စစ်တွေ၊ မေ ၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေကမ်းခြေမှာ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းပြီး မနေ့ ဧပြီ ၃၀ ရက်နေ့ ညနေပိုင်းက ကမ်းခြေသာယာလှပရေးနဲ့ ရှုခင်းတွေကိုကောင်းမွန်စွာ ခံစားနိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီကမ်းခြေမှာ ရေလှိုင်းတွေအနဲ့ ရောက်ရှိလာခဲ့တဲ့ အမှိုက်တွ၊ လာရောက်အပမ်းဖြေသူတွေ စွန့်ပစ်ခဲ့ကြတဲ့ ပလက်စတစ်တွေကို ကောက်ခဲ့ကြတာဖြစ်ပြီး ကမ်းခြေတစ်လျှောက်မှာပေါက်ရောက်နေတဲ့ ကိုင်းပင်တွေ၊ ခြုံနွယ်တွေကိုလည်း ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ “အဓိကရည်ရွယ်ချက်ကတော့ ဒီနေရာဟာ အပမ်းခြေနေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လာရောက်အပမ်းဖြေသူတွေကို လေကောင်းလေသန့်ရရှိစေဖို့ရယ်။ မြင်ကွင်းပိတ်နေတာတွေ ရှင်းလင်းဖို့အတွက် အပင်တွေခြုံတွေကို ရှင်းလင်းတယ်။ ပလက်စတစ်ကောက်တာကတော့ သဘာဝပါတ်ဝန်းကျင်မထိခိုက်ဖို့အတွက် ကောက်ခဲ့ကြတာ ဖြစ်ပါတယ်။”လို့ တက္ကသိုလ်များသာရေးနာရေးအသင်း (စစ်တွေ)က ကိုရှင်းသန့်ကိုကပြောပါတယ်။ မနေ့က အဲ့ဒီလှုပ်ရှားမှုမှာ ကျောင်းသားလူငယ်တွေ၊ တက္ကသိုလ်ကျေင်းသားတွေနဲ့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေ…
Read MoreMonth: May 2019
ဝက်နဲ့ ၀က်ထွက်ပစ္စည်းတင်သွင်းမှုကို ခုချိန်ထိကန့်သတ်ထားဆဲဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့ မစားသုံးသင့်သေး
ရန်ကုန် ၊ မေ ၁-၂၀၁၉ သိင်္ဂီ(VOM) အာဖရိက ၀က်အပြင်းဖျားဂေါကူးရောဂါဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအပါအ၀င် တခြားနိုင်ငံအချို့ကနေ ၀က်နဲ့ ၀က်ထွက်ပစ္စည်းတင်သွင်းမှုကို ခုချိန်ထိကန့်သတ်ထားဆဲဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့လည်း မစားသုံးမိစေဖို့လိုအပ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ ” ခုထိတော့ တင်သွင်းခွင့်တွေပိတ်ထားဆဲဖြစ်တယ်။ရောဂါဖြစ်တဲ့နိုင်ငံတွေ clear မဖြစ်သေးသရွေ့ တင်သွင်းခွင့်တွေ ခွင့်မပြုသေးပါဘူး ။နောက်ပြီး ဒီလိုရောဂါဖြစ်တယ်ဆိုကတည်းက တင်သွင်းခွင့်တွေ ပိတ်ဖို့ ပြောထားတယ်။ လိုင်စင်လည်းချထားပေးတာမရှိဘူး ။အဓိက ကိုယ့်နိုင်ငံကို ရောဂါမကူးစက်အောင်ကာကွယ်တာဖြစ်တယ်။တရားမ၀င်လမ်းကြောင်းတွေကနေ ၀င်ရောက်မှု မရှိဖို့လည်း လုပ်နေတယ်“လို့ဆိုပါတယ်။ ရောဂါဖြစ်ပွားမှုအခြေနေ ကင်းရှင်းကြောင်း တရားဝင် အကြောင်းကြား ညှိနိုင်း ပြီးမှသာ ဝက်နှင့်ဝက်ထွက်ပစ္စည်း တွေ မြန်မာနိုင်ငံတွင်း တင်သွင်းခွင့်ကို ပြန်လည်ခွင့်ပြုမယ်လို့သိရပါတယ်။ ဒီလိုကန့်သတ်တာဟာ မြန်မာနိုင်ငံကို ၎င်းရောဂါများ ကူးစက်ဝင်ရောက်မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။ ကန့်သတ်ထားတာကတော့ ပြီးခဲ့တဲ့…
Read Moreစစ်ကိုင်းမြို့ မင်းကွန်းကျေးရွာအုပ်စုက မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့မိခင်နဲ့ တွေ့ဆုံမေးမြန်းချက်
မင်းကွန်း မေ ၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေး မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီပြစ်မှူကျူးလွန်တဲ့သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ် ပြီး ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးကို မင်းကွန်းနယ်မြေခံရဲစခန်းကို(ပ)၂၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး သားမယားပြုကျင့်ခံရတဲ့ကလေးငယ်ကို လာခေါ်တဲ့ မပုကိုတော့ မင်းကွန်းရဲစခန်းက မေးမြန်းစရာရှိမှ ခေါ်မယ်ဆိုပြီး ပြန်လွတ်ထားတယ်လို့သိရပါတယ်။ သားမယားပြုကျင့်ခံရတဲ ကလေးငယ်ကတော့ မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့ …
Read Moreပြည်ခိုင်ဖြိုးပါတီကို စွပ်စွဲတဲ့ပိုစ်ရှယ်မိလို့ ဇီးကုန်းမြို့ကအလှဖန်တီးရှင် ဆက်သွယ်ရေးဥပဒေနဲ့အမှုဖွင့်ခံရ
ဇီးကုန်း မေ ၁-၂၀၁၉ ဂျန်ကိုးလ်( VOM) ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ စ မပြင်ဆင်ရေး ဥပဒေပုဒ်မ၂၆၁ ပြင်ဆင်ပေးဖို့ ဇီးကုန်းမြိုမှာ ဧပြီလ၂၇ ရက်နေ့က ကြံ့ခိုင်ရေးပါတီကဦးဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ရာမှာ လူတစ်ဦး ၂၀၀၀ကျပ် ပေးရတယ်လို့ ညီသျှပ်အကောင့်ကပို့စ်ကို ဖြန့်ဝေခဲ့သူနတ်တလင်းမြို့က အလှဖန်တီးရှင် ကိုထိုက်ကို ဇီးကုန်းမြို့မစခန်းမှာ ကြံ့ခိုင်ရေးပါတီမြို့နယ်အတွင်းရေးမှုးက ဧပြီ၃၀ရက်နေ့မှာ အမှုဖွင့်လိုက်ပါတယ်။ “ဒီပိုစ့်နဲ့ပတ်သက်ပြီးတော့ ကျနော့်ကို ၆၈(က)နဲ့ ညိတယ်ဆိုပြီးတော့ တရားစွဲတာပါ။ ပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ ထူးခြားတယ်။ ဒီလိုမျိုးက တစ်ခါမှမကြားဘူးဖူး။ မြင်လည်းမမြင်ဘူးဖူး။ ကျနော် ကိုယ်တိုင်တင်တဲ့ ပိုစ့်လည်းမဟုတ်ဘူးလေ။ တစ်ခြားအကောင့်ကနေပြီးတော့ ကိုဖရန့်ထဲမှာရှိတဲ့သူက တင်လိုက်လို့ ကိုယ်ကပြန်ပြီးတော့ ဟုတ်သည်မဟုတ်သည် မှန်သည်မမှန်သည် ဆိုတာသိလိုတဲ့စိတ်နဲ့ ရှယ်လိုက်တာလေးတစ်ခုပဲရှိတယ်။ တကယ်ဆိုရင် အကောင့်ပိုင်ရှင်ကိုအမှုဖွင့်ရမှာ။ အဲတာကိုမဖွင့်ပဲနဲ့ ကျနော်တို့ဖွင့်တယ်…
Read Moreအလုပ်ရှင် အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်ဖို့အတွက် ရန်ကုန်တိုင်း အစိုးရလိုလား
