မုံရွာမြို့ ကြက်မွေးမြူရေးဇုံမီးလောင်

မုံရွာ မေ-၈-၂၀၁၉

ရန်နိုင်စိုး (VOM)

 

မုံရွာမြို့အထွက် သာစည်လမ်းမှာရှိတဲ့ ကြက်မွေးမြူရေးဇုံမှာ မေလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့လို့ ကြက်ခြံ ၅၀ ခန့် ဆုံးရှုံးသွားခဲ့ပြီး လူ ၂ ဦးလည်း ဒဏ်ရာရှိခဲ့ပါတယ်။

 

မီးလောင်မှု ဘာကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မီးသတ်ဦးစီးဌာနက စစ်ဆေးနေပြီး လတ်တလောမှာ မီးငြိမ်းသတ်မှုတွေကို ဆောင်ရွက်လျှက်ရှိနေပါတယ်။

 

 

” လတ်တလောကတော့ စစ်ဆေးနေဆဲပါ။ ပြီးရင် အကုန်ထုတ်ပြန်ပေးမှာပါ ” လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးမင်းစန်းအေးက ပြောပါတယ်။

 

မီးလောင်မှုကြောင့် ကြက်အကောင်ရေ ထောင်နဲ့ချီသေဆုံးသွားပြီး အများဆုံးက မွေးမြူရေး CP ကြက်တွေဖြစ်တယ်လို့ သိရပါတယ်။

 

မီးလောင်မှုကိုတော့ မီးသတ်ကားအစင်းရေ ၅၀ ခန့်နဲ့ ရေသည်ကားအစင်းရေ ၃၀ ခန့်ဖြင့် ငြိမ်းသတ်လျှက်ရှိပါတယ်။

 

 

သတင်း/ဓါတ်ပုံ- ရန်နိုင်စိုး

 

 

 

#voiceofmyanmar #မုံရွာ #မီးလောင် #ကြက်မွေးမြူရေးဇုံ

 

 

 

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW