မင်းလှမြို့နယ် စစ်ကွင်းမြို့ တွင် မိုးကြိုးပစ်၍ ကျောင်းဆရာတစ်ဦး သေဆုံး

စစ်ကွင်း မေ ၁၄၊ ၂၀၁၉

မိုးယံ

 

ပဲခူး တိုင်း သာယာဝတီ ခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့ စီဂွ ရွာမှာ ဒီနေ့ မေလ ၁၃ရက် ညနေ ၆နာရီ ဝန်းကျင်က မိုးကြိုးပစ်လို့ အသက် ၃၃နှစ်အရွယ် ပညာရေးဝန်ထမ်း ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့ပါတယ်။

 

“လယ်ထဲမှာ ရှိတဲ့ ဆရာ့ ရဲ့စပါးပုံကို မိုးရွာလို့ တာလပတ် အမိုး အုပ်ဖို့သွားတာမှာ မိုးကြိုးပစ်လိုက်တာကို  မြင်လိုက်တဲ့ လယ်သမားတွေက ပြောတယ်” လို့ စီဂွ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး က ပြောပါတယ်။

 

မိုးကြိုးထိမှန်မှုကြောင့် ဦးစွမ်းထက်မင်းဟာ ပါးစပ် နှာခေါင်း တွေမှာ သွေးထွက်နေပြီး ညာဘက်ဝမ်းဗိုက် မီးလောင် ဒဏ်ရာ များ အရေပြားများ တွန့်လိမ်နေတာကို တွေ့ရတယ်လို့ မျက်မြင်တွေ့တဲ့ ရွာသားတွေက ဆိုပါတယ်။

 

လက်​ပံတန်း မြို့ခံ ဆရာ ဦးစွမ်းထက်မင်းဟာ စီဂွ ​ကျေးရွာမှာ မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဇနီးဖြစ်သူ ရွာခံ မူလတန်းပြဆရာမ၊ သမီးတယောက်နဲ့ ၁၄ ရက်သား သားငယ်လေးတို့ ကျန်ရစ်ပါတယ်။

 

 

သေဆုံးသူ ဟာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဖို့ ရဲလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေတယ်လို့ စစ်ကွင်းနယ်မြေရဲစခန်း ရဲအုပ်ခင်မောင်နိုင်က ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW