ရန်ကုန် ၊မေ ၃-၂၀၁၉ သူရိန် ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း တည်ဆောက်ရေးနဲ့ပတ်သက်ပြီး တင်ဒါအောင်မြင်တဲ့ကုမ္ပဏီကို လာမယ့်ဇူလိုင်၊ သြဂုတ်လမှာ ထုတ်ပြန်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။ ဒီစီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ကို ဆက်သွယ်ပေးသွားမှာပါ။ ဒီစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီး စုစုပေါင်း အရှည်က ၄၇ ဒသမ ၅ ကီလိုမီတာ ၊ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း (၄)လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နဲ့ အနောက် ချိတ်ဆက်ထားတဲ့ (၄)လမ်းသွား (၆)ကီလိုမီတာ ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆက်သွယ်ထားတဲ့(၂)လမ်းသွား(၂ ဒသမ၅)ကီလိုမီတာ စုစုပေါင်း…
Read MoreMonth: May 2019
အနာဂတ်မျိုးဆက်သစ်တွေ မိမိနိုင်ငံရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် သမိုင်းကြောင်းသိဖို့လို
နေပြည်တော် ၊မေ ၃-၂၀၁၉ သိင်္ဂီ (VOM) အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ နိုင်ငံရဲ့အမျိုးဂုဏ် ဇာတိဂုဏ် သမိုင်းကြောင်းကို သိရှိနားလည်ခြင်းမရှိတဲ့အပြင် ယဉ်ကျေးမှုကိုယ်ခံစွမ်းအားနည်းနေမယ်ဆိုရင် ပြည်ပနိုင်ငံ ယဉ်ကျေးမှုတွေရဲ့ ဝါးမြိုခြင်းကို ခံရနိုင်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာအထူးပြပွဲ ဖွင့်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ” ရှေးဟောင်း ရွှေထည်လက်ဝတ်ရတနာအဆင်တန်ဆာတွေက ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဖြစ်တယ်၊ ဒီလက်ဝတ်ရတနာတွေကို ပြုလုပ်တဲ့ မြန်မာ့ ရိုးရာပန်းတိမ်လုပ်ငန်းကလည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တယ်၊ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့က နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်”လို့ ပြောခဲ့ပါတယ်။ မေ ၂ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာအထူးပြပွဲမှာ ဆိုရင် ဘီစီ ၂ ရာစုကမေ အေဒီ ၂၀ ရာစု သက်တမ်းရှိ ရှားပါးပြီးလက်ရာမြောက်တဲ့ ရွှေထည်လက်ဝတ်ရတနာအမျိုးအစား ၁၀၀ ၊အရေအတွက်…
Read Moreမလေးရှားသွားမယ့် တရားမ၀င်မြန်မာလုပ်သား ၁၅ ဦး ထိုင်းနိုင်ငံမှာ အဖမ်းခံရ
ဘန်ကောက်၊ မေ-၂- ၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံ ဟက်ယိုင်ခရိုင်ထဲမှာ ပစ်ကပ်ကားတစ်စီးနဲ့ တရားမ၀င်ရောက်လာတဲ့ မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းလူမျိုး ကားမောင်းသမားနဲ့အတူ ထိုင်းရဲတွေက မေ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဟက်ယိုင်ခရိုင်ထဲက အာရှလမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဘန်ကောက်လိုင်စင်နဲ့ Isuzu D-Max ပစ်ကပ်ကားကို ထိုင်းရဲတွေက စစ်ဆေးဖို့ တားဆီးပေမယ့် ကားသမားက ရပ်မပေးဘဲ ပြန်ကွေ့ချိန်မှာ လမ်းချဲ့ဖို့လုပ်နေတဲ့ မြောင်းထဲကို ကားကထိုးကျခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီအချိန်မှာ ကားသမားက တံခါးဖွင့်ပြီး ထွက်ပြေးသွားပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ရနှောင်းပြည်နယ်က အသက် ၄၀ နှစ်အရွယ် Sulak Chaosuankluay ဆိုသူဖြစ်တယ်လို့ အတည်ပြုပါတယ်။ …
Read More“မင်းသိင်္ခရဲ့ စနေမောင်မောင်ပါဝင်တဲ့ဝတ္ထုတွေကို မူပိုင်ခွင့်နဲ့ ၀ယ်ယူ”
ရန်ကုန် မေ ၂- ၂၀၁၉ သင်းသဒ္ဒါ Golden Hour Entertainment ကတော့ ဆရာကြီးမင်းသိင်္ခရေးသားဖန်တီးထားတဲ့ စနေမောင်မောင်ပါဝင်တဲ့ဝတ္ထုများကို မူပိုင်ခွင့်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ” ဆရာကြီးမင်းသိင်္ခရဲ့ စာပေမူပိုင်ခွင့်ရရှိထားတဲ့ ဆရာကြီး၏ ညီမအရင်း ဒေါ်သန်းနုအောင်ထံကနေ ကိုကောင်းကျော် (Golden Hour Entertainment)ကဝယ်ယူလိုက်တာဖြစ်ပါတယ်။ ဇာတ်ကောင်များကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖန်တီးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ သရုပ်ဆောင်နိုင်းနိုင်း၊ဒေါင်း၊အောင်မြင့်မြတ်တို့ကိုရွေးချယ်ထားပါတယ်။အခြားသရုပ်ဆောင်များကိုလည်း ရွေးချယ်မှာဖြစ်ပြီး ထပ်မံကြေငြာသွားမယ်”လို့ဆိုပါတယ်။ စနေမောင်မောင်ပါဝင်သော ဝတ္ထုဇာတ်လမ်း၊ဇာတ်ကောင်များကို မူပိုင်ခွင့်နဲ့ဝယ်ယူကြောင်း လက်မှတ်ထိုးတဲ့ပွဲကိုတော့ မေလ ၂ရက် ဒီနေ့က ရန်ကုန်မြို့ အလုံမြို့နယ်ရဲ့ Golden Hour Entertainment ရုံးခန်းမှာပြုလုပ်ခဲ့ရာမှာ သရုပ်ဆောင်နိုင်းနိုင်း၊ဒေါင်း၊အောင်မြင့်မြတ်တို့လည်းတက်ရောက်ခဲ့ပါတယ်။ သရုပ်ဆောင်နိုင်းနိုင်းနဲ့ Golden Hourရဲ့ ၆ ကားမြောက်လက်တွဲမယ့်ဇာတ်ကားဖြစ်ပြီး၊ဒေါင်းအနေနဲ့ နှစ်ကားမြောက်၊အောင်မြင့်မြတ်အနေနဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ Golden Hourအတွက်’သမုဒယနွယ်’ရုပ်ရှင်ကားကြီးရိုက်ကူးပေးထားတဲ့ ဒါရိုက်တာသီဟစိုးက ‘ဆားပုလင်းနှင်းမောင်နဲ့စနေမောင်မောင်’ဇာတ်ကားကို ရိုက်ကူးပေးမှာဖြစ်ပြီး ဒုတိယမြောက် လက်တွဲတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်လို့ သိရပါတယ်။ ဓာတ်ပုံ…
Read Moreရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ ယူနက်စကိုကပေးတဲ့ သတင်းလွတ်လပ်ခွင့်ဆုရရှိ
ပါရီ၊ မေ-၂-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာထောင်ဒါဏ် ခုနှစ်နှစ်ကျခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ယူနက်စကိုကနေပေးအပ်တဲ့ 2019 UNESCO/Guillermo Cano Press Freedom Prize ဆုကိုရရှိသွားပါတယ်။ ဒီဆုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မြင့်တင်သူတွေအတွက် ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် သူတို့ရဲ့ သတ္တိနဲ့ စွမ်းဆောင်မှုတွေကြောင့် ဆုချီးမြင့်ရတာလို့ ယူနက်စကိုက ထုတ်ပြန်ထားပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးဟာ ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း စုံစမ်းဖော်ထုတ်ရေးသားနေချိန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီဇင်ဘာကလည်း အခြားသတင်းထောက်သုံးဦး ၊ သတင်းအဖွဲ့အစည်းတစ်ခုနဲ့အတူ Time မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခုရရှိခဲ့တဲ့ Guillermo Cano…
Read Moreဖလော်ရီဒါပြည်နယ်က ဆရာ၊ဆရာမတွေ စာသင်ခန်းထဲမှာ သေနတ်ကိုင်ခွင့် ရတော့မယ်
ဖလော်ရီဒါ၊ မေ-၂-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပါ့လန်းရှိ အထက်တန်းကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်တိုက်ခိုက်မှုအပြီး နောက်ထပ် အစုအလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ကာကွယ်တားဆီးဖို့အတွက် စာသင်ခန်းတွေအတွင်း ဆရာ၊ ဆရာမတွေကို သေနတ် ကိုင်ဆောင်တာကို ကိုခွင့်ပြုတဲ့ ဥပဒေကြမ်းတစ်ရပ်ကို ဖလော်ရီဒါ ဥပဒေပြုလွှတ်တော်က မေ ၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို ဒီမိုကရက်တစ်တွေ နဲ့ ရီပတ်ဘလီကန်အမတ်တွေအကြား နှစ်ရက်အတွင်း နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၄၇ မဲနဲ့ ဖလော်ရီဒါအောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဖလော်ရီဒါ အထက်လွှတ်တော်ကတော့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၁၇ မဲနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုခဲ့ပါတယ်။ ဥပေဒကြမ်းကို ဥပဒေအဖြစ်…
Read Moreမဏိပူရ်မြစ် အတွင်းရေဆင်းချိုးသည့် ကလေး (၃) ဦး ရေနစ်သေဆုံး
ဖလမ်း မေ ၁ ၊ ၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ဖလမ်းမြို့ အနီး မဏိပူရ်မြစ်အတွင်း ရေဆင်းချိုးခဲ့တဲ့ ကလေးငယ် ၃ ဦး ရေနစ်သေဆုံးမှု မေလ ၁ ရက်နေ့ မွန်းတည့်ချိန်က ဖြစ်ပွားခဲ့တယ်လို့ ဖလမ်းမြို့မ ရဲစခန်းကနေ သိရပါတယ်။ ဖလမ်းမြို့ ဗလိုင်ရပ်ကွက် ဓမ္မဆရာ ဦးလာလ်ဟရွတ် ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စကားပြော သင်တန်း မှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ ၂၉ ဦး စုပေါင်းပြီး ဖလမ်းမြို့နယ် ဗာရ်ကျေးရွာ အနီးမှာ ရှိတဲ့ မဏိပူရ်မြစ် ကမ်းဘေးကို ပျော်ပွဲစားထွက်ခဲ့ကြရာကနေ မြစ်အတွင်းရေဆင်းချို့တဲ့ ကလေးငယ် သုံးဦး ရေနစ် သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးခဲ့သူတွေကတော့ ဖလမ်းမြို့ ဗလိုင်ရပ်ကွက်နေသူ ဦးဆန်ပြောင် ရဲ့ သား မောင်နိုင်လျန်ဆန် (၉)…
Read Moreဖုန်းဟန်းဆက်နဲ့ ဖုန်းအပိုပစ္စည်း ဝယ်ယူတဲ့သူတွေဆီက ကုန်သွယ်ခွန် ၅ ရာခိုင်နူန်း ကောက်ခံရင် အဆင်မပြေနိုင်
ရန်ကုန် ၊မေ ၂-၂၀၁၉ သိင်္ဂီ (VOM) ဖုန်းဟန်းဆက်နဲ့ ဖုန်းအပိုပစ္စည်းတွေ ဝယ်ယူတဲ့အခါ ဝယ်ယူသူတွေဆီကနေ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နူန်း ကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေအကြားဝေဖန်ပြောဆိုမှုတွေဖြစ်ပေါ်နေပါတယ်။ ပြည်သူတွေအနေနဲ့ ဖုန်းငွေဖြည့်ကတ် သုံးတဲ့အခါမှာလည်း ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပေးဆောင်နေရပြီး အခု ဟန်းဆက်တွေနဲ့ ဆက်စပ်ပစ္စည်း ဝယ်ယူသူတွေဆီက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းထပ်မံကောက်ခံမယ်ဆိုတာအခြေခံလူတန်းစားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်သလို တန်ဘိုးမြင့် ပစ္စည်းဝယ်ယူ သူတွေ အတွက်လည်း အဆင်မပြေမှုတွေဖြစ်လာနိုင်တယ်လို့ ဖုန်းအရောင်းဆိုင်တချို့က သုံးသပ်ပြောဆိုထားပါတယ်။ ” ၁သောင်း တန်ပစ္စည်းဝယ်တဲ့အတွက် ၅ ရာခိုင်နူန်းဆိုတာ မပြောပလောက်ပေမယ့် ၃သိန်း တန်းဟန်းဆက်တစ်ခုဝယ်မယ်ဆိုရင်တော့ ပြောစရာဖြစ်လာနိုင်တယ်။ဘာကြောင့်ဆို ၃သိန်းမှာ ကုန်သွယ်ခွန်က ၁၅၀၀၀ ပေးရမယ်။ ဒါဝယ်သူဘက်ကပေးရမှာဖြစ်တယ်။ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ စကောက်ပြီဆိုတဲ့နေမှ သေချာသိရမယ်“လို့ ကမာရွတ်မြို့နယ်ထဲက ဖုန်းအရောင်းဆိုင်တစ်ခုက အရောင်းတာဝန်ခံ…
Read Moreတောင်ကြီး (၄)လောင်းပြိုင်လူသတ်မှု အဓိကကြိုးကိုင်သူတရားခံကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ
ရန်ကုန်၊ မေ ၁-၂၀၁၉ သိင်္ဂီ (VOM) တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှုကို အဓိကကြိုးကိုင်စီမံသတ်ဖြတ်ခဲ့တဲ့တရားခံက မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူဖြစ်ကြောင်းနဲ့ တရားခံကို ၂၉ ရက်နေ့ကတည်းက သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားလိုက်ပြီ လို့ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က အတည်ပြုပြောကြားလိုက်ပါတယ်။ ” တရားခံကိုဖမ်းဆီးထားပါတယ်။ အရင်စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ပဲ အမှုဖွင့်ဆောင်ရွက်နေတာဖြစ်တယ်။ထုတ်ပြန်ချက်တွေလည်းထုတ်ထားတယ်။ကျန်တဲ့ တရားခံတွေကိုလည်း ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်”လို့ ဆိုပါတယ်။ ဖြစ်စဉ်ကိုရဲတပ်ဖွဲ့က စိစစ်စုံစမ်း စစ်ဆေးခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦးရဲ့ သတင်းပေးပို့ချက်အရ မသင်္ကာသူကို သတင်းကွင်းဆက် ရရှိပြီး အခင်းဖြစ်အရပ်မှာကျန်ရှိတဲ့ သဲလွန်စပစ္စည်းတွေနဲ့ဆက်စပ်အတည်ပြုဖော်ထုတ်ချက်အရ ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၇)နာရီအချိန်မှာ တင်အုန်း(ခ)အိုက်အုံးကို ကျောက်မဲ မြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဒီကနေ့မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။…
Read Moreရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေ စစ်ဆေးခံနေရ နှစ်ရက်အကြာထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေး
ရသေ့တောင်၊ မေ ၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းကျေးရွာသားတွေကို တပ်မတော်က ခေါ်ယူစစ်ဆေးနေတာ နှစ်ရက်ရှိနေပြီဖြစ်ပေမယ့် အများစုကိုတော့ ပြန်လည်လွှတ်ပေးခဲ့ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ အဲ့ဒီကျေးရွာသားတွေဟာ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းကနေ စစ်ဆေးခံနေရတာဖြစ်ပြီး မနေ့ကညနေပိုင်းမှာတော့ အသက် ၁၅ နှစ်နဲ့ အသက် ၅၀ အထက်အရွယ်တွေကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ရွာသား ၂၀၀ ကျော်ကိုတော့ ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။ “မနေ့ကမနက်ပိုင်းကနေ စစ်တပ်ကရွာကိုဝင်လာတယ်။ ပြီးတော့ ရွာဆော်ကိုရွာမှာဆော်သြခိုင်းတယ်။ ယောက်ျားတွေ အကုန်လုံးစာသင်ကျောင်းကိုလာရမယ်ဆိုပြီးတော့။ အဲ့ဒီကနေ စစ်ဆေးနေတာ အခုထိမလွတ်သေးဘူး။ အသက် ၁၅ နှစ်နဲ့ ၅၀ အထက်တွေကိုတော့ မနေ့ညနေပိုင်းက လွှတ်ပေးလိုက်တယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်…
Read More