နှစ်(၁၈၀)သက်တမ်းရှိ ရှေးဟောင်းကျွန်းကုတင်နဲ့ ကျွန်းသေတ္တာကို ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ်ရ

မန္တလေး၊ဇွန် ၁၁-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ နေထိုင်တဲ့ ဦးစိုးဝင်းမြင့် ဆိုသူဟာ နှစ်ပေါင်း(၁၈၀)သက်တမ်းရှိ ရှေးဟောင်း ကျွန်းကုတင်(၁)လုံးနဲ့ ကျွန်းသေတ္တာ(၁)လုံးကို ထိန်းသိမ်းဖို့ ရှေးဟောင်းဝတ္ထုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ်ကို ဒီနေ့ မနက်ပိုင်းက ရရှိခဲ့ပါတယ်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေး ဥပဒေ(၃၁)ခ အရ ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar# နှစ်(၁၈၀)သက်တမ်းရှိရှေးဟောင်းပစ္စည်းကို ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ်ရ#မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW