အောင်သပြေရွာသားတစ်ဦး ထောင်တွင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်

မန္တလေး၊ ဇွန် ၈-၂၀၁၉

ဟိန်းကို(VOM)

 

အောင်သပြေရွာသား ဦးထွန်းမြင့်ဝင်း ဖမ်းဆီးခံရပြီး (၃)ရက်အကြာမှာ  မန္တလေး၊ အိုးဘိုအကျဉ်းထောင်အတွင်း  သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်ဘက်ကနေ ဒီကနေ့နံနက်ပိုင်းက မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 

အောင်သပြေကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုပြီး ဦးထွန်းမြင့်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့နဲ့ အမှုဖွင့်ကာ ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ဖမ်းဆီးစစ်ဆေးနေဆဲကာလ ဇွန်လ ၅ ရက် မနက်ပိုင်းမှာ အိုးဘိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

 

အကျဉ်းထောင်တွင်း သေဆုံးသွားသူဟာ အရက်ကြောင်ကြောင်ပြီး အဖျားကြီးကာ ထောင်တွင်းဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားတယ်လို့ အကျဉ်းဦးစီးက ထုတ်ပြန်ထားတာကို ကျေနပ်မှုမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

#voiceofmyanmar#အောင်သပြေရွာသားထောင်တွင်းသေဆုံမှု#သတင်းစာရှင်းလင်းပွဲ#မန္တလေး#

Related posts

Leave a Comment

VOM News

FREE
VIEW