တောင်​တက်​အဖွဲ့ဝင်​ မစိမ့်​ထက်​​သေဆုံးမှု တာဝန်​ရှိသူအား တရားစွဲရန်​​စောင့်​ကြည့်​​နေ

ရန်​ကုန်​ ၊ ​မေ ၁၂ – ၂၀၁၉

သူရိန်

 

ဖန်​ဂရန်​ရာဇီ​ ရေခဲ​တောင်​ခရီးစဉ်မှာ ​တောင်​တက်​အဖွဲ့ဝင်​ မစိမ့်​ထက်​ ​သေဆုံးမှုနဲ့ပက်​သက်​ပြီး တာဝန်​ရှိသူကို တရားစွဲဆိုဖို့်​အတွက်​ အ​ခြေအ​နေ​ စောင့်​ကြည့်​​နေတယ်​လို့ ဖခင်​ဖြစ်​သူ ဦး​မောင်​​မောင်​​လေးက ​ပြောပါတယ်​။

 

ဖန်​ဂရမ်​ရာဇီ​ ရေခဲ​တောင်​ခရီးစဉ်​မှာ The Summiter အဖွဲ့ဝင်​​တွေက ဧပြီ ၁၂ ရက်​က ​တောင်​ထိပ်​ကို တက်​​ရောက်​နိုင်​ခဲ့ပြီး ပြန်​အဆင်းမှာ အဖွဲ့ဝင်​တစ်​ဦးဖြစ်​တဲ့ မစိမ့်​ထက်​ က ​ခြေ​ချော်​ပြီး အသက်​ဆုံးရှံးခဲ့ရတဲ့အတွက်​ ကယ်​ဆယ်​​ရေး ​ကော်​မတီဖွဲ့စည်းပြီး ကယ်​ဆယ်​​ရေး​လုပ်​ငန်း ဆောင်​ရွက်​ခဲ့တဲ့အ​ကြောင်းနဲ့ ပတ်သက်​ပြီး ဒီ​နေ့ ​နေလည်​ ၁ နာရီက ရန်​ကုန်​မြို့ ၊ စင်​ထရယ်​ဟိုတယ်​မှာ ပြုလုပ်​ခဲ့တဲ့ သတင်းစာရှင်းလင်း​ပွဲမှာ​ ပြောကြားခဲ့တာပါ။

 

“တရားစွဲဖို့ထက်​ ​ဒေါက်​တာ​နေစိုး​အောင်​ကလည်း သူ​ပြောထားတယ်​။ သူတို့သွားခါနီးမှာ ဌာနဆိုင်​ရာ​တွေကို အသိ​ပေးသင့်​တာ​တွေ မ​ပေးသွားဘူးလို့ သူကိုယ်​တိုင်​လဲ​ ပြောထားတယ်​။နောက်​တချက်​ကသူတို့ တက်​တဲ့အချိန်​မှာ သူတို့လုံခြုံ​ရေးကြိုး​တွေ မလုပ်​ထားဘူး။ ဒါက​တောင်​တက်​ကျွမ်းကျင်​တဲ့ သူ​တွေအကုန်​ သိထားရမယ့်​ကိစ္စ​တွေ၊ တရားစွဲဆိုဖို့ ကိစ္စက​တော့​နောက်​တစ်​ဆင့်​မှဘဲ စဉ်းစားဆုံးဖြတ်​မယ်​။ သူတို့ကို လက်​ရှိသက်​ဆိုင်​ရာက အ​ရေးယူမယူ၊ အဲတစ်​ဆင့်​​ကျော်​သွားမှဘဲ ကျွန်​​တော်​က တရားစွဲမစွဲ​ပြောလို့ရမယ်​” လို့ ဦး​မောင်​​မောင်​​လေးက​ပြောပါတယ်​။

 

ဖန်ဂရန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ The Summiter အဖွဲ့ဝင်တွေက ဧပြီ ၆ ရက်​က ပူတာအိုက​နေ စတင်​ထွက်​ခွာခဲ့ပြီး ဧပြီ ၁၂  မနက် ၈:၅၀ မှာအဖွဲ့ဝင် အယောက် ၂၀ တောင်ထိပ်မှာ အောင်ပွဲခံခဲ့ပါတယ်။ တောင်ထိပ်က အဆင်းမနက် ၉:၃၀ မှာအဖွဲ့ဝင် မစိမ့်ထက်ဟာ မတော်တဆခြေချော်ပြီး အသက်ဆုံးရှုံးခဲ့ရ

တဲ့အတွက် အဖွဲ့သားအားလုံးရဲ့ ရင်ထဲအောင်မြင်မှု့ရဲ့ နောက်မှာဆုံးရှုံးမှု့

ကြီးမားခဲ့ပါတယ်။ အစွမ်းကုန် ကြိုးစားရှာဖွေပြီး တွေ့ရှိခဲ့​ပေမယ့်​ ပြန်လည်သယ်ဆောင်ရန် မဖြစ်နိုင်တဲ့ အနေအထားကြောင့် အဖွဲ့သားအားလုံး၏ ရင်ထဲဆို့နင့်ဝမ်းနည်းစွာဖြင့် လက်လျှော့၍ လှည့်ပြန်ခဲ့ကြရပါတယ်” လို့ The Summiter Groupက​နေ သတင်းထုတ်​ပြန်​ထားပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW