ကွာရှင်းပြီးကာစ လင်မယားရန်ဖြစ်ပြီး ယောကျာ်းဖြစ်သူက မိန်းမကို ဓါးနဲ့ထိုးသတ်

စစ်ကိုင်း၊ ဇွန် – ၃ -၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကွာရှင်းထားတဲ့ ဇနီးဖြစ်သူကို ခင်ပွန်းက စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်အနီး စစ်ကိုင်းမြို့မဈေးမှာ ဒီနေ့မနက် ၆ နာရီလောက်က ဓါးနဲ့ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

 

“သူတို့ နှစ်ဦးမှာ မိန်းမက ဖောက်ပြန်တဲ့အတွက် လွန်ခဲ့တဲ့ ၂ ရက် သောကြာနေ့က ကွာရှင်းခဲ့တာ။ သူတို့မှာ ကလေးသုံးယောက်ရှိတယ်။ မိန်းမက ကလေးအငယ်နှစ်ယောက် မပေးချင်ဘူး။ အဲဒါနဲ့ အငယ်နှစ်ယောက်ကို လိုချင်တယ်နဲ့ ဘာနဲ့ စကားများပြီး  ယောကျာ်းဖြစ်သူက သားသတ်ရုံက ပြန်လာတာဆိုတော့ဓါး ကလည်း အသင့်ပါလာတယ်။ အဲ့ဒါနဲ့ ထိုးပစ်လိုက်တာဖြစ်တယ်။”လို့ စစ်ကိုင်းမြို့မစခန်းမှူး ဒုရဲမှူး ခိုင်စိုးထွန်းက ပြောပါတယ်။

 

စစ်ကိုင်းမြို့မဈေး ၂၄ နာရီ ပျံကျဈေးမှာ မိုးဇာရပ်ကွက်နေ  ကိုစိုးနိုင်ဦး (၃၃)နှစ်နဲ့ ပန်းဘဲတန်းရပ်ကွက်နေ မဇင်မာဝင်း (၃၂)နှစ်တို့ စကားများပြီး မဇင်မာဝင်းမှာ ရင်ညွန့်ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ဂုတ်ပိုး ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ဝဲတံတောင်ရင်း ထိုးသွင်း ဒဏ်ရာတစ်ချက် အောက်နှုတ်ခမ်း ပြတ်ရှဒဏ်ရာတို့နဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ပက်သက်ပြီး စစ်ကိုင်းမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ကိုစိုးနိုင်ဦး ကို (ပ) (၆၁၅/၂၀၁၉)  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ကွာရှင်းပြီးကာစလင်မယားရန်ဖြစ် #မိန်းမကိုဓါးနဲ့ထိုးသတ်  #စစ်ကိုင်း

ဓါတ်ပုံ – သုခကာရီ လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW