​ကိုထုတ်​တာ ။ ကားကပျက်​ကျန်​ခဲ့တာ လမ်းကဖုန်​​နေတာဘဲ”လို့ မကြာခဏသစ်ဖမ်းရာမှာပါခဲ့တဲ့ ဦးတင်​၀င်းက​ပြောပြပါတယ်​   သတင်းအရကျန်​​နေ​သေးတဲ့ သစ်​​တွေကိုဆက်​လက်​ရှာ​ဖွေရဦးမှာဖြစ်​တယ်​လို့သူကဆက်​​ပြောပါတယ်​။ အခုဖမ်းမိတဲ့​နေရာဟာ သစ်​​တောဦးစီးဌာနရဲ့ စီးပွားဖြစ်​ ကျွန်းစိုက်​ခင်းနဲ့လည်း မ​ဝေးဘူးလို့​ဒေသခံ​တွေက​ပြောပါတယ် ။ စီးပွား​ဖြစ် ကျွန်းစိုက်​ခင်းကို အုပ်​ချုပ်​​ထောက်​ပံ့မှု လွယ်​ကူ​စေရန်​ ကားလမ်း​ဖောက်​တာကို  ဦး​ဆောင်​ကန့်​ကွက်​ခဲ့တဲ့ စပါးတန်း ဆည်ကော်မတီဥက္ကဋ္ဌ  ဦးဌေးလွင်​​ပြောတာက   “ကျ​နော်​တို့ရွာရဲ့ မိုးရာသီစိုက်​ပျိုး​ရေ အတွက်​တည်​​ဆောက်​ထားတဲ့ဆည်​​ဘေးက ကပ်​​ဖောက်​တာဆည်​ပျက်​မှာစိုးတယ်​ ​နောက်​ပီးမကြာခင်​သစ်​ခိုးလမ်းဖြစ်​မှာစိုးရိမ်​တယ်​”လို့ဆိုပါတယ်​။…

Read More

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကားလမ်း နှောင့်ယှက်မှုများရှိသော်လည်း လုပ်ငန်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်

ဟားခါး ဧပြီ ၃-၂၀၁၉ မိုင်ချယ်ရီ  (VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့  အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့  အကြား နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်း ဖောက်လုပ်နေတဲ့ စီမံကိန်းမှာ လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့ နှောင့်ယှက်ဖျက်စီးတာတွေ လုပ်နေပေမယ့် စီမံကိန်း ကို ပြီးစီးဆောင် ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။ အေအေလက်နက်ကိုင် အဖွဲ့ ဟာဆိုရင် ပလက်ဝမြို့နယ် တွင်းကင်းအလောင်းကျေးရွာ အနီးမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်းအတွက် လမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆုထူးစံ ကုမ္မဏီက ၀န်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လမ်းလုပ်ဖို့ အသုံးပြုနေရတဲ့ ယာဉ်ယန္တရားတွေကို ဖျက်ဆီးတာတွေ ကို မတ်လ ၃၀ ရက်နေ့ က လုပ်ဆောင်ခဲ့ပါတယ်။   ဒီလို လုပ်ဆောင်ခဲ့တာကြောင့် လမ်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ အလုပ်တွေ ဆက်မလုပ်နိုင်ကြပဲ…

Read More

သရက်မှာရှိတဲ့ တူရကီစစ်သင်္ချိုင်းကို ပြန်လည်ပြုပြင်ထိမ်းသိမ်းမည်

သရက် မတ် ၃ – ၂၀၁၉ ဂျန်​ကိုးလ်​ (VOM)     သရက်​မြို့​မြောက်​ဘက်​ နှစ်မိုင်​ခန့်​အကွာမှာ တည်ရှိတဲ့ တူရကီစစ်​သင်္ချိုင်းကို ပြုပြင်​ထိန်းသိမ်း တဲ့ လုပ်​ငန်းတွေ လုပ်​​ဆောင်​ဖို့ ​ ပဋိညာဉ်စာချုပ်​ ကို ၂၀၁၉ မတ်​လ၂ရက်​ က သရက်​မြို့စည်​ပင်​သာ​ရေးရုံးမှာချုပ်​ဆိုလိုက်​ပါတယ်​။   “တူရကီစစ်​သင်္ချိုင်းဟာ ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်​လည်​ပြုပြင် ​တည်​​ဆောက်​ခဲ့ပြီး ​မြေယာအလှဆင်​ခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း လုပ်​ငန်းတို့ကို မြို့နယ်​စည်​ပင်​နဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့တာပါ။  နှစ်​စဉ်​ဝင်​​ငွေ ယူရို၁၂၀၀၀နဲ့ညီမျှတဲ့မြန်မာ​​ငွေကိုသံရုံးက​နေ ရရှိတယ်​”လို့စည်​ပင်​​ကော်​မတီဥက္ကဌဦးခင်​​မောင်​စိုးက​ ပြောပါတယ်​။   အခုလို လက်​မှတ်​​ရေးထိုးတာဟာ ၄ကြိမ်​​မြောက်​ဖြစ်​ပြီး စာချုပ်​မှာမြန်​မာ တူရကီ အင်္ဂလိပ်​၃ဘာသာနဲ့​ရေးထိုးတာဖြစ်​ပြီး တစ်​စုံတခုအငြင်းပွားဖွယ်​ဖြစ်​ခဲ့ရင် အင်္ဂလိပ်​ဘာသာက အတည်​ဖြစ်​တယ်​လို့ ဦးခင်​​မောင်​စိုးက​ပြောပါတယ်​။   “သရက်​မြို့စည်​ပင်​သာယာ​ရေးအမှူ့​ဆောင်​အရာရှိ နဲ့သံအမတ်​ကြီး H.E Mr Kerem-Divanliogluတို့ လက်​မှတ်​​ရေးထိုးကြပြီး Mr.Sametkickနဲ့…

Read More

နတ်မတောင်အမျိုးသားဥယျာဉ်မှာ  ခရီးသွားဧည့်သည် ၀င်ကြေးကောက်ရန်စီစဉ်

ကန်ပက်လက် ဧပြီ ၂-၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် မင်းတပ်ခရိုင် အတွင်းရှိ နတ်မတောင်(ခေါ်)ခေါနူးစုမ် အမျိုးသားဥယျာဉ် အတွင်း ၀င်ရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေထဲကနေ ပြည်တွင်း ခရီးသွားဧည့်သည်တွေကိုလည်း ၀င်ကြေးကောက်ခံဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နတ်မတောင်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုး က ပြောပါတယ်။   နတ်မတောင် အမျိုးသားဥယျာဉ်အတွင်းကို ၀င်ရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ ထဲကနေ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ၂၀၁၄ ခုနှစ်ကနေ စတင်ပြီးတော့ လူတစ်ဦးကို မြန်မာငွေကျပ် တစ်သောင်း ကောက်ခံခဲ့ပါတယ်။ ဒီလို ကောက်ခံခဲ့ရာကနေ လာမယ့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ကုန်လောက်ကနေ စပြီးတော့ ပြည်တွင်းခရီးသွားဧည့်သည်တွေကိုလည်း  လူကြီးတစ်ဦးလျင် ငွေကျပ် တစ်ထောင် ၊ ၁၂ နှစ်အောက် ကလေးတစ်ဦးလျင် ငွေကျပ် ငါးရာ ကောက်ခံဖို့  ပြည်နယ်အစိုးရထံ ကို အစီအစဉ်တွေ…

Read More

ညမထွက်ရအမိန့်ထုတ်ပြန်မယ့် ညွှန်ကြားချက်စာရွက်ပေါက်ကြားမှုအပေါ် အရေးယူမယ်လို့ ရဲတပ်ဖွဲ့ပြော

