လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှု ဖိလစ်ပိုင်ပယ်ချ

မနီလာ၊ ဇွန်-၈-၂၀၁၉

မျိုးဆက် (VOM)

 

ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ဖို့  တိုက်တွန်းချက်ကို ဖိလစ်ပိုင်နိုင်ငံက ဇွန် ၈ ရက်မှာ ပယ်ချလိုက်ပါတယ်။

 

ကုလသမဂ္ဂကနေ ဒီလိုစုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်တာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာလို့လည်း ဖိလစ်ပိုင်နိုင်ငံက တုံ့ပြန်ပြောဆိုပါတယ်။

 

လူ့အခွင့်အရေး ကာကွယ်သူတွေကို သတ်ဖြတ်တာတွေအပါအ၀င် မူးယစ်နှိမ်နင်းရေးခေါင်းစဉ်အောက်မှာ ဥပေဒေနဲ့ မညီညွတ်တဲ့ သေဆုံးမှုတွေ၊ သတ်ဖြတ်မှုတွေရဲ့ တုန်လှုပ်ဖွယ် အရေအတွက်ကို စစ်ဆေးဖို့အတွက် ဇွန် ၇ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို လူ့အခွင့်အရေးကျွမ်းကျင်သူတွေက တိုက်တွန်းခဲ့ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံအပေါ် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဖို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ၁၁ ဦးရဲ့ နောက်ဆုံးတိုက်တွန်းချက်ဟာ စဉ်စားတွေးခေါ်မှု၊ အသိဥာဏ်ဆိုင်ရာ စိန်ခေါ်မှုသာမကဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အဓမ္မ ၀င်ရောက်စွက်ဖက်တာဖြစ်တယ်လို့ သမ္မတ ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဗေးဒေါပါနီလိုက ကြေညာချက်မှာ ပြောပါတယ်။

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြီးခဲ့တဲ့ သုံးနှစ်က အာဏာရပြီးကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ သုံးစွဲသူလို့ သံယသယရှိသူ ၅၃၀၀ ကျော်သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုကို ကြီးကြပ်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ ဒီထက်သုံးဆပိုနိုင်တယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ပြောဆိုထားပါတယ်။

Ref : CNA

Photo: AFP

 

#voiceofmyanmar #လူ့အခွင့်အရေးချိုးဖောက်မှုအတွက်ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုဖိလစ်ပိုင်ပယ်ချ # မနီလာ #

Related posts

Leave a Comment

VOM News

FREE
VIEW