ဇလုံတောင်တော် ခြေရင်းက ခမိုး ကားဝင်းကုမ္ပဏီကို ဒေသခံတွေက ဆန္ဒဖော်ထုတ်

ဗန်းမောက်- မေ ၃-၂၀၁၉

 

နိုင်ကြီး – ကသာ  + စောပြည့်ချမ်းသာ (VOM)

 

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော် ခြေရင်းက ခမိုး ကားဝင်း နှင့် အနားယူအပန်းဖြေစခန်းကို တည်ဆောက်ထားတဲ့ တာရင်း ကုမ္ပဏီကို ကျေနပ်မှုမရှိတာကြောင့် ဒေသခံ အင်အား(၁၀၀၀)ကျော် တို့က မေလ(၃)ရက်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်ကာ ဗန်းမောက်မြို့တွင်းမှာ လှည့်လည်ပြီး တာရိန်း ကုမ္ပဏီကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။

 

ဗန်းမောက်မြို့နယ် ဇလုံတောင်တော် ခရီးသွားလုပ်ငန်း နှင့် စီးပွားရေးတို့ကို ကုမ္ပဏီက ခြယ်လှယ်လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည်ဟု ဆိုကာ ဗန်းမောက်မြို့နယ်ရှိ ဒေသခံ (၁၀၀၀)ကျော် တို့က မေလ(၃)ရက်နေ့ နံနက်မှာ ဗန်းမောက်မြို့ မြို့မအနောက်ရပ်မှာ လူစုဝေးပြီး မြို့တွင်းကို လှည့်လည် ခဲ့ကြတာပါ ။

ခမိုး ကားဝင်း ကုမ္ပဏီထွက်သွားရေး (ဒို့ အရေး) ၊ ခရိုနီ စီးပွားရေး (အလိုမရှိ) ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ ခမိုး ကားဝင်းစီမံကိန်း (ဖျက်သိမ်းပေး) ၊ ဒေသခံပြည်သူ အခွင့်အရေး ရရှိရေး (ဒို့ အရေး) ၊ တာရိန်း ကုမ္ပဏီ နှင့် အပေါင်းအပါ ဝန်ကြီးများ (အလိုမရှိ) ဆိုတဲ့ ကြွေးကျော်သံ များနှင့်အတူ သီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။

 

 

 

 

ဗန်းမောက်မြို့နယ် က ဇလုံတောင်တော်ဟာ ပွင့်လင်းရာသီရောက်ရှိလာတာနဲ့ မြန်မာနိုင်ငံ အနံ့အပြားက ဘုရားဖူးဧည့်သည်တွေ တစ်နေ့တစ်နေ့ကို ရာချီ ထောင်ချီပြီး လာရောက်ဖူးမြော်ကြတာကြောင့် မြန်မာပြည်အထက်ပိုင်းက ကျိုက်ထီးရိုး လို့ တင်စားခေါ်ဝေါ် ကြပါတယ် ။

 

ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ ဦးစိုင်းခမ်းရွှေက  ‘ တာရိန်းကုမ္ပဏီကိုတင်တာမခေါ်ဘဲ ချပေးခြင်းဟာ ဥပဒေနဲ့မညီဘူးဗန်းမောက်မြို့နယ်အတွင်းကထူးခြားအံဖွယ် သမိုင်းဝင် ဇလုံတောင်တော်မြတ်ကို နာမည်ကြီး ထင်းရှားပေါ်လွင်လာအောင် နယ်သူနယ်သားအပေါင်းတို့ ရဲ့ သွေး ချွေး ငွေအား လုပ်အားတို့ နဲ့နှစ်ပေါင်းများစွာ ဇလုံတောင်တက်လမ်းကိုပင်ပန်းဆင်းရဲစွာ ဖောက်လုပ်ခဲ့တယ်နောက်ပိုင်းတွင် တိုင်းအစိုးကနေ တင်ဒါမခေါ်ဘဲ တာရိန်းကုမ္ပဏီ (ခမိုးယာဉ်ရပ်နားစခန်းနဲ့အပန်းဖြေစခန်း)ကို လုပ်ပိုင်ခွင့် ချပေးတယ် ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းကို ခြယ်လှယ်လက်ဝါးကြီးအုပ်ရန် လာရောက်လုပ်ကိုင်တာကိုဒေသခံတွေက သဘောမတူတဲ့အတွက်ဆန္ဒထုတ်ဖော်ရတာလို့” ပြောပါတယ်။

 

ဇလုံတောင် ခမိုးယာဉ်ရပ်နားစခန်းနဲ့အနားယူအပန်းဖြေစခန်း ဟာ ပြီးခဲ့တဲ့၂၀၁၈ ဒီဇင်ဘာ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းဝန်ကြီးဒေါက်တာမြင့်နိုင်နဲ့တိုင်းအစိုးရအဖွဲ့ က လာရောက်ဖွင့်လှစ်ပေးခဲ့တာပါ။ ဗန်းမောက်မြို့နယ် က ဇလုံတောင်တော်ဟာ ပွင့်လင်းရာသီရောက်ရှိလာတာနဲ့ မြန်မာနိုင်ငံ အနံ့အပြားက ဘုရားဖူးဧည့်သည်တွေ တစ်နေ့တစ်နေ့ကို ရာချီ ထောင်ချီပြီး လာရောက်ဖူးမြော်ကြတာကြောင့် မြန်မာပြည်အထက်ပိုင်းက ကျိုက်ထီးရိုး လို့ တင်စားခေါ်ဝေါ် ကြပါတယ် ။

 

 

ဓါတ်ပုံ အောင်နေမျိုး

#voiceofmyanar  #ဗန်းမောက်  #ဇလုံတောင်

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW