သကြားကို အရည်ဖျော်ပြီး တင်လဲရည်လို တရုတ်ကို တင်ပို့နိုင်

ရန်ကုန်၊ မေ -၂၄ – ၂၀၁၉ သူရိန် (VOM)   မြန်မာနိုင်ငံကထွက်ရှိတဲ့ သကြား​တွေ အတုံးအခဲလိုက်တင်ပို့တာကို တရုတ်​က လက်ခံခြင်းမရှိတဲ့အတွက်​အရည်ဖျော်ပြီး တင်လဲရည်အဖြစ်​ ပြောင်းလဲ တင်ပို့နိုင်တယ်​လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။   “တရုတ်က သကြားကို အတုံးအခဲလိုက် လက်မခံပေမယ့် သကြားဓာတ်က ၅၅ ရာခိုင်နှုန်း၊ ရေက ၄၅ ရာခိုင်နှုန်း အချိုးအစားနဲ့ အရည်ဖျော်ပြီး တင်လဲရည်အဖြစ်နဲ့ လက်ခံမယ်ဆိုတဲ့အတွက်ကြောင့် အခုဆို တင်လဲရည်စပ်တဲ့ စက်တွေလည်း ပေါ်လာပါပြီ။ ဒါကြောင့် သကြားလုပ်ငန်းရှင်တွေ၊ ကြံလုပ်ငန်းရှင်တွေအနေနဲ့ တရုတ်ဘက်က ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ အရည်အသွေး အမျိုးအစားကို လေ့လာပြီး ဆောင်ရွက်သင့်တယ်။” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်​။   တရုတ်နိုင်ငံက မြန်မာ့သကြားကို အရင်​လို ကုန်ကြမ်းတင်ပို့တာမျိုး လက်မခံဘဲ…

Read More

နျူထိပ်ဖူးတပ်ပြီးမိုင်၁၅၀၀အထိပစ်ခတ်နိုင်တဲ့ဒုံးပျံပါကစ္စတန်စမ်းသပ်အောင်မြင်

အစ္စလမ္မာဘက်၊မေ-၂၄-၂၀၁၉ မျိုးဆက်(VOM)   နျူကလီးယားထိပ်ဖူးကိုသယ်ဆောင်ပြီး  ပစ်ခတ်နိုင်တဲ့တိုက်ချင်းပစ်ဒုံးပျံတစ်စင်းကိုပါကစ္စတန်နိုင်ငံကမေ၂၃ရက်မှာအောင်မြင်စွာစမ်းသပ်လိုက်ပါတယ်။     Shaheen-II လို့အမည်ရတဲ့အဲဒီဒုံးပျံပစ်လွှတ်မှုကိုပါကစ္စတန်စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေလာရောက်ကြည့်ရှုခဲ့ပြီးအောင်မြင်မှုအတွက်သိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေကိုချီးကျူးစကားပြောဆိုခဲ့ကြပါတယ်။     စမ်းသပ်ပစ်လွှတ်လိုက်တဲ့ဒုံးပျံဟာအာရေဗီယံပင်လယ်အတွင်းကိုကျရောက်သွားခဲ့ပြီးမိုင်၁၅၀၀အထိပစ်ခတ်နိုင်တယ်လို့ပါကစ္စတန်စစ်ဘက်ကအခိုင်အမာဆိုပါတယ်။ဒီအကွာအဝေးဟာတင်းမာမှုတွေရှိနေတဲ့အိန္ဒိယနိုင်ငံအထိခြိမ်းခြောက်နိုင်ပါတယ်။   ယခင်ကထုတ်လုပ်ထားတဲ့Shaheen ဒုံးပျံကတော့တရုတ်နည်းပညာအပေါ်အခြေခံပြုလုပ်ထားတာဖြစ်ပြီး၂၀၁၄ခုနှစ်ကတည်းကအသုံးပြုနေခဲ့တာဖြစ်ပါတယ်။အငြင်းပွားဖွယ်ကက်ရှ်မီးယာဒေသမှာအကြမ်းဖက်တိုက်ခိုက်မှုကြောင့်အိန္ဒိယတပ်ဖွဲ့ဝင်၄၄ဦးသေဆုံးပြီးနောက်အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားယခုနှစ်အစောပိုင်းကစလို့တင်းမာမှုတွေမြင့်တက်နေပါတယ်။     အဲဒီတိုက်ခိုက်မှုကိုနောက်ကွယ်ကနေကြိုးကိုင်လုပ်ဆောင်ခဲ့တဲ့Masood Azhar ကိုကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်သမားအဖြစ်ကုလသမဂ္ဂကယခုလအတွင်းသတ်မှတ်ခဲ့ပါတယ်။   Ref: RT/UPI Photo : Getty Images   #voiceofmyanmar #ပါကစ္စတန် #နျူထိပ်ဖူး #ဒုံးပျံ

Read More

ကုန်​သည်​များမှ သတ်​မှတ်​​ဈေး​အောက်​ နှိမ်​ချဝယ်​ယူ​နေသည်​ဆိုကာ ​တောင်​သူများ ဆန္ဒထုတ်​​ဖော်

ဇီးကုန်း​ ​မေ ၂၄ – ၂၀၁၉ မိုးယံ (VOM)   ဆန်ကုန်သည်များအနေနဲ့ မြန်​မာနိုင်​ငံ ဆန်​စပါးအသင်းချုပ်က သတ်​မှတ်​ထား​တဲ့ စပါးဈေး ငါးသိန်း ​ဈေး​အောက်​ နှိမ်​ချဝယ်​ယူနေတာကြောင့် ကျေနပ်မှုမရှိလို့ဆိုပြီး တောင်သူငါးရာလောက်ဟာ ဒီနေ့ မနက်က ဇီးကုန်းမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။   “ကျမတို့လယ်သမားတွေမှာ စပါး ၅၀/၅၁ ပေါင် ကို ၄၂၀၀၀၀ ကျပ်နဲ့ ရောင်းချနေရတယ်။ အဲဒီအတွက် လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေနိမ့်ကျခဲ့တယ်။ ကလေးတွေ ပညာရေးမှာလည်း အခက်တွေ့နေရပါတယ်။ လယ်တစ်ဧကကုန်ကျငွေက ၃၂၀၀၀၀ ကျပ် ဆိုတော့ အရှုံးပေါ်နေပါတယ်။ ဒါကြောင့် အခုလိုဆန္ဒပြရခြင်း ဖြစ်ပါတယ်။” လို့ ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းရွာ တောင်သူ မမာလာအောင်က ပြောပါတယ်။   ​တောင်​သူလယ်​သမားများအား ဂုတ်​​သွေးစုပ်​ အမြတ်​ထုတ်​​နေ​သော ကုန်​သည်​ကြီးများရဲ့လုပ်​ရပ်​များ အလိုမရှိ၊ နိုင်​ငံ​တော်​မှ သတ်​မှတ်​ထား​သော…

Read More

ရတနာပုံမ် ရွှေမြို့တော်(မန္တလေး) မြို့တည် နန်းတည် နှစ်(၁၆၀)ပြည့် အခမ်းအနား ကျင်းပ

မန္တလေး၊မေ၂၄-၂၀၁၉ ဟိန်းကို(VOM)   မင်းတုန်းမင်းတရားကြီးတည်ထောင်ခဲ့တဲ့ရတနာပုံမ်ရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည်နှစ်(၁၆၀)ပြည့်အခမ်းအနားကိုမြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံးကဦးဆောင်ပြီးဒီကနေ့နံနက်ပိုင်းကမန္တလေးနန်းမြို့တွင်းမြနန်းစံကျော်ရွှေနန်းတော်အရှေ့စမုခ်ဆောင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။   ရတနာပုံမ်ရွှေမြို့တော်(မန္တလေး) မြို့တည်နန်းတည်နှစ်(၁၆၀)ပြည့်အနေ့ဖြင့်ပင့်သံဃာ(၁၀၈)ပင့်ဖိတ်ကာလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ပါတယ်။   နှစ်(၁၆၀)ပြည့်ပွဲတော်ကိုမေလ(၂၄)ရက်နေ့မှမေလ(၂၆)ရက်နေ့အထိ၃ရက်ကျင်းပသွားမှာဖြစ်ပါပြီးပထမနေ့တွင်မြနန်းစံကျော်ရွှေနန်းတော်ကြီးပေါ်တွင်ပင့်သံဃာ(၁၀၈)ပါးအားဆွမ်းကပ်လှူဒါန်းပူဇော်ခြင်း၊ညနေပိုင်းတွင်နှစ်၁၆၀ပြည့်အထိမ်းအမှတ်မုခ်ဦးဖွင့်လှစ်ခြင်း၊ဒုတိယနေ့ညနေပိုင်းတွင်မန္တလေးတောင်ခြေ၌ပင့်သံဃာ(၁၆၀)အားဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊တတိယနေ့တွင်အမျိုးသားကဇာတ်ရုံမှာစာပေဟောပြောပွဲကျင်းပမယ့်အပြင်ပန်းချီပြပွဲ၊ဓာတ်ပုံပြပွဲ၊လူထုဖျော်ဖြေပွဲ၊ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။   #voiceofmyanmar #မန္တလေး #နှစ်(၁၆၀)ပြည့်အခမ်းအနား #ရတနာပုံ #ရတနာပုံမ် #မန္တလေး #မြို့တည်နန်းတည်

Read More

ခြောက်လကြာ အမှုဖွင့်ထားပေမယ့် တရားစွဲတင်မှုမရှိသေးတာ လွှတ်တော်ကိုယ်စားလှယ်အမေဖြစ်နေလို့လား မေးခွန်းထုတ်စရာဖြစ်

ပန်းတောင်းမြို့၊ မေ -၂၃ – ၂၀၁၉ ဂျန်ကိုးလ် (VOM)   ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမေဖြစ်သူက ရေနွေးပူလောင်းတာ ခံခဲ့ရသူဟာ ရဲစခန်းမှာအမှုဖွင့်ထားတာ ၆လလောက် ကြာပြီဖြစ်ပေမယ့် ခုချိန်ထိ တရားရုံးကိုအမှု မစွဲတင်သေးဘူးလို့ သိရပါတယ်။   ပဲခူးတိုင်းအနောက် ပြည်ခရိုင် ပန်းတောင်းမြို့မှာ ၂၀၁၈ နိုဝင်ဘာ၂၄ ရက်က လွှတ်တော် ကိုယ်စားလှယ်ရဲ့မိသားစုပိုင်တဲ့ ရွှေဆိုင်မှာ အပ်ထားတဲ့ရွှေလက်စွပ်ကို ရွှေအရည်မပြည့်လို့ ပြန်ပြင်ခိုင်းထားရာကနေ ချိန်းထားတဲ့ရက်မတိုင်မီတရက်မှာ သွားရွေးတဲ့အခါ အိမ်ရှင်ဖြစ်သူ ဒေါ်ညွန့်ညွန့်က ဒေါ်မိုးသူဇာကို ရေနွေးပူနဲ့ လောင်းချခဲ့တာလို့ သိရပါတယ်။   ရေနွေးပူနဲ့လောင်းသူဟာ ပန်းတောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ရဲ့အမေဖြစ်နေလို့ အမှုကြန့်ကြာနေရတာလို့ ကာယကံရှင် မိသားစုက သံသယဖြစ်နေပါတယ်။   အမှုကို ကိုင်တွယ်တဲ့နေတဲ့ အမှုစစ်အရာရှိ ဒုရဲအုပ်ပြည့်ဖြိုးဝင်းကတော့“ကျနော်တို့မှာလည်း အခြားအလုပ်ကိစ္စတွေ၊ တာဝန်တွေကြောင့် ကြန့်ကြာရခြင်းဖြစ်ပါတယ်။ ပြီးတော့ မမိုးသူဇာရဲ့ ရုပ်ဆင်းအင်္ဂါ…

Read More

 ကျောက်စိမ်းလုပ်ကွက်သုံး လမ်းကိုရက်အကန့်အသတ်မရှိ ပိတ်ဆို့ ဆန္ဒပြ

ဖားကန့် မေ ၂၃-၂၀၁၉ ရန်အောင်ထွန်း(VOM) ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီ လေးခုရဲ့ မြေစာစွန့်ပစ်မှုကြောင့် ဖားကန့်မြို့နယ် ဝှေခါ(လခူးချောင်း) ရပ်ကွက် ၆ မြေသားနိမ့်ကျလာသကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ရပ်ကွက်နေပြည်သူ ၄၀ ကျော်က မေလ ၂၃ ရက် မနက်က ကျောက်စိမ်းလုပ်ကွက် အဝင်လမ်းကို ပိတ်ဆို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ပိတ်ဆို့ထားတဲ့ လမ်းမကို မြန်မာ့ဂုဏ်ရည်၊ ကျောက်စိမ်းမင်း၊ ကျောက်စိမ်း သစ်ရွက်နဲ့ ကျောက်စိမ်းဝင်ကမ္ဘာ ကုမ္ပဏီတွေ အသုံးပြု လုပ်ကိုင်နေကြနယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အဲ့ဒီကုမ္ပဏီလုပ်ကွက်က မြေစာစွန့်ပစ်မှုတွေကြောင့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရပ်ကွက်(၆)၊ လဂူးချောင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်ကလည်း အိမ်တွေအက်ကွဲပြိုကျတာတွေရှိခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး အိမ်တွေအက်ကွဲလာတာဟာ ပြိုကျတော့မယ့် အနေအထားရောက်နေပြီလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။   ဖားကန့်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ဆန္ဒထော်ထုတ်သူတွေဟာ ဒေသခံတွေမဟုတ်ဘဲ တခြားနေရပ်ဒေသကနေ လာရောက်သူတွေလို့…

Read More

အဖေဖြစ်သူကို ဖမ်းမမိလို့ သားဖြစ်သူ ၉ တန်းကျောင်းသားကို ရဲကဖမ်း

မန္တလေး မေ – ၂၄ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေဟာ ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့တဲ့အတွက် အချို့ကိုပုဒ်မ အမျိုးမျိုးနဲ့ အမှုဖွင့်ထားရာ ဦးရွှေအုန်းဆိုသူလည်း အမှုဖွင့်ခံထားရပြီး   ဦးရွှေအုန်းကို ဖမ်းမမိသေးတာကြောင့်  ဒီနေ့မနက်ပိုင်းမှာ သားဖြစ်သူ ကိုးတန်းကျောင်းသားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။   ဦးရွှေအုန်ရဲ့သားကို ဖမ်းသွားတုန်းမှာ အတူရှိနေခဲ့တဲ့ သူငယ်ချင်းတွေက “ပထမတော့ တစ်ယောက်တည်း၊သူက  ဓါတ်တိုင်နဲ့ကွယ်ပုန်းနေတာ။ ကျနော်တို့လည်းရောက်ရော ဆိုင်ကယ်ကို သော့ဖြုတ်သွားတယ်။ ဒီထဲမှာ ဦးရွှေအုန်းသားပါလားလို့မေးတယ်။ ပြီးတော့ ဘယ်သူ့ဆီမှန်းမသိဘူး သူက ဖုန်းတွေဆက်တယ်။ အစက လာကြည့်ခိုင်းတယ်၊ ပြီးမှလာမကြည့်နဲ့တော့ ပုံပဲ ပို့လိုက်ဆိုပြီး အဲဒါနဲ့ ဖမ်းသွားတယ်။” လို့ ဆိုပါတယ်။   ကျောင်းသုံးစာအုပ်နဲ့ လိုအပ်တာတွေ ၀ယ်ဖို့ သူငယ်ချင်းသုံးယောက်  ရွာအပြင်ထွက်စဉ်…

Read More

အပြန်​အလှန်​နားလည်​မှုဆိုတာ​ ပေါင်းရိုက်​စားခိုင်းတာမဟုတ်​ဘူး

နေပြည်တော် မေ ၂၄-၂၀၁၉ ကိုထွန်း     မေလ၂၄ရက်​​နေ့ ဒီနေ့မနက်က နေပြည်​​တော်​​ကောင်​စီဇမ္ဗူသီရိခန်းမ​ဆောင်​မှာ နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​နဲ့ နေပြည်​​တော်​ပြည်​​ထောင်​စုနယ်​​မြေအတွင်းရှိဌာနဆိုင်​ရာဝန်​ထမ်းတွေ တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။   အဲဒီတွေ့ဆုံပွဲမှာ သမ္မတဦးဝင်းမြင့်က “အပြန်​အလှန်​နားလည်​မှုနဲ့လုပ်​ပါ၊ အပြန်​အလှန်​နားလည်​မှုဆိုတာ​ ပေါင်းရိုက်​စားခိုင်းတာမဟုတ်​ဘူးကိုယ်​ချင်းစာတရားထားရမယ်​၊ နိုင်​ငံ​ရေး၊ တရားဥပ​ဒေကအစ တရားမျှတမှုထားရမယ်​၊ ကိုယ်​ကိုတိုင်​ပြုပြင်​​ပြောင်းလဲမှသူတစ်​ပါးကိုပြုပြင်​နိုင်​မှဖြစ်မယ် အ​မေရိကန်​သမ္မတ ဂျွန်​အက်ဖ်​က​နေဒီ​ပြောခဲ့သလိုနိုင်​ငံ​တော်​က သင့်​ကိုဘာလုပ်​​ပေးမလဲဆိုတာထက်​ နိုင်​ငံ​တော်​အတွက်​သင်​ဘာလုပ်​ပေးမလဲဆိုတဲ့စကားလိုနိုင်​ငံ​တော်​အတွက်​ဘာလုပ်​​ပေးနိုင်​မလဲစဉ်းစားကြပါ၊ ရတဲ့လစာ၊ အ​ဆောင်​အ​ယော​င်​ကို သာယာမက်​​မောမ​နေကြဖို့​ပြောကြားလိုပါတယ်​၊​၊​နောင်​ခါလာ​နောင်​ခါ​ဈေးမထားခဲ့ကြပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။   ဒီတွေ့ဆုံပွဲမှာ နေပြည်တော်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေထဲက  ဦးစီးမှူးအထက် အရာရှိ ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။   #voiceofmyanmar  #နေပြည်တော် #နိုင်ငံတော်သမ္မတ #ဦးဝင်းမြင့် #ဌာနဆိုင်ရာဝန်ထမ်း #အပြန်အလှန်နားလည်မှုဆိုတာပေါင်းစာဖို့မဟုတ်      

Read More

အလုပ်ရှင်တွေရဲ့မတရားခေါင်းပုံဖြတ်မှုကို အလုပ်သမားတွေ ခံနေရဆဲဖြစ်

ရန်ကုန် ၊ မေ – ၂၄ – ၂၀၁၉ သိင်္ဂီ (VOM)   အလုပ်ရှင်တွေရဲ့မတရားခေါင်းပုံဖြတ်မှုကို  တွန်းလှန်ပြီး တောင့်ခံချင်ပေမယ့် နောက်ခံအင်အားမရှိသလို အစိုးရဘက်ကလည်း ကူညီဖြေရှင်းပေးမှု အားနည်းတာတွေကြောင့်  အလုပ်သမားအများစုဟာ အလုပ်ရှင်တွေရဲ့ မတရားဖိနှိပ်မှုကို ခံနေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Action Labor Rights အဖွဲ့က ဆိုပါတယ်။   ဒီအခြေအနေတွေကို ရန်ကုန်မှာရှိတဲ့ စက်ရုံတော်တော်များများက အလုပ်သမားအားလုံးနီးပါး ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။   “ဘယ်လိုပဲရေရှည်တိုက်ပွဲပြောပါစေ၊ အလုပ်သမားတွေအနေနဲ့ တင်းမခံနိုင်ကြဘူး။ အလုပ်ရှင်ကို မကျေနပ်လို ဆန္ဒပြနေပေမယ့် တောင့်မခံနိုင်ဘူး၊ရံပုံငွေလည်းမရှိဘူး။ ဒီတော့ နောက်ဆုံးမှာ လုပ်ငန်းခွင်ပြန်ဝင်ကြတယ်။ ရန်ကုန်စက်ရုံ တော်တော်များများမှာ တွေ့ရတယ်။ စက်ရုံနှစ်ရုံ တွဲရှိတဲ့စက်ရုံတွေဆို ပိုဆိုးတယ်။ ဥပဒေမှာကိုကလည်း လုပ်ခလစာတိုးမြှင့်ပေးရမယ်ဆိုတာပဲပါတယ်။ ဘယ်လောက်ဆိုတာမပါဘူး။ အလုပ်သမားတွေ ဆန္ဒပြနေတာ အားနေလို့တော့မဟုတ်ဘူး။ ကိုယ့်လူတွေပဲအမြဲခံနေရတယ်။ အစိုးရကလည်း…

Read More

အိန္ဒိယ ရွေးကောက်ပွဲရလဒ် ၀န်ကြီးချုပ်မိုဒီရဲ့ အာဏာရပါတီဦးဆောင်နေ

ဒေလီ၊ မေ-၂၃-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပြီး မဲရေတွက်ရာမှာတော့ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် မိုဒီရဲ့ အာဏာရ ဘီဂျေပီပါတီက ရှေ့ဆုံးကနေ ဦးဆောင်နေပါတယ်။   ၀န်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ အောင်ပွဲခံ အနိုင်ရခဲ့သလို အခုရွေးကောက်ပွဲမှာလည်း အမတ်နေရာအများစုကို ဆက်လက်ရရှိမယ့် လက္ခဏာ ရှိနေပါတယ်။   ၀န်ကြီးချုပ်မိုဒီဟာ ပြန်လည်ခေါင်းထောင်လာတဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီနဲ့ အင်အားကြီး ဒေသတွင်းပြိုင်ဘက်တွေရဲ့ ယှဉ်ပြိုင်မှုတွေကို နိုင်ငံတစ်ဝန်း ရင်ဆိုင်နေရပါတယ်။   ရက်သတ္တပတ်ခြောက်ပတ်ကြာ အိန္ဒိယ အထွေထွေရွေးကောက်ပွဲ နောက်ဆုံးအဆင့်ကို မေ ၁၉ ရက်က ကျင်းပပြီးနောက် ဆန္ဒမဲတွေကို မေ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ရှစ်နာရီမှာ စတင်ရေတွက်နေတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ၀န်ကြီးချုပ်မိုဒီအတွက်တော့ ဆန္ဒခံယူပွဲတစ်ရပ်အဖြစ်…

Read More
VOM News

FREE
VIEW