မက္ကဆီကိုမြောက်ပိုင်းမှာ လေယာဉ်တစ်စင်းပျက်ကျ လူ ၁၃ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ မေ-၇-၂၀၁၉

မျိုးဆက် (VOM)

 

 

လပ်ဗီးဂတ်စ်မှာ လက်ဝှေ့ပွဲကြည့်ပြီး ပြန်လာတဲ့ မိသားစုတစ်ခုမှ လူငါးဦးအပါအ၀င် လူ ၁၃ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသမှာ  ပျက်ကျသွားပြီး လိုက်ပါလာသူအားလုံး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက မေ ၆ ရက်တွင်မှာပြောပါတယ်။

 

 

မေ ၅ ရက်က လပ်ဗီးဂတ်စ်ကနေ ထွက်ခွာလာပြီး ပျက်ကျသွားတဲ့ အဆိုပါလေယာဉ်ရဲ့ အပျက်အစီးတွေကို အိုကမ်ပိုမြောက်ပိုင်းမှာ ဝေဟင်ထောက်လှမ်းရှာဖွေမှုကတစ်ဆင့်ရှာဖွေတွေ့ရှိခဲ့တယ်လို့ကိုဝီလာပြည်နယ် အစိုးရက ထုတ်ပြန်ပါတယ်။

 

 

မီးလောင်ထားသည့်လေယာဉ်အပိုင်းအစတွေ၊ ကျိုးပဲ့နေတဲ့ပစ္စည်းတွေဟာ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ ဓါတ်ပုံကို ဒေသတွင်း ရုပ်မြင်သံကြား ဌာနတစ်ခုက ထုတ်လွှင့်ပြသခဲ့ပါတယ်။လေယာဉ်ပျက်ကျရာမှာ ပါဝင်သူတွေဟာ  ဘယ်နိုင်ငံနိုင်ငံသားတွေလည်းဆိုတာကိုရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် လိုက်ပါခဲ့သည့် ခရီးသည် ၁၀ ဦးနဲ့ လေယာဉ်အမှုထမ်း သုံးဦးတို့ရဲ့ မျိုးရိုးနာမည်တွေကို ကိုဝီလာပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။

 

 

သေဆုံးသူတွေဟာ အသက် ၁၉ နှစ်ကနေ ၅၇ နှစ်အကြားအရွယ်တွေဖြစ်တယ်လို့ မက္ကဆီကို သတင်းဌာနက ထုတ်ပြန်တဲ့ ခရီးသည်စာရင်းအရသိရပါတယ်။ သေဆုံးသူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်လူးဝစ္စအော့တာဗီယိုရီယက်စ်နဲ့ သူ့ရဲ့ ဇနီးနဲ့ ကလေးသုံးဦးတို့လည်း ပါဝင်သွားတယ်လို့ မက္ကဆီကိုအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

 

 

Ref :CNA

Photo :Getty Images

 

#voiceofmyanmar #မက္ကဆီကိုလေယာဉ်ပျက်

Related posts

Leave a Comment

VOM News

FREE
VIEW