စစ်တွေ၊ ဧပြီ ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ညွှန်ကြားချက်စာတစ်စောင်ဟာ ပေါက်ကြားခဲ့ပြီး မနေ့က ဧပြီလ ၁ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။   အဲ့ဒီညွှန်ကြားချက်စာရွက်ဟာ တရားဝင် အမိန့်ထုတ်ပြန်တာမျိုး မရှိသေးဘဲ အခုလိုပေါက်ကြားမှုတွေဖြစ်ပွားခဲ့တဲ့ စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်ပြီး အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲ့မှူးကြီးကြည်လင်းကပြောပါတယ်။   “ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့တော့မသိသေးဘူး။ တရားဝင်အကြောင်းကြားတာလည်းမရှိသေးဘူး။ ခင်ဗျားတို့သိတဲ့ဟာရှိရင်လည်း ကျွန်တော်တို့ဆီကို လှမ်းပို့ပေးပါ။ အဲ့ဒီစာရွက်က ဘယ်ကနေလာတာလဲဆိုတာကို ကျွန်တော်တို့ ဒီကနေ စိစစ်မယ်။”လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကပြောပါတယ်။   အဲ့ဒီညွှန်ကြာချက်မှာ စစ်တွေခရိုင်အတွင်းက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်၊ မြောက်ဦးခရိုင်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို…

Read More

ဖက်​ဝန်းချောင်းကျေးရွာသို့ လက်​နက်​ကြီးကျရောက်​ ၂ဦးဒဏ်​ရာရ

ကျောက်​တော်​၊ ဧပြီ ၁-၂၀၁၉ ခိုင်​လင်းစံ(VOM) ရခိုင်​ပြည်​နယ်​ ကျောက်​တော်​မြို့နယ်​ ဖက်​ဝန်းချောင်း မြိုတိုင်းရင်းသားကျေးရွာထဲကို ဒီနေ့ညနေပိုင်းက လက်​နက်​ကြီးကျည်​ကျရောက်​ပြီး ကျေးရွာသား ၂ဦးထိခိုက်​ဒဏ်​ရာရရှိခဲ့ပါတယ်​။ ဒဏ်​ရာရရှိ ၂ဦးထဲက တစ်​ဦးမှာ ဒဏ်​ရာပြင်းထန်​တဲ့အတွက်​ ကျောက်​တော်​ဆေးရုံကနေ စစ်​တွေဆေးရုံကိုယူဆောင်​လာခဲ့တာမှာ ညနေ၈နာရီကျော်​မှ ရောက်​ရှိခဲ့ပါတယ်​။   “ကျွန်​မသားလေးက နေ့လည်​ပိုင်းမှာ သူ့အစ်​မဆီမှာ အလုပ်​လုပ်​ပြီးတော့ ရွာထဲကအိမ်​ကြီးတစ်​အိမ်​မှာ သွားနေပါတယ်​။ အဲ့ဒီမှာ ရွာသား ၂၀ လောက်​ ရှိနေတာပါ။ အဲ့ဒီအိမ်​ရှေ့ခြံအတွင်းမှာ လက်​နက်​ကြီးကျည်​ကျပြီး ပေါက်​ကွဲခဲ့တာပါ။ ကျွန်​မသားလေးနဲ့ နောက်​တစ်​ယောက်​ကိုထိသွားပါတယ်​။”လို့ ဒဏ်​ရာရရှိသူ မောင်​မောင်​သူရဲ့အမေ ဒေါ်မဝင်းကပြောပါတယ်​။   နေအိမ်​ခြံဝင်းအတွင်း လက်​နက်​ကြီးကျည်​ကျရောက်​တဲ့အတွက်​ ထိခိုက်​ဒဏ်​ရာရရှိသူ ၂ဦးမှာ ဖက်​ဝန်းချောင်းရွာသား ဦးဇော်​မင်း ၃၂ နှစ်​နဲ့ မောင်​မောင်​သူ ၁၅ နှစ်​တို့ဖြစ်​ကြပါတယ်​။   “ဘယ်​ကပစ်​တယ်​ဆိုတာတော့ တိတိကျကျပြောဖို့ခက်​ပါတယ်​။ ကျွန်​တော်​တို့ရွာအရှေ့ဘက်​ ကန်​ဇောက်​ရွာရှိတဲ့ဘက်​ကလာတာပါ။ ညနေ ၃ နာရီလောက်​မှာ…

Read More

အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီး

နေပြည်တော် ဧပြီလ ၁-၂၀၁၉ ကိုထွန်း နေပြည်တော် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်က အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ပိုင် မြေကွက်မှာ မြေဖို့လုပ်ငန်းဆောင်ရွက်ပေးရတာ၊ အဲ့ဒီ မြေကွက်မှာ အိမ်ဆောက်လုပ်တဲ့ အင်ဂျင်နီယာကို ငွေပေးဖို့အတွက် ဖုန်းနဲ့ဆက်သွယ်တောင်းခံတဲ့အတွက် သူရဲ့ Bank Accountထဲကို ငွေထည့်သွင်းပေးခဲ့ရပြီး ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား အငြင်းပွားမှု ဖြစ်ပေါ်တဲ့အခါမှာသာ ပြန်လည်ပေးအပ်ခဲ့တာတွေကိုအရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ သုန္ဒရီ(၂)လမ်းနှင့် (၃)လမ်းကြားက သူပိုင်ဆိုင်တဲ့ အမှတ်(A064)မှာ မြေညှိ မြေဖို့တဲ့ လုပ်ငန်းကို ဆောင်ရွက်စေပြီး ကုန်ကျငွေကျပ် ၃,၂၇၂,၀၀ဝိ/-ကို ကုမ္ပဏီသို့ ပေးချေခိုင်းခဲ့သလို၊ ၂၀၁၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း သူ့ရဲ့မိသားစုနဲ့အတူ ငပလီကမ်းခြေ အပန်းဖြေခရီး…

Read More

မိုးကုတ်က ကျောက်မျက်ကုမ္ပဏီနဲ့ ဒေသခံတွေ ပဋိပက္ခ ဖြစ်ပွားရာကနေ ဂိုဒေါင်တလုံး မီးလောင်ပျက်စီး

ဧပြီ ၁၊ ၂၀၁၉ သက်သက်(VOM)   မိုးကုတ်မြို့ အနောက်ဖက် ၁၃ မိုင်အကွာက ဘောလုံးကြီးရွာမှာ ဌေးပိုင် ကျာက်မျက်တူးဖော်ရေး ကုမ္ပဏီကတာဝန်ရှိသူတွေနဲ့ နဲ့ ဒေသခံရွာသားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် ကုမ္ပဏီပိုင် ဂိုထောင်တလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။   ဘောလုံးကြီးရွာမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဖက်စပ်ကုမ္ပဏီတခုဖြစ်တဲ့ ဌေးပိုင် ကုမ္ပဏီဝန်ထမ်းတွေနဲ့၊ကျောက်တူးသူရွာသားတွေ မတ်လ ၃၁ ရက်နေ့ညပိုင်းမှာ အခြေအတင် စကားများရာက ပြဿနာတက်ခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။   “ကုမ္ပဏီက ကျောက်တူးခွင့် သက်တမ်းကုန်ပြီး ကျောက်တူးခွင့်မရှိဘူးပေါ့။ သက်တမ်းကုန်ရင် အစိုးရကို ပြန်အပ်ရမှာကို မအပ်သေးပဲ သက်တမ်းတိုးဖို့ စောင့်နေတုန်းကို ကုမ္ပဏီက ပစ္စည်းတွေ စောင့်ရှောက်ဖို့ လူတွေ ထားတယ်ဆိုတာမျိုး သူတို့က နေနေတယ်ပေါ့။ ဒီလိုဖြစ်နေတုန်းကို ဒေသခံတချို့က အဲ့ဒီနားမှာ…

Read More
VOM News

FREE
VIEW