ဖိလစ်ပိုင်ကိုပို့ ခဲ့တဲ့ အမှိုက်တွေ ကနေဒါနိုင်ငံ ပြန်သယ်ရတော့မယ်

အော့တ၀ါ ၊မေ-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

ဖိလစ်ပိုင်နိုင်ငံကို တရားမ၀င် တင်ပို့ခဲ့တဲ့ အမှိုက်တွေကို  ဇွန်လအကုန်မှာ ကနေဒါနိုင်ငံက ပြန်လည် သယ်ယူမယ်လို့  ကနေဒါအစိုးရက မနေ့က ပြောပါတယ်။

 

ကနေဒါ ကုမ္ပဏီတစ်ခုက ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်တွေလို့ ဖော်ပြထားတဲ့ အမှိုက် ကုန်သေတ္တာတွေကို ၂၀၁၃ ခုနှစ်မှ  ၂၀၁၄ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။

 

ဒါပေမယ့်  ကုန်သေတ္တာတွေထဲမှ ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်တွေမပါဝင်ဘဲ သတ္တုအပိုင်းအစတွေ၊ နေအိမ်တွေက စွန့်ပစ်လိုက်တဲ့ အမှိုက်ပုံး အများအပြားသာ ပါဝင်နေပါတယ်။

 

အဲဒီ စွန့်ပစ်အမှိုက် ပျှမ်းမျှတန်ချိန် ၂၅၀၀ ကို ကနေဒါနိုင်ငံက ပြန်လည်သယ်ဆောင်ဖို့ ဖိလစ်ပိုင်အစိုးရက တောင်းဆိုခဲ့ပေမယ့်လည်း  ပြန်သယ်ဖို့အတွက် ကနေဒါအစိုးရက တွန့်ဆုတ်နေခဲ့တာ ဖြစ်ပါတယ်။

 

အမှိုက်တွေနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံနဲ့ စစ်ခင်းမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ခြိမ်းခြောက်လိုက်ပြီးနောက် ပြီးခဲ့တဲ့လက သံတမန်ရေးရာ ပြသနာတွေဖြစ်ပေါ်ခဲ့ပြီး ယခုလအတွင်းမှာတော့ ကနေဒါနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးကို ဒူတာတေးက ပြန်ခေါ်ခဲ့ပါတယ်။

 

အမှိုက်တွေ ပြန်လည်သယ်ဆောင်ရေးအတွက် သင်္ဘောကုမ္ပဏီတစ်ခုကို ငှားရမ်းထားကြောင်းနဲ့ အမှိုက် သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်စရိတ်အတွက် ငွေကြေးကျခံသွားမယ်လို့  ကနေဒါအစိုးရက မေ ၂၂ ကထုတ်ပြန်ကြေညာပါတယ်။

Ref : NHK

Photo :Getty Images

 

#voiceofmyanmar # ဖိလစ်ပိုင်ကိုပို့ခဲ့တဲ့အမှိုက်တွေပြန်သယ်ရတော့မယ် #ကနေဒါ #အော့တ၀ါ

Related posts

Leave a Comment

VOM News

FREE
VIEW