ရန်ကုန် ၊မေ ၁-၂၀၁၉ သူရိန် ( VOM) အလုပ်ရှင် အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်ဖို့ အတွက် ရန်ကုန်တိုင်း အစိုးရက လိုလားတယ်လို့ မေ ၁ ရက်က လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာကွင်း၌ ၁၂၉ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး) အခမ်းအနား မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။ အလုပ်သမားနှင့် အလုပ်ရှင်ကြားက ဆက်ဆံရေးမှာဆိုရင် အချိန်ကာလတခုမှာ အလုပ်ရှင်တွေဘက်က အလုပ်သမား သမဂ္ဂတွေ ထူထောင်ပြီဆိုရင် ပြဿနာ ရှာမှာပဲလို့ ထင်တတ်ကြတယ်။ အခု နောက်ပိုင်းမှာ အလုပ်ရှင် တော်တော်များများက အလုပ်သမား သမဂ္ဂရှိတာက တစ်ဦးတစ်ယောက်ချင်းကို စကားပြော ရတာထက် ခေါင်းဆောင်ကိုပဲ စကားပြောလိုက်ရင် အဆင်ပြေသွားမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆ ပြောင်းလဲနေတဲ့ကာလဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်နိုင်ဖို့အတွက်ကြိုးစားနေပါတယ်။ အလုပ်ရှင်အလုပ်သမား…
Read Moreအမေရိကန် ရပ်တည်ချက်မပြောင်းရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယား သတိပေး
ဆိုးလ်၊ မေ-၁-၂၀၁၉ မျိုးဆက် (VOM) ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်လို့ အမေရိကန်က ရပ်တည်ချက်အသစ်တစ်ခုကို အခုနှစ်ကုန်မှာ မပြောင်းလဲဘူးဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၃၀ ရက်မှာ သတိပေးပြောဆိုလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီးယားစွန့်လွှတ်ဖို့အတွက် အပြန်အလှန်အားဖြင့် အရေးယူပိတ်ဆို့မှုတွေ လျှော့ချဖို့ သဘောတူညီချက် မရရှိခဲ့ပြီးနောက် အမေရိကန်အနေနဲ့ ပိုမိုပြောင်းလွယ်ပြင်လွယ်လုပ်ဖို့ အတွက် နောက်ဆုံးအချိန်ကိုအခုနှစ်ကုန်အထိ ကင်ဂျုံအန်က သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ကတော့ ကင်ဂျုံအန်ရဲ့ ဒီလို အချိန်သတ်မှတ်တာကို ပယ်ချလိုက်ပြီး ကင်ဂျုံအန်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ဖီဆန်ကာ နျူကလီးယားနဲ့ ဒုံးပျံအစီအစဉ်တွေကို နှစ်အတန်ကြာလုပ်ဆောင်ပြီးနောက် နျူကလီယားစွန့်လွှတ်ရေးသူရဲ့ ကတိက၀တ်ကိုသာ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။…
Read MoreM POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ့် ဟဲလေး
ရန်ကုန် မေ ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM) စမူဆာ သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရထားတဲ့ အဆိုတော် ဟဲလေးကတော့ M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ Melody World ၊ အိပ်မက်ဆုံရာတို့က ပြိုင်ပွဲတချို့မှာ ဧည့်သည်ဒိုင်အဖြစ်နဲ့ အရင်က လုပ်ခဲ့ဖူးပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။အိပ်မက်ဆုံရာ ပြိုင်ပွဲတစ်ခုမှာ Boy Band ၊ Girl Band ရွေးတဲ့အချိန်မှာ ကိုယ့်ကလည်း Boy Band တစ်ခုကလာတဲ့သူဆိုတော့ ၀င်ကူညီခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာက ပွဲရဲ့စီစဉ်သူနဲ့ ရင်းနှီးတာပါတယ်။ ဒီပြိုင်ပွဲက ပုံစံလေးတွေနည်းနည်းကွဲထွက်နေသလို၊ ဖိအားနည်းနည်း လျှော့ တယ်။ M POP Music Challenge ဆိုမယ် ၊ ကမယ်ဆိုတော့ ထူးခြားမှုလေးပါလို့ ကမ်းလှမ်းချိန်မှာ…
