ရိုဟင်ဂျာ ၆၅ ဦးကို မလေးရှားပို့မယ့် သင်္ဘောကပ္ပတိန် ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ ဇွန်-၁၃-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံက ရိုဟင်ဂျာ ၆၅ ဦးကို လူကုန်ကူးမှုနဲ့ ထိုင်းနိုင်ငံသား သင်္ဘောကပ္ပတိန်တစ်ဦးကို ထိုင်းရဲတွေက တရားစွဲဆိုလိုက်တယ်လို့ ဇွန် ၁၃ ရက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

 

ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ သူ့ရဲ့သင်္ဘောဟာ ထိုင်းနိုင်ငံတောင်ပို်င်း ကမ်းရိုးတန်းမှာ ပျက်ပြီး သောင်တင်နေတာကို ရဲတွေက တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

 

အထောက်အထားမဲ့ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ သင်္ဘောကို Satun ပြည်နယ်က ကျွန်းတစ်ကျွန်းမှာ ဇွန် ၁၁ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပြီး သင်္ဘောကပ္ပတိန်ဟာ ရနောင်းမှာနေထိုင်တဲ့ ဆန်ခွန်ဖဟန်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

 

ရိုဟင်ဂျာတွေကို ရေလမ်းကြောင်းနဲ့ မလေးရှားပို့ဖို့ မြန်မာအမျိုးသားတစ်ဦးကနေ သူ့ကို ဘတ် တစ်သိန်းနဲ့ ငှားရမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို လူကုန်ကူးမှုနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

 

တွေ့ရှိခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်တွေလား တရားမ၀င်လုပ်သားတွေလားဆိုတာကို သိရှိဖို့ စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြင့်ဖို့ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထောက်လှမ်းရေးအဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

ရိုဟင်ဂျာ ၆၅ ဦးထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်းပါဝင်ပြီး လက်ရှိမှာတော့ သူတို့ကို Satun ပြည်နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

 

Ref:CNA

Photo : The Nation

 

#voiceofmyanmar  #ထိုင်း #ရိုဟင်ဂျာ #မလေးရှား #မြန်မာရိုဟင်ဂျာ #သဘောင်္ကပ္ဗတိန်

Related posts

Leave a Comment

VOM News

FREE
VIEW