တပ်သိမ်းမြေ ပြန်လည်စွန့်လွှတ်မှု မူလတောင်သူတွေ မရတဲ့အတွက် အစိုးရဖြေရှင်းမပေးပါက ဆက်လက်ဆန္ဒပြမယ်လို့ဆို

စဥ့်ကူး ၊ မေ – ၁၇ – ၂၀၁၉

ဇော်သက် (VOM)

 

စဥ့်ကူးမြို့နယ်အတွင်း တပ်မတော်က သိမ်းဆည်းထားခဲ့တဲ့ မြေဧကလေးထောင်ကျော်ကို ပြန်လည်စွန့်လွှတ်ထားပေမယ့် မူလတောင်သူတွေက မရရှိဘူးဆိုပြီး ပြီးခဲ့တဲ့ ရက်ကဆန္ဒထုတ်ဖော်ခဲ့ကြသလို အစိုးရအနေနဲ့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းမပေးပါက ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

 

ပက်လည်အင်း၊ မကွေ့တရာ၊ တရော်ပင် ၊ကျောက်ခွက် ၊ရေထွက်ကြီး ကျေး ၇ ရွာက  သိမ်းဆည်းခံ တောင်သူ ၃၅၀ ကျော်ဟာ ခတက်ချဉ်စိုက်ကွင်းမြေ ဧရိယာ ၄၅၅၃.၆၀ ပြန်လည်စွန့်လွှတ်မှုမှာ မူလတောင်သူတွေ မရရှိဘူးဆိုပြီး မေ ၁၅ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

 

တရားဥပဒေစိုးမိုးရေး၊ လယ်ယာမြေပြသနာ မမှန်မကန်ဖြေရှင်းနေခြင်းများ ချက်ချင်းရပ်၊ မြေသိမ်းခံမှု တောင်သူများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေး တို့ကို ဒို့အရေးကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

 

တိုင်းဒေသကြီး လယ်/ဆည်ဝန်ကြီးကတော့ ခတက်ချဉ်စိုက်ကွင်းဧရိယာဟာ မူလသိမ်းဆည်းခံတောင်သူတွေ၊သီးစားတောင်သူတွေ၊ ဦးပိုင်လိမိတက်ရဲ့သီးစားတောင်သူတွေ၊တစ်ဆင့်ခံသီးစားတောင်သူတွေ၊ ကျူးကျော်တောင်သူတွေစတဲ့ မြေပြင်အရှုတ်အရှင်း တွေများပြားတဲ့အတွက် ဦးစားပေးခွဲခြားသတ်မှတ်ပြီး ပြန်ချပေးနေတယ်လို့ ဒီနှစ် ဖေဖော်ဝါရီလက ဖြေကြားထားပါတယ် ။

 

တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကလည်း တိုင်းအတွင်းမှာရှိတဲ့မြေယာပြသနာတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ အပြီးဖြေရှင်းသွားမယ်လို့ မူလကပြောဆိုထားပေမယ့်  ထပ်တိုးလာတဲ့တိုင်ကြားစာတွေ၊ မြေပြင်အရှုတ်အရှင်းပြသနာတွေကြောင့် ကြန့်ကြာနေရတာလို့  မီဒီယာကို ထပ်မံဖြေဆိုထားပါတယ်။

 

#voiceofmyanmar # တောင်သူ ဆန္ဒပြ #စဥ့်ကူး # မန္တလေး

 

Related posts

Leave a Comment

VOM News

FREE
VIEW