Read Moreရွေ့လျား ရေသန့်ကားနဲ့ အုတ်ဖိုမြို့နယ်မှာ ရေဂါလံ ၅၀၀၀ ခန့် ရေသန့်စင်ပေး
အုတ်ဖို မေ ၁-၂၀၁၉ မိုးယံ(ဇီးကုန်း) ပဲခူးတိုင်း အုတ်ဖိုမြို့နယ် သမန်းကုန်းအုပ်စု အုန်းနှဲရွာမှာ အိမ်ခြေ ၁၀၀ကျော် အသုံးပြုနေတဲ့ ပေ ၁၅၀ပတ်လည် သောက်သုံးရေကန်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်ကားနဲ့ ရေသန့်စင်ပေးခဲ့ပါတယ်။ `အုန်းတောရွာဟာ နှစ်စဉ် နွေရာသီကာလ ရေကန်အတွင်း ရေခမ်းခြောက်ပြီး ရွှံ့နွံတွေနဲ့ ရေတွေကညစ်ပတ်ပြီး တော့ အထဲမှာ ဘက်တီးရီးယားပိုးတွေက အားကြီးဖြစ်နေတဲ့အချိန်မှာ ဒီရေသန်ကားနဲ့လာသန့်ပေးတော့ သောက်ဖို့အတွက်အဆင်ပြေပြီး ရောဂါဘယတွေလည်းကင်းဝေးသွားတာပေါ့ ဘုန်းတော်ကြီးကျောင်းတွေလည်း ရေသန့်လှူလိုက်ရတယ်ပေါ့ အဲဒီအတွက်အများကြီး အကျိုးကျေးဇူးရပါတယ်´လို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါ်ခင်မာလာနွယ် က ပြောပါတယ်။ `ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရွေ့လျားရေသန့်ကားနဲ့ မိုးရေလှောင်ထားပြီးရေမသန့်ဘဲ ရောဂါဖြစ်နိုင်တဲ့ အုန်းနှဲရွာက ရေကန်ကိုရေသန့်စင်ပေးခဲ့ပါတယ် မနေ့က နံက် ၈နာရီကနေည ၁၁နာရီအထိ တစ်ခါနားရင် နာရီဝက်ဘဲနားပါတယ်ရေ…
Read Moreအိုင် တို့နဲ့ မပတ်သက်ပါကြောင်း
မေဒေးကာတွန်း #voiceofmyanmar #မေဒေး #ကာတွန်းသာလှ
Read Moreမြန်မာနဲ့ ကမ္ဘောဒီယားဟာ တရုတ်သစ္စာခံတွေမဟုတ်ဘူးလို့ ကမ္ဘောဒီးယားငြင်းဆို
ဖနွမ်းပင်၊ မေ-၁-၂၀၁၉ မျိုးဆက် (VOM) မြန်မာနဲ့ ကမ္ဘောဒီးယာနိုင်ငံတို့ဟာ တရုတ်နိုင်ငံရဲ့ သစ္စာခံတွေဆိုတဲ့ စွပ်စွဲပြောဆိုတာတွေနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၃၀ ရက်က ငြင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်ဆွေးနွေးပွဲအပြီးမှာ ကမ္ဘောဒီးယားနိုင်ငံကို သုံးရက်ကြာသွာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေချိန်မှာ နိုင်ငံရေး ဝေဖန်သူတစ်ချို့က တရုတ်သစ္စာခံနိုင်ငံတွေအဖြစ် စွပ်စွဲပြောဆိုနေကြတာဖြစ်ပါတယ်။ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ကို တရုတ်သစ္စာခံနိုင်ငံတွေအဖြစ် ပြည်ပက နိုင်ငံရေးဝေဖန်သူတွေက စွပ်စွဲပြောဆိုနေကြပြီး မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်မှု လုံးဝမရှိဘူးလို့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့တွေ့ဆုံခဲ့တဲ့ အဓိကအကြောင်းက တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက…
Read More