မုန်တိုင်းဒဏ်ခံ အဆောက်အဦးများဟာ ဒေသတွင်းလူဦးရေ အချိုးအစားကို အပြည့်အ၀ လုံခြုံမှုမပေးနိုင်သေး

နေပြည်တော်၊ မေလ၊ ၁၅၊ ၂၀၁၉

ဒီပ(နေပြည်တော်)

 

ကမ်းရိုးတန်းဒေသများမှာရှိတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများဟာ ဒေသတွင်းရှိ လူဦးရေအချိုးအစားကို အပြည့်အ၀ မပေးနိုင်သေးဘူးလို့ ဒီကနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန အစိုးရရဲ့ တတိယတစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနဲ့ ပတ်သက်ပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။

 

“ဒီဘေးဒဏ်ခံ အဆောက်အဦးတစ်ခု တည်ဆောက်လိုက်တာနဲ့ အဲ့ဒီဒေသမှာရှိတဲ့ လူတွေအားလုံးအတွက် (ကာဗာ) အပြည့်အ၀တော့ မဖြစ်သွားဘူး ဒါပေမယ့် အတော်အသင့် ၀င်ဆန့်နိုင်တယ် ဘုန်ကြီးကျောင်းတို့ စာသင်ကျောင်းတို့က လိုအပ်နေသေးတယ် အတိအကျ လူဦးရေနဲ့ ဆောက်မယ်ဆိုရင်တော့ လိုအပ်နေသေးတယ်”လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံတို့မှ ကြိုတင်ကာကွယ်မှုအပိုင်းမှာ ပြင်ဆင်နိုင်ခဲ့တာကြောင့် လူဦးရေ အသေအပျောက်နှုန်းနဲ့ ပျက်စီးမှုအပိုင်းမှာ လျော့နည်းခဲ့တယ်လို့ သတင်းများအဆိုအရ သိရပါတယ်။

 

လက်ရှိအခြေအနေအရ ဧရာဝတီတိုင်းဒေသကြီးတွင် မုန်တိုင်းဒဏ်ခံ အဆောက်အဦးများကို ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ထားခဲ့ရာမှာတော့ ဧရာဝတီတိုင်း ဒေသကြီးမှာ စုစုပေါင်း(၅၈)လုံးနဲ့ ရခိုင်ပြည်နယ်မှာတော့ (၃၀)လုံးအပါအ၀င် တိုင်းဒေသကြီး/ပြည်နယ် (၁၀)ခုအတွင်းမှာတော့ စုစုပေါင်း(၂၂၀)လုံး တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရှိရပါတယ်။

 

“ဒါကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးတွေက ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို တင်ပြကြတာရှိတယ် ဒီပေါ်မှာမူတည်ပြီးတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီကနေ ပြန်စဉ်းစားတယ် စိစစ်ပြီးတော့မှ ဆောက်တာရှိတယ် ဒါပေမယ့် ခုနကပြောသလို လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး”လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

 

၂၀၀၈ခုနှစ်မေလအတွင်း နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသက လူပေါင်းတစ်သိန်းကျော်နဲ့ ခန့်မှန်းပျက်စီးဆုံးရှုံးမှုပမာဏဟာ အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံခန့်ရှိကြောင်း အစိုးရရဲ့ စစ်တမ်းများအရ သိရှိရပါတယ်။

 

“လပွတ္တာလူဦးရေ သုံးပုံနှစ်ပုံက ကျေးလက်တွေမှာ အနေများတယ် အုပ်စုတစ်စုမှာ အနည်းဆုံးရွာပေါင်း(၁၀) ရွာရှိတယ်၊ အခုဆောက်ထားတဲ့      မုန်တိုင်းဒဏ်ခံ အဆောက်အဦးက    ပျမ်းမျှလူပေါင်း(၅၀၀)နဲ့တွက်အုန်း ရွာနှစ်ရွာလောက်ပဲဆန့်မယ့်  အခြေအနေဆိုတော့ အဆောက်အဦးတွေ ထပ်ဆောက်ဖို့ လိုအပ်နေပါတယ်”လို့ လပွတ္တာမြို့နယ် သင်္ကန်းကြီးကျေးရွာက ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံဟာ သဘာဝဘေးကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းအသင့်ဖြစ်ရေး ထိရောက်စွာအားထုတ်ကြိုးပမ်းရန် လိုအပ်သည်မှာ ထင်ရှားပါကြောင်း၊ အသင့်ဖြစ်စေရေးအတွက် ခိုလှုံရန် ကြံ့ခိုင်သောအဆောက်အဦးရှိမှု လမ်းတံတားကြံ့ခိုင်မှု၊ ပို့ဆောင်ဆက်သွယ်ရေး လုံခြုံစိတ်ချရမှု၊လျှပ်စစ်စွမ်းအင်အသုံးပြုနိုင်မှု စသည်တို့ဟာ အဓိကဆောင်ရွက်ရမယ့် လုပ်ငန်းများဖြစ်ပါကြောင်း၊